(Unicode)

မြန်မာနိုင်ငံသားအာလုံး အမှိုက်ကောက်ကြဖို့အတွက် နှိုးဆော်လိုက်တဲ့ ဖိလစ်ပိုင်မော်ဒယ် ဆီနွန်ဖြစ်ပါတယ်…
သူကတော့ မြန်မာနိုင်ငံ နဲ့ မြန်မာလူမျိုးများအပေါ် ချစ်ခင်မြတ်နိုးသူပါ….



မြန်မာ့မြေ နဲ့ မြန်မာလူမျိုးတွေရဲ့ဖော်ရွေကြင်နာမှုကို တန်ဖိုးထားသူ တစ်ယောက်ပါ။
ဒါ့အပြင် နွမ်းပါးသူများ ၊ အိမ်ယာမဲ့များ ၊ မိဘမဲ့များကိုလည်း နိုင်သလောက်အားနဲ့
လှူဒါန်းကူညီနေသူဖြစ်ပါတယ်။နောက်ပြီး မြန်မာ့ခရီးသွားတိုးတက်ဖို့အတွက်လည်း တစ်ဖက်တစ်လမ်းက ကူညီနေသူလည်းဖြစ်ပါတယ်။



ယခုအခါမှာတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်တဲ့ ပုဂံနယ်မြေဟာ နိုင်ငံခြားသား ခရီးသွားများကို
ဆွဲဆောင်နိုင်ဖို့နဲ့ သန့်ရှင်းသပ်ရပ်စေဖို့အတွက် အမှိုက်ကင်းစင် နယ်မြေဖြစ်အောင် ဆီနွန်တစ်ယောက်ကတော့
မြန်မာနိုင်ငံသားတွေကို နိုးဆော်လိုက်ပါတယ်။



သူ့ရဲ့ လုပ်ရပ်လေးဟာ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိလှပါတယ်နော်။ ဒါကြောင့် ပုဂံမှ မဟုတ်ဘူး မြန်မာတစ်နိုင်ငံလုံး
အမှိုက်ကင်းစင်ကြဖို့ ၊ ပလက်စတစ် လျှော့သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။


(Zawgyi)














Post a Comment

Previous Post Next Post