(Unicode)


လာမည့် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် တစ်ကိုယ်တော် အင်အားဖြင့်သာ မိမိယှဉ်ပြိုင်မည့်ဒေသ အတွင်း နေရာအနှံ့ လှည့်လည် မဲဆွယ်သွားရမည် ဖြစ်ကြောင်း 7 Day Hero Awards 2019 ဆုရ ထားသော ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် က ပြောသည်။ဦးမိုးရန်နိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာ အတွက် ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တွင် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ လတ်တလောအနေအထားတွင် တစ်ဦးတစ်ယောက်တည်းအင်အားဖြင့်သာ အတတ်နိုင်ဆုံး ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်




“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှာလည်း ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ပြီး ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ ရှုံးတာပေါ့။ မဲဆွယ်ကာလမှာတော့ ကျွန်တော်က ကိုယ်ပြိုင်မယ့် ဒေသက ရွာတွေကို မကျန်အောင် သွားမှာပါ။ ကိုယ်တတ် နိုင်တဲ့ အင်အားနဲ့ ကြိုးစားပြီး တစ်ယောက်တည်းသွားမှာပါ။ ဝန်းရံပံ့ပိုးပေးသူတွေလည်း ပါရင်ပါလာမှာပေါ့။ ဒါက သွားရင်းစည်းရုံးရင်းနဲ့ ဖြစ်လာမှာပေါ့။ လောလောဆယ် ကျွန်တော်ကတော့ တစ်ယောက်တည်း ကိုယ်နိုင်တဲ့ အတိုင်းအတာကနေ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ဦးမိုးရန်နိုင်က ပြောသည်။


တစ်သီးပုဂ္ဂလအဖြစ် ပြိုင်ခြင်းမှာ သွက်သွက်လက်လက် လျင်လျင် မြန်မြန်ဖြင့် ပြည်သူကို တိုက်ရိုက်ထိတွေ့နိုင်ကြောင်း၊ အနိုင်ရလာပါက လိုအပ်ချက်များကို လျင်လျင်မြန်မြန် တင်ပြနိုင်ကာ ပြည်သူကို များစွာအကူအညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ “အခုအချိန်မှာ ဘယ်ဟာအဓိက၊ ဘယ်ဟာသာမညဆိုတာ ခွဲခြားဖို့ ခဲယဉ်းပါသေးတယ်။ စောပါသေးတယ်။ အနိုင်ရလာလို့ရှိရင်တော့ ပြည်သူလူထုနဲ့ ထပ်မံတွေ့ဆုံပြီး ဘယ်ဟာအဓိက၊ သာမညဆိုတာ၊ ဘယ်ဟာ ဦးစားပေး (၁)၊ (၂)၊ (၃) စသည်ဖြင့် ဒါတွေက ဆင့်ကဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကထားပြီး ယှဉ်ပြိုင်ရမှာတော့ လက်ရှိအစိုးရရဲ့ ပါတီပေါ့ဗျာ။ အင်န်အယ်လ်ဒီပါတီကို အဓိကထားပြီး ပြိုင်ရ လိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့မြို့မှာ ပြိုင်မှာတွေက တော်တော်များတယ်၊ တစ်သီးပုဂ္ဂလအပါအဝင် ရှစ်ဦး လောက်ရှိမယ်”ဟု ပြောသည်။



ဦးမိုးရန်နိုင်မှာ ရိုက်တာ သတင်းထောက်နှစ်ဦးအမှုတွင် သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုချက်ပေးခဲ့သူဖြစ်ကာ ဒုရဲမှူးရာထူးမှ ဖြုတ်ချခံရပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ “ကျွန်တော့်အားသာချက်က ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ မကြောက်မရွံ့နဲ့ အမှန်တရားနဲ့ပတ်သက်ရင် ပွင့်ပွင့် လင်းလင်းပြောရဲ ဆိုရဲရှိတာပဲ။ အားနည်းချက်ကတော့ ကိုယ့်ကိုယ်ကိုယ်က ရှာမတွေ့ဘူးဗျာ၊ ဒါကတော့ ပြောရခက်ပါတယ်။ အားနည်းချက်က ရှိမှာပဲ။ အောင်နိုင် ရေးကတော့ အကောင်းဆုံးကြိုးစားမှာပဲ။ အောင်မြင်မယ်လို့ ယုံကြည်တာပဲ။ အဖြေကတော့ စောင့်ကြည့်ရမှာပဲ”ဟု ပြောသည်။

မြန်မာတိုင်းမ်


(Zawgyi)


လာမည့္ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလတြင္ တစ္ကိုယ္ေတာ္ အင္အားျဖင့္သာ မိမိယွဥ္ၿပိဳင္မည့္ေဒသ အတြင္း ေနရာအႏွံ႔ လွည့္လည္ မဲဆြယ္သြားရမည္ ျဖစ္ေၾကာင္း 7 Day Hero Awards 2019 ဆုရ ထားေသာ ဒုရဲမႉးေဟာင္း ဦးမိုးရန္ႏိုင္ က ေျပာသည္။ဦးမိုးရန္ႏိုင္သည္ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာ အတြက္ ခင္ဦးၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂) တြင္ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ကာ လတ္တေလာအေနအထားတြင္ တစ္ဦးတစ္ေယာက္တည္းအင္အားျဖင့္သာ အတတ္ႏိုင္ဆုံး ႀကိဳးပမ္းသြားရမည္ျဖစ္ေၾကာင္း ၎က ေျပာသည္


“အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ မွာလည္း ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာတင္ၿပီး ၿပိဳင္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ရလဒ္ကေတာ့ ရႈံးတာေပါ့။ မဲဆြယ္ကာလမွာေတာ့ ကြၽန္ေတာ္က ကိုယ္ၿပိဳင္မယ့္ ေဒသက ႐ြာေတြကို မက်န္ေအာင္ သြားမွာပါ။ ကိုယ္တတ္ ႏိုင္တဲ့ အင္အားနဲ႔ ႀကိဳးစားၿပီး တစ္ေယာက္တည္းသြားမွာပါ။ ဝန္းရံပံ့ပိုးေပးသူေတြလည္း ပါရင္ပါလာမွာေပါ့။ ဒါက သြားရင္းစည္း႐ုံးရင္းနဲ႔ ျဖစ္လာမွာေပါ့။ ေလာေလာဆယ္ ကြၽန္ေတာ္ကေတာ့ တစ္ေယာက္တည္း ကိုယ္ႏိုင္တဲ့ အတိုင္းအတာကေန အစြမ္းကုန္ႀကိဳးစားသြားမွာပါ”ဟု ဦးမိုးရန္ႏိုင္က ေျပာသည္။


တစ္သီးပုဂၢလအျဖစ္ ၿပိဳင္ျခင္းမွာ သြက္သြက္လက္လက္ လ်င္လ်င္ ျမန္ျမန္ျဖင့္ ျပည္သူကို တိုက္႐ိုက္ထိေတြ႕ႏိုင္ေၾကာင္း၊ အႏိုင္ရလာပါက လိုအပ္ခ်က္မ်ားကို လ်င္လ်င္ျမန္ျမန္ တင္ျပႏိုင္ကာ ျပည္သူကို မ်ားစြာအကူအညီေပးႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာသည္။ “အခုအခ်ိန္မွာ ဘယ္ဟာအဓိက၊ ဘယ္ဟာသာမညဆိုတာ ခြဲျခားဖို႔ ခဲယဥ္းပါေသးတယ္။ ေစာပါေသးတယ္။ အႏိုင္ရလာလို႔ရွိရင္ေတာ့ ျပည္သူလူထုနဲ႔ ထပ္မံေတြ႕ဆုံၿပီး ဘယ္ဟာအဓိက၊ သာမညဆိုတာ၊ ဘယ္ဟာ ဦးစားေပး (၁)၊ (၂)၊ (၃) စသည္ျဖင့္ ဒါေတြက ဆင့္ကဲေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ အဓိကထားၿပီး ယွဥ္ၿပိဳင္ရမွာေတာ့ လက္ရွိအစိုးရရဲ႕ ပါတီေပါ့ဗ်ာ။ အင္န္အယ္လ္ဒီပါတီကို အဓိကထားၿပီး ၿပိဳင္ရ လိမ့္မယ္လို႔ ယူဆပါတယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ၿပိဳင္မွာေတြက ေတာ္ေတာ္မ်ားတယ္၊ တစ္သီးပုဂၢလအပါအဝင္ ရွစ္ဦး ေလာက္ရွိမယ္”ဟု ေျပာသည္။


ဦးမိုးရန္ႏိုင္မွာ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦးအမႈတြင္ သတင္းေထာက္ႏွစ္ဦးကို ေထာင္ေခ်ာက္ဆင္ဖမ္းဆီးခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း တရား႐ုံးတြင္ ထြက္ဆိုခ်က္ေပးခဲ့သူျဖစ္ကာ ဒုရဲမႉးရာထူးမွ ျဖဳတ္ခ်ခံရၿပီး ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံခဲ့ရသည္။ “ကြၽန္ေတာ့္အားသာခ်က္က ပြင့္ပြင့္လင္းလင္း ရဲရဲဝံ့ဝံ့ မေၾကာက္မ႐ြံ႕နဲ႔ အမွန္တရားနဲ႔ပတ္သက္ရင္ ပြင့္ပြင့္ လင္းလင္းေျပာရဲ ဆိုရဲရွိတာပဲ။ အားနည္းခ်က္ကေတာ့ ကိုယ့္ကိုယ္ကိုယ္က ရွာမေတြ႕ဘူးဗ်ာ၊ ဒါကေတာ့ ေျပာရခက္ပါတယ္။ အားနည္းခ်က္က ရွိမွာပဲ။ ေအာင္ႏိုင္ ေရးကေတာ့ အေကာင္းဆုံးႀကိဳးစားမွာပဲ။ ေအာင္ျမင္မယ္လို႔ ယုံၾကည္တာပဲ။ အေျဖကေတာ့ ေစာင့္ၾကည့္ရမွာပဲ”ဟု ေျပာသည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post