(Zawgyi)

မႏၲေလးလူငယ္သင္တန္းေက်ာင္းက လူငယ္ႏွစ္ဦး ေသဆုံးမႈ လူ႕အခြင့္အေရးေကာ္မရွင္ စစ္ေဆး

မႏၲေလးၿမိဳ႕၊ လူငယ္သင္တန္းေက်ာင္းက ထြက္ေျပးသြားတဲ့ လူငယ္ႏွစ္ဦး ေသဆုံးမႈကို ျမန္မာနိုင္ငံလူ႕အခြင့္အေရးေကာ္မရွင္နဲ႕ လူမႈဝန္ထမ္းဦးစီးဌာနတာဝန္ရွိသူေတြက ဒီကေန႕ ၾသဂုတ္လ ၇ ရက္မွာ သင္တန္းေက်ာင္းကို လာေရာက္စစ္ေဆးေနတယ္လို႔ အဲဒီေက်ာင္းအုပ္ ဦးေနေအာင္ေက်ာ္က ဘီဘီစီကိုေျပာပါတယ္။




ၿပီးခဲ့တဲ့ႏွစ္က မုံ႐ြာမွာ လုယက္မႈနဲ႕ ဖမ္းဆီးခံရတဲ့ လူငယ္ ၇ ဦးကို ေထာင္ႏွစ္ႏွစ္ ခ်ခဲ့ရာမွာ အသက္မျပည့္ေသးတဲ့အတြက္ သူတို႔ကို မႏၲေလးလူငယ္သင္တန္းေက်ာင္းကို ဇူလိုင္ ၂၆ ရက္က ပို႔ေဆာင္ခဲ့တာပါ။ အဲဒီ ၇ ဦးထဲက ငါးဦးဟာ သင္တန္းေက်ာင္းကိုေရာက္ၿပီး ငါးရက္အၾကာ ဇူလိုင္ ၃၁ ရက္မွာ ထြက္ေျပးခဲ့ၾကပါတယ္။ ဒါေၾကာင့္ ေက်ာင္းတာဝန္ရွိသူေတြက လိုက္ဖမ္းရာကေန ဒဏ္ရာေတြရၿပီး တစ္ဦးဟာ ေသဆုံးခဲ့ၿပီး ေနာက္တစ္ဦးကေတာ့ ၾသဂုတ္ ၅ ရက္ေန႕မွာ ေသဆုံးခဲ့တာျဖစ္ပါတယ္။



ထြက္ေျပးခ်ိန္မွာ ပါတဲ့ ေနာက္ထပ္ႏွစ္ဦးဟာလည္း လက္ရွိမွာေဆး႐ုံတင္ထားရၿပီး ေဆးကုသမႈခံယူေနရတယ္လို႔ ဆိုပါတယ္။ ေသဆုံးသူတစ္ဦးျဖစ္တဲ့ ေမာင္ခိုင္ေဇာ္ထြန္းရဲ႕ နာေရးကို ၾသဂုတ္ ၆ ရက္က မႏၲေလး ေအးရိပ္ၿငိမ္သုႆန္မွာ ပို႔ေဆာင္သၿဂိဳလ္ခဲ့ပါတယ္။


ဘီဘီစီျမန္မာပိုင္း

ဓာတ္ပုံ-MPA

(Unicode)

မန္တလေးလူငယ်သင်တန်းကျောင်းက လူငယ်နှစ်ဦး သေဆုံးမှု လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

မန္တလေးမြို့၊ လူငယ်သင်တန်းကျောင်းက ထွက်ပြေးသွားတဲ့ လူငယ်နှစ်ဦး သေဆုံးမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူတွေက ဒီကနေ့ သြဂုတ်လ ၇ ရက်မှာ သင်တန်းကျောင်းကို လာရောက်စစ်ဆေးနေတယ်လို့ အဲဒီကျောင်းအုပ် ဦးနေအောင်ကျော်က ဘီဘီစီကိုပြောပါတယ်။


ပြီးခဲ့တဲ့နှစ်က မုံရွာမှာ လုယက်မှုနဲ့ ဖမ်းဆီးခံရတဲ့ လူငယ် ၇ ဦးကို ထောင်နှစ်နှစ် ချခဲ့ရာမှာ အသက်မပြည့်သေးတဲ့အတွက် သူတို့ကို မန္တလေးလူငယ်သင်တန်းကျောင်းကို ဇူလိုင် ၂၆ ရက်က ပို့ဆောင်ခဲ့တာပါ။ အဲဒီ ၇ ဦးထဲက ငါးဦးဟာ သင်တန်းကျောင်းကိုရောက်ပြီး ငါးရက်အကြာ ဇူလိုင် ၃၁ ရက်မှာ ထွက်ပြေးခဲ့ကြပါတယ်။ ဒါကြောင့် ကျောင်းတာဝန်ရှိသူတွေက လိုက်ဖမ်းရာကနေ ဒဏ်ရာတွေရပြီး တစ်ဦးဟာ သေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ သြဂုတ် ၅ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။


ထွက်ပြေးချိန်မှာ ပါတဲ့ နောက်ထပ်နှစ်ဦးဟာလည်း လက်ရှိမှာဆေးရုံတင်ထားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတစ်ဦးဖြစ်တဲ့ မောင်ခိုင်ဇော်ထွန်းရဲ့ နာရေးကို သြဂုတ် ၆ ရက်က မန္တလေး အေးရိပ်ငြိမ်သုဿန်မှာ ပို့ဆောင်သဂြိုလ်ခဲ့ပါတယ်။


ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-MPA

Post a Comment

Previous Post Next Post