(Zawgyi)

ဇြဲကပင္ေတာင္မွာ ၿပီးခဲ့တဲ့လေတြအတြင္းက ေတာင္ေပၚကေန ခုန္ခ်ေသဆုံး သြားတဲ့ျဖစ္စဥ္ ေတြရွိေနၾကၿပီး အဲ့လိုမ်ိဳး ျဖစ္စဥ္ေတြ ထပ္မံ မေပၚေပါက္ဖို႔နဲ႔ ေဘးအႏၲရာယ္ျဖစ္ေပၚလာပါက ခ်က္ခ်င္း ကူညီကယ္ဆယ္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ေစာင့္ၾကည့္ကူညီေရးစခန္း ေတြ ထားရွိကာ ႀကိဳတင္ကာကြယ္ရတာျဖစ္တယ္လို႔ သိရပါတယ္။လာမည့္ဩဂုတ္(၉)ရက္ေန႔ တကၠသိုလ္ဝင္တန္းေအာင္ စာရင္းထြက္မယ့္ ေန႔မွာ ဘားအံၿမိဳ႕က အထင္ကရ ေနရာျဖစ္တဲ့ ဇြဲကပင္ေတာင္ အပါအဝင္ ေတာင္သုံးေတာင္ မွာ မီးသတ္တပ္ဖြဲ႕က ေစာင့္ၾကည့္ ကူညီေရး စခန္းေတြ ထားရွိသြားမယ္လို႔ ကရင္ျပည္နယ္မီးသတ္တပ္ဖြဲ႕ထံကေန သိရပါတယ္။



လာမယ့္ ၾသဂုတ္ (၉) ရက္ေန႔မွာ တကၠသိုလ္ ဝင္တန္းေအာင္စာရင္းထြက္မွာျဖစ္တဲ့အတြက္ မလိုလားအပ္တဲ့ ျဖစ္စဥ္ေတြ မျဖစ္ဖို႔အတြက္ မီးသတ္တပ္ဖြဲ႕က ခရီးသြားေတြ လာေရာက္လည္ပတ္မႈမ်ားတဲ့ ဇြဲကပင္ေတာင္၊ ၾကာအင္းေတာင္နဲ႔ ေတာင္ဝိုင္းေတာင္တို႔မွာ ေစာင့္ၾကည့္ ကူညီေရးစခန္း (၄) ခု ထားရွိသြားမယ္လို႔ ဘားအံ ခ႐ိုင္မီးသတ္ဦးစီးမႉး ဦးသန႔္ဇင္ဝင္းက ေျပာပါတယ္။ဇြဲကပင္ေတာင္ရဲ႕ အေရွ႕ဘက္ ေတာင္တက္လမ္း နဲ႔ အေနာက္ဘက္ေတာင္တက္ လမ္းမွာ ေစာင့္ၾကည့္ကူညီေရးစခန္းႏွစ္ခုနဲ႔ ၾကာအင္းေတာင္ ေတာင္ဝိုင္းေတာင္တို႔မွာ စခန္းတစ္ခုစီ ထားရွိသြားမွာျဖစ္ၿပီး ၾသဂုတ္ ၉ ရက္မွ၁၁ ရက္ေန႔အထိ သုံးရက္တိုင္ ေစာင့္ၾကည့္သြားမယ္လို႔ ေျပာပါတယ္။



ဒီလိုေစာင့္ၾကည့္မႈကိုေတာ့ မီးသတ္တပ္ဖြဲ႕ ၊ ရဲတပ္ဖြဲ႕၊ လူမႈကယ္ဆယ္ေရးအဖြဲ႕အပါအဝင္ အဖြဲ႕ေပါင္းစုံက မနက္ ၆ နာရီကေန ည ၆ နာရီ အထိ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ကရင္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ၫႊန္ၾကားခ်က္နဲ႔ ေဆာင္႐ြက္တာျဖစ္တယ္လို႔ မီးသတ္တပ္ဖြဲ႕ထံကေန သိရ ပါတယ္။ ဇြဲကပင္ေတာင္ ၾကာအင္းေတာင္ ေတာင္ဝိုင္းေတာင္ တို႔ဟာ ခရီးသြားေတြလာေရာက္လည္ပတ္ မႈမ်ားတဲ့ ေနရာေတြျဖစ္ၾက ၿပီး ၿပီးခဲ့တဲ့႐ုံးပိတ္ရက္က ေတာင္ဝိုင္းေတာင္မွာ ခရီးသြားလာေရာက္လည္ပတ္မႈ ပိုမ်ားျပား တာေၾကာင့္ ကားလမ္းပိတ္ဆို႔မႈေတြ ျဖစ္ပြားခဲ့ ပါေသးတယ္။

Credit 7 Days


(Unicode)


ဇွဲကပင်တောင်မှာ ပြီးခဲ့တဲ့လတွေအတွင်းက တောင်ပေါ်ကနေ ခုန်ချသေဆုံး သွားတဲ့ဖြစ်စဉ် တွေရှိနေကြပြီး အဲ့လိုမျိုး ဖြစ်စဉ်တွေ ထပ်မံ မပေါ်ပေါက်ဖို့နဲ့ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်း ကူညီကယ်ဆယ် ဆောင်ရွက်နိုင်ဖို့အတွက် စောင့်ကြည့်ကူညီရေးစခန်း တွေ ထားရှိကာ ကြိုတင်ကာကွယ်ရတာဖြစ်တယ်လို့ သိရပါတယ်။လာမည့်ဩဂုတ်(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်းအောင် စာရင်းထွက်မယ့် နေ့မှာ ဘားအံမြို့က အထင်ကရ နေရာဖြစ်တဲ့ ဇွဲကပင်တောင် အပါအဝင် တောင်သုံးတောင် မှာ မီးသတ်တပ်ဖွဲ့က စောင့်ကြည့် ကူညီရေး စခန်းတွေ ထားရှိသွားမယ်လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။



လာမယ့် သြဂုတ် (၉) ရက်နေ့မှာ တက္ကသိုလ် ဝင်တန်းအောင်စာရင်းထွက်မှာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ မဖြစ်ဖို့အတွက် မီးသတ်တပ်ဖွဲ့က ခရီးသွားတွေ လာရောက်လည်ပတ်မှုများတဲ့ ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်တို့မှာ စောင့်ကြည့် ကူညီရေးစခန်း (၄) ခု ထားရှိသွားမယ်လို့ ဘားအံ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။ဇွဲကပင်တောင်ရဲ့ အရှေ့ဘက် တောင်တက်လမ်း နဲ့ အနောက်ဘက်တောင်တက် လမ်းမှာ စောင့်ကြည့်ကူညီရေးစခန်းနှစ်ခုနဲ့ ကြာအင်းတောင် တောင်ဝိုင်းတောင်တို့မှာ စခန်းတစ်ခုစီ ထားရှိသွားမှာဖြစ်ပြီး သြဂုတ် ၉ ရက်မှ၁၁ ရက်နေ့အထိ သုံးရက်တိုင် စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ဒီလိုစောင့်ကြည့်မှုကိုတော့ မီးသတ်တပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့အပါအဝင် အဖွဲ့ပေါင်းစုံက မနက် ၆ နာရီကနေ ည ၆ နာရီ အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေ သိရ ပါတယ်။ ဇွဲကပင်တောင် ကြာအင်းတောင် တောင်ဝိုင်းတောင် တို့ဟာ ခရီးသွားတွေလာရောက်လည်ပတ် မှုများတဲ့ နေရာတွေဖြစ်ကြ ပြီး ပြီးခဲ့တဲ့ရုံးပိတ်ရက်က တောင်ဝိုင်းတောင်မှာ ခရီးသွားလာရောက်လည်ပတ်မှု ပိုများပြား တာကြောင့် ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ ပါသေးတယ်။

Credit 7 Days

Post a Comment

Previous Post Next Post