(Zawgyi)

တပုဒ္ဆို တစ္ပုဒ္ ၊ တစ္ကားဆို တစ္ကား ထိထိမိမိ ႐ိုက္ျပတတ္တဲ့ အဆိုေတာ္ ဒါ႐ိုက္တာ တစ္ဦးျဖစ္တဲ့ အဆိုေတာ္ ယုန္ေလးကေတာ့ သူေမွ်ာ္လင့္ထားတဲ့ MTV ဟာ ေမွ်ာ္လင့္ထားသလို မျဖစ္ပဲ နားလည္မႈေတြလြဲကာ လိုရာဆြဲ ေဝဖန္မႈေတြ ၊ ေထာက္ခံမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။



ဒါ႐ိုက္တာ ယုန္ေလးရဲ႕ ရည္႐ြယ္ခ်က္က အားလုံးကို ဘယ္ပါတီ ဘယ္အဖြဲ႕အစည္းမဆို စည္းစည္းလုံးလုံးနဲ႔ လုပ္ေဆာင္ၾကဖို႔ ၊ အခ်ိတ္အဆက္မိမိ ေဆာင္႐ြက္ၾကဖို႔ တို႔တိုင္းျပည္ ေနာက္က်ေနၿပီ စည္းလုံးၾကစို႔လို႔ ဆိုေပမယ့္သီခ်င္းနဲ႔အတူ တင္ဆက္လာတဲ့ ျပကြက္ေတြအေပၚမွာ ေဝဖန္မႈေတြ ႀကဳံခဲ့ရတာျဖစ္ပါတယ္။



ဒီလိုေဝဖန္သူေတြထဲမွာ ပရိသတ္ေတြတင္မက ၊ သူ႔ရဲ႕အႏုပညာအသိုင္းအဝိုင္းက အငယ္ေတြကပါ ရိသလိုလို ေထ့သလိုလို အေျပာေတြေၾကာင့္ ဒါ႐ိုက္တာ ယုန္ေလးတစ္ေယာက္ အေတာ္ေလး စိတ္မေကာင္းျဖစ္ေနရတာ ကို သူ႔Live လႊင့္ေတာင္းပန္စဥ္ကလည္း ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။

အခုအခါမွာ ဒီ MTV ဟာ ကိုဗစ္ကာလ လူမစုေဝးရဆိုတဲ့ ကာလမွာ ႐ိုက္တာ ဟုတ္ မဟုတ္ ျပန္ၾကားေရးဝန္ႀကီး ဌာနက စုံစမ္းစစ္ေဆးသြားမွာျဖစ္ၿပီးေတာ့ ၊ လူမစုရ အမိန႔္ကို ေဖာက္ဖ်က္က်ဴးလြန္ရင္ တရားစြဲဆို သြားမယ္လို႔



ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန ေခတၱ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးႂကြယ္က ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌျဖစ္သူ ဦးညီညီထြန္းလြင္ က ဒီ MTV ဟာ ႐ုပ္ရွင္အစည္း အ႐ုံးကိုဆင္ဆာတင္ျပတာမ်ိဳးလည္းမရွိသလို ၊ ပညာေပး ဟာလည္း မဟုတ္တဲ့အတြက္ အစည္းအ႐ုံးအေနနဲ႔လည္း တစ္ခုခုအေရးယူေဆာင္႐ြက္သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။


(Unicode)

တပုဒ်ဆို တစ်ပုဒ် ၊ တစ်ကားဆို တစ်ကား ထိထိမိမိ ရိုက်ပြတတ်တဲ့ အဆိုတော် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ အဆိုတော် ယုန်လေးကတော့ သူမျှော်လင့်ထားတဲ့ MTV ဟာ မျှော်လင့်ထားသလို မဖြစ်ပဲ နားလည်မှုတွေလွဲကာ လိုရာဆွဲ ဝေဖန်မှုတွေ ၊ ထောက်ခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



ဒါရိုက်တာ ယုန်လေးရဲ့ ရည်ရွယ်ချက်က အားလုံးကို ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမဆို စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ကြဖို့ ၊ အချိတ်အဆက်မိမိ ဆောင်ရွက်ကြဖို့ တို့တိုင်းပြည် နောက်ကျနေပြီ စည်းလုံးကြစို့လို့ ဆိုပေမယ့်သီချင်းနဲ့အတူ တင်ဆက်လာတဲ့ ပြကွက်တွေအပေါ်မှာ ဝေဖန်မှုတွေ ကြုံခဲ့ရတာဖြစ်ပါတယ်။



ဒီလိုဝေဖန်သူတွေထဲမှာ ပရိသတ်တွေတင်မက ၊ သူ့ရဲ့အနုပညာအသိုင်းအဝိုင်းက အငယ်တွေကပါ ရိသလိုလို ထေ့သလိုလို အပြောတွေကြောင့် ဒါရိုက်တာ ယုန်လေးတစ်ယောက် အတော်လေး စိတ်မကောင်းဖြစ်နေရတာ ကို သူ့Live လွှင့်တောင်းပန်စဉ်ကလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။

အခုအခါမှာ ဒီ MTV ဟာ ကိုဗစ်ကာလ လူမစုဝေးရဆိုတဲ့ ကာလမှာ ရိုက်တာ ဟုတ် မဟုတ် ပြန်ကြားရေးဝန်ကြီး ဌာနက စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီးတော့ ၊ လူမစုရ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရင် တရားစွဲဆို သွားမယ်လို့



ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင် က ဒီ MTV ဟာ ရုပ်ရှင်အစည်း အရုံးကိုဆင်ဆာတင်ပြတာမျိုးလည်းမရှိသလို ၊ ပညာပေး ဟာလည်း မဟုတ်တဲ့အတွက် အစည်းအရုံးအနေနဲ့လည်း တစ်ခုခုအရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Post a Comment

Previous Post Next Post