(Unicode)


နေတိုးကတော့ ရခိုင်ပြည်နယ် အတွင်းက ပိုးသတ်ဆေးဖြန်းဖို့ အရေးတကြီးလိုအပ်နေတဲ့ ဒေသတွေ အတွက် ပိုးသတ်ဆေးဖြန်းစက် တစ်လုံး လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ အကယ်ဒမီနေတိုး ကတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေအတွက် ပိုးသတ်ဆေးဖြန်းစက် တစ်လုံး လှူဒါန်းခဲ့တယ်လို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရက ပြောပြလာပါတယ်။ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး မိသားစုတို့က ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့များတွင် အရေးတကြီးလိုအပ်နေတဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးဖြန်းတဲ့ စက်တစ်လုံးကို ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ” ဆိုပြီးတော့ အလိုတော်ပြည့် ဆရာတော် အသျှင်ကုမာရ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က အမှတ်တရ ဓာတ်ပုံနှင့်တကွ ရေးသားထားတာဖြစ်ပါတယ်။



နေတိုးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း သက်ကြီးလူရွှင်တော်များအတွက် ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် အနုပညာလောကသားတွေထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကိုလည်း ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ပါသေးတယ်။နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နေတိုးက Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။



အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Credit celefamily


(Zawgyi)


ေနတိုးကေတာ့ ရခိုင္ျပည္နယ္ အတြင္းက ပိုးသတ္ေဆးျဖန္းဖို႔ အေရးတႀကီးလိုအပ္ေနတဲ့ ေဒသေတြ အတြက္ ပိုးသတ္ေဆးျဖန္းစက္ တစ္လုံး လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ရခိုင္လူမ်ိဳးတစ္ဦးလည္းျဖစ္၊ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္တဲ့ အကယ္ဒမီေနတိုး ကေတာ့ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ေတြအတြက္ ပိုးသတ္ေဆးျဖန္းစက္ တစ္လုံး လႉဒါန္းခဲ့တယ္လို႔ အလိုေတာ္ျပည့္ေက်ာင္းတိုက္ ဆရာေတာ္ အသွ်င္ကုမာရက ေျပာျပလာပါတယ္။႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ေနတိုး မိသားစုတို႔က ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕၊ ေျမာက္ဦးၿမိဳ႕၊ မင္းျပားၿမိဳ႕မ်ားတြင္ အေရးတႀကီးလိုအပ္ေနတဲ့ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ ပိုးသတ္ေဆးျဖန္းတဲ့ စက္တစ္လုံးကို ဒီကေန႔ ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ အလိုေတာ္ျပည့္ေက်ာင္းတိုက္ အသွ်င္ကုမာရ ထံသို႔ ေပးအပ္လႉဒါန္းခဲ့ပါတယ္။ အလိုေတာ္ျပည့္ပါေစ” ဆိုၿပီးေတာ့ အလိုေတာ္ျပည့္ ဆရာေတာ္ အသွ်င္ကုမာရ ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ၾသဂုတ္လ ၂၄ ရက္ေန႔ ေန႔လယ္ (၁၁) နာရီေက်ာ္က အမွတ္တရ ဓာတ္ပုံႏွင့္တကြ ေရးသားထားတာျဖစ္ပါတယ္။



ေနတိုးဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူ တစ္ေယာက္ျဖစ္ပါတယ္။ မၾကာေသးခင္တုန္းကလည္း သက္ႀကီးလူ႐ႊင္ေတာ္မ်ားအတြက္ ေငြက်ပ္(၁၀) သိန္း လႉဒါန္းခဲ့တာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ အႏုပညာေလာကသားေတြထဲက တကၠသိုလ္ဝင္တန္းစာေမးပြဲကို ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္ခဲ့ၾကတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေလးေတြကိုလည္း ဂုဏ္ျပဳ ဆုေငြမ်ား ခ်ီးျမႇင့္ခဲ့ပါေသးတယ္။ေနတိုးရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၂၀ ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ အႏုပညာနဲ႔ ပတ္သက္လာရင္ စြယ္စုံရ အႏုပညာရွင္တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ေနတိုးက Music Video ေတြမွာ သ႐ုပ္ေဆာင္လာရင္းကေန ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ TV ေၾကာ္ျငာမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူ တစ္ေယာက္ပါ။



အခုခ်ိန္မွာေတာ့ ေနတိုးက အကယ္ဒမီ ဆုေတြကို ပိုင္ဆိုင္ထားေနၿပီျဖစ္ပါတယ္။ ဒီဆုေတြကေတာ့ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ႐ုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ရရွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္က ခ်ီးျမႇင့္တဲ့ The Best Actor ဆုကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

Credit celefamily

Post a Comment

Previous Post Next Post