(Unicode)

ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း ၁၇ ယောက် ရောဂါကူးစက်ခံထားရပြီလို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “မနေ့ကအထိတော့ ၁၇ ယောက် ကူးစက်ခံထားရပါတယ်။ ဆရာဝန် ၁ ယောက်နဲ့ ကျန်တာကတော့ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ဒီနေ့ကတော့ ပြောလို့မရသေးဘူး။ (ကျန်းမာရေး) ဝန်ထမ်းမိသားစုတွေတော့ ပါပါတယ်” လို့ ပြောပါတယ်။



ကျန်းမာရေးဌာနရဲ့ မနေ့ကနဲ့ ဒီမနက် ထုတ်ပြန်ချက်အရ စစ်တွေမှာ ကိုဗစ်-၁၉ လူနာသစ် ၁၉ ယောက် တွေ့ရှိထားပါတယ်။ ဒီထဲက ၅ ယောက်ဟာ ကူးစက်နိုင်ခြေများတဲ့ အုပ်စုကို စစ်ဆေးတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အခုလို ကူးစက်ခံရတာဟာ ကာကွယ်ရေးပစ္စည်း မလုံလောက်လို့ ဖြစ်တာ မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောသဘာဝကိုက ရောဂါကူးစက်နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါနေတာလို့ သူက ပြောပါတယ်။ “ဆေးရုံဆိုတာက လူနာပေါင်းစုံလာတယ်။ လူနာပေါင်းစုံကို PPE (တကိုယ်ရည် အကာအကွယ်ဝတ်စုံ) ဝတ်ပြီး ကြည့်ရဖို့လည်း မဖြစ်နိုင်ပါဘူး။ ဥပမာ ရင်ဘတ်အောင့်လို့ လာပြတဲ့လူနာကို ဒီတိုင်းကြည့်လိုက်တယ်ပေါ့။ လူနာကတော့ ရင်ဘတ်အောင့်တာပဲ ဖြစ်တာ။ သူနဲ့အတူပါလာသူက ရောဂါသယ်ဆောင်သူ ဖြစ်နေနိုင်တယ်လေ” လို့ ပြောပါတယ်။



ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ရောဂါကာကွယ်ရေးထိန်းချုပ်နည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီမနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၇၂ ယောက်ရှိလာပြီး စစ်တွေက ၆၇ ယောက်၊ မြောက်ဦးက ၃ ယောက်နဲ့ သံတွဲက ၂ ယောက်တို့ဖြစ်ပါတယ်။ ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန်ကတော့ စစ်တွေဆေးရုံမှာ လူနာတွေထားဖို့နေရာ တိုးချဲ့နေသလို လိုအပ်ရင် ယာယီဆေးရုံလုပ်မယ်လို့ ပြောဆိုထားပါတယ်။



ပြီးတော့ ရခိုင်ပြည်နယ်မှာ ယာယီ တာဝန်ထမ်းဆောင်ကြဖို့ ဆန္ဒအလျောက် စာရင်းပေး ပြောင်းရွှေ့ကြတဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၄ ယောက်ဟာ မနေ့က အထူးလေယာဉ်နဲ့ စစ်တွေကို ရောက်ရှိသွားပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးတာကိုလည်း စစ်တွေမှာပဲ လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။

ဒီဗွီဘီ


(Zawgyi)


ကိုဗစ္-၁၉ ကူးစက္ႏႈန္းျမင့္တက္လာေနတဲ့ ရခိုင္ျပည္နယ္မွာ က်န္းမာေရးဝန္ထမ္း ၁၇ ေယာက္ ေရာဂါကူးစက္ခံထားရၿပီလို႔ ျပည္နယ္က်န္းမာေရး တာဝန္ရွိသူတေယာက္က ေျပာပါတယ္။ ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ စိုးဝင္းပိုင္က “မေန႔ကအထိေတာ့ ၁၇ ေယာက္ ကူးစက္ခံထားရပါတယ္။ ဆရာဝန္ ၁ ေယာက္နဲ႔ က်န္တာကေတာ့ သူနာျပဳေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြေပါ့။ ဒီေန႔ကေတာ့ ေျပာလို႔မရေသးဘူး။ (က်န္းမာေရး) ဝန္ထမ္းမိသားစုေတြေတာ့ ပါပါတယ္” လို႔ ေျပာပါတယ္။



က်န္းမာေရးဌာနရဲ႕ မေန႔ကနဲ႔ ဒီမနက္ ထုတ္ျပန္ခ်က္အရ စစ္ေတြမွာ ကိုဗစ္-၁၉ လူနာသစ္ ၁၉ ေယာက္ ေတြ႕ရွိထားပါတယ္။ ဒီထဲက ၅ ေယာက္ဟာ ကူးစက္ႏိုင္ေျခမ်ားတဲ့ အုပ္စုကို စစ္ေဆးတာ ျဖစ္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။ အခုလို ကူးစက္ခံရတာဟာ ကာကြယ္ေရးပစၥည္း မလုံေလာက္လို႔ ျဖစ္တာ မဟုတ္ဘဲ က်န္းမာေရးဝန္ထမ္းေတြရဲ႕ သေဘာသဘာဝကိုက ေရာဂါကူးစက္ႏိုင္ေျခမ်ားတဲ့ အုပ္စုထဲမွာ ပါေနတာလို႔ သူက ေျပာပါတယ္။ “ေဆး႐ုံဆိုတာက လူနာေပါင္းစုံလာတယ္။ လူနာေပါင္းစုံကို PPE (တကိုယ္ရည္ အကာအကြယ္ဝတ္စုံ) ဝတ္ၿပီး ၾကည့္ရဖို႔လည္း မျဖစ္ႏိုင္ပါဘူး။ ဥပမာ ရင္ဘတ္ေအာင့္လို႔ လာျပတဲ့လူနာကို ဒီတိုင္းၾကည့္လိုက္တယ္ေပါ့။ လူနာကေတာ့ ရင္ဘတ္ေအာင့္တာပဲ ျဖစ္တာ။ သူနဲ႔အတူပါလာသူက ေရာဂါသယ္ေဆာင္သူ ျဖစ္ေနႏိုင္တယ္ေလ” လို႔ ေျပာပါတယ္။



ဒါေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြ အေနနဲ႔ ေရာဂါကာကြယ္ေရးထိန္းခ်ဳပ္နည္းလမ္းေတြကို တိတိက်က် လိုက္နာဖို႔လိုတယ္လို႔လည္း သူက ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ ၾသဂုတ္ ၁၆ ရက္ကေန ဒီမနက္အထိ ကိုဗစ္-၁၉ လူနာသစ္ ၇၂ ေယာက္ရွိလာၿပီး စစ္ေတြက ၆၇ ေယာက္၊ ေျမာက္ဦးက ၃ ေယာက္နဲ႔ သံတြဲက ၂ ေယာက္တို႔ျဖစ္ပါတယ္။ က်န္းမာေရးဌာန အၿမဲတမ္းအတြင္းဝန္ကေတာ့ စစ္ေတြေဆး႐ုံမွာ လူနာေတြထားဖို႔ေနရာ တိုးခ်ဲ႕ေနသလို လိုအပ္ရင္ ယာယီေဆး႐ုံလုပ္မယ္လို႔ ေျပာဆိုထားပါတယ္။



ၿပီးေတာ့ ရခိုင္ျပည္နယ္မွာ ယာယီ တာဝန္ထမ္းေဆာင္ၾကဖို႔ ဆႏၵအေလ်ာက္ စာရင္းေပး ေျပာင္းေ႐ႊ႕ၾကတဲ့ အထူးကုဆရာဝန္ႀကီးေတြအပါအဝင္ က်န္းမာေရးဝန္ထမ္း ၂၄ ေယာက္ဟာ မေန႔က အထူးေလယာဥ္နဲ႔ စစ္ေတြကို ေရာက္ရွိသြားၿပီး ကိုဗစ္-၁၉ ဓာတ္ခြဲ စစ္ေဆးတာကိုလည္း စစ္ေတြမွာပဲ လုပ္ေဆာင္ေနႏိုင္ၿပီ ျဖစ္ပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post