(Unicode)


မြန်မာပြည်သူ တွေအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မတ်လ၊ ဧပြီလနဲ့ မေလတို့မှာ သတ်မှတ်ထားတဲ့ ကျန်းမာရေး စည်း ကမ်းတွေ လိုက်နာမှု အားကောင်း ခဲ့ပေမယ့် ဇွန်လအလယ်လောက်ကစလို့ လိုက်နာမှုအားနည်းနေတာ တွေ့တယ်လို့လည်း ဆိုပါတယ် ။ကိုဗစ်-၁၉ ဒုတိယလှိုင်း မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာ များသို့ မလိုအပ်ဘဲမသွားကြဖို့၊ ခပ်ခွာခွာနေထိုင်ကြဖို့၊ နှာ ခေါင်းစည်း Mask တပ်ဆင်ကြဖို့၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု ဆေးကြောကြဖို့နဲ့ ပြည်ပက တရားမဝင် ပြန်လည်ဝင်ရောက်လာသူ တွေကို သတင်းပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဩဂုတ် ၁၉ ရက် မနက်အထိ မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၇၉ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ် ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၃၁ ဦးနဲ့ ဆေးရုံမှဆင်းသွားသူ ၃၂၈ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦးရှိပါတယ်။မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားမှု ဒုတိယ လှိုင်း မပေါ်ပေါက်စေရေး အတွက် ဂရုပြုကြဖို့ Coronavirus Disease 2019 (COVID-19) ကာ ကွယ်၊ ထိန်း ချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။



မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုပထမလှိုင်းရဲ့ အကျပိုင်းသို့ရောက်ရှိနေကာ ပထမလှိုင်း မကြာမီ ပြီးဆုံးတော့မယ့် အခြေအနေ ဖြစ်ပြီး မြန်မာပြည်မှာ ရောဂါပိုးတွေ့ရှိရသူတွေ ရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၆၁ ရာခိုင်နှုန်းလောက်ဟာ အမြင်အားဖြင့် နေကောင်းကျန်းမာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။တကယ်လို့ ရပ်ကွက်/ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါ လက္ခဏာ တစ်စုံ တစ်ရာမရှိဘဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရှိနေသော သူတွေ ရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ် ကူးစက်ပြန့်ပွားပြီး ရောဂါ ဖြစ်ပွားမှု ဒုတိယလှိုင်း အဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာ များစွာရှိတယ်လို့လည်း ဆိုပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ပကို ခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၄ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ (၁၉-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန် တွင် ထုတ်ပြန်သော သတင်းအချက် အလက်များအရ တစ်ကမ္ဘာလုံး တွင် ကိုဗစ် ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဓာတ်ခွဲ အတည်ပြု လူနာဦးရေ စုစုပေါင်း (၂၂,၃၀၇,၂၆၅) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၇၈၄,၃၅၃) ဦး ရှိပါသည်။



ထိုသို့ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် ကူးစက်ဖြစ်ပွား သေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါ အချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံ၌ ကိုဗစ် ကူးစက်မှုဒုတိယလှိုင်းဖြစ်လာရန် အလား အလာ အလွန် နည်းပါးမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်သူများ အနေနဲ့ မပေါ့ဆကြဘဲ ကိုဗစ်ကူးစက်မှု ကာကွယ်ရေး စည်းကမ်းများကို လိုက်နာကြပါရန် နှိုးဆော်လိုက်ရပါတယ်။

(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

(ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြ ပါရန်။

(ဂ) (လိုအပ်၍) အပြင်ထွက်ပါက၊ လူစုလူဝေးရှိသည့်နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ် တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

(ဃ) လက်တွင်ကပ် ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန် အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြ ပါရန်။

REF: ဒီဗွီဘီ


(Zawgyi)


ျမန္မာျပည္သူ ေတြအၾကား ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရးအတြက္ မတ္လ၊ ဧၿပီလနဲ႔ ေမလတို႔မွာ သတ္မွတ္ထားတဲ့ က်န္းမာေရး စည္း ကမ္းေတြ လိုက္နာမႈ အားေကာင္း ခဲ့ေပမယ့္ ဇြန္လအလယ္ေလာက္ကစလို႔ လိုက္နာမႈအားနည္းေနတာ ေတြ႕တယ္လို႔လည္း ဆိုပါတယ္ ။ကိုဗစ္-၁၉ ဒုတိယလႈိင္း မျဖစ္ေပၚေစရန္ တတ္ႏိုင္သမွ် လူစုလူေဝးရွိရာေနရာ မ်ားသို႔ မလိုအပ္ဘဲမသြားၾကဖို႔၊ ခပ္ခြာခြာေနထိုင္ၾကဖို႔၊ ႏွာ ေခါင္းစည္း Mask တပ္ဆင္ၾကဖို႔၊ လက္ကို ဆပ္ျပာႏွင့္ေရ အသုံးျပဳ ေဆးေၾကာၾကဖို႔နဲ႔ ျပည္ပက တရားမဝင္ ျပန္လည္ဝင္ေရာက္လာသူ ေတြကို သတင္းပို႔ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

ဩဂုတ္ ၁၉ ရက္ မနက္အထိ ျမန္မာႏိုင္ငံ မွာ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ စုစုေပါင္း ၃၇၉ ဦး၊ ေသဆုံးသူ ၆ ဦး၊ ႏွစ္ ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ ၃၃၁ ဦးနဲ႔ ေဆး႐ုံမွဆင္းသြားသူ ၃၂၈ ဦး၊ ေစာင့္ၾကည့္လူနာအသစ္ ၂၇ ဦးရွိပါတယ္။ျမန္မာႏိုင္ငံ မွာ ကိုဗစ္-၁၉ ကူးစက္ျဖစ္ ပြားမႈ ဒုတိယ လႈိင္း မေပၚေပါက္ေစေရး အတြက္ ဂ႐ုျပဳၾကဖို႔ Coronavirus Disease 2019 (COVID-19) ကာ ကြယ္၊ ထိန္း ခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ၾသဂုတ္လ ၁၈ ရက္ ေန႔စြဲနဲ႔ ျပည္သူသို႔ပန္ၾကားခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံ မွာ ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြားမႈပထမလႈိင္းရဲ႕ အက်ပိုင္းသို႔ေရာက္ရွိေနကာ ပထမလႈိင္း မၾကာမီ ၿပီးဆုံးေတာ့မယ့္ အေျခအေန ျဖစ္ၿပီး ျမန္မာျပည္မွာ ေရာဂါပိုးေတြ႕ရွိရသူေတြ ရဲ႕ ထက္ဝက္ေက်ာ္ျဖစ္တဲ့ ၆၁ ရာခိုင္ႏႈန္းေလာက္ဟာ အျမင္အားျဖင့္ ေနေကာင္းက်န္းမာ ေရာဂါလကၡဏာ တစ္စုံတစ္ရာ ျပသျခင္းမရွိသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။တကယ္လို႔ ရပ္ကြက္/ေက်း႐ြာအတြင္း၊ လူထုအတြင္း ေရာဂါ လကၡဏာ တစ္စုံ တစ္ရာမရွိဘဲ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပိုးရွိေနေသာ သူေတြ ရွိေနပါက ထိုသူတို႔ထံမွ တိတ္တဆိတ္ ကူးစက္ျပန႔္ပြားၿပီး ေရာဂါ ျဖစ္ပြားမႈ ဒုတိယလႈိင္း အျဖစ္ အရွိန္အဟုန္ျမင့္မားစြာျဖင့္ ေပၚေပါက္လာႏိုင္တဲ့ အလားအလာ မ်ားစြာရွိတယ္လို႔လည္း ဆိုပါတယ္။


ၿပီးခဲ့တဲ့ ဩဂုတ္ ၁၆ ရက္နဲ႔ ၁၇ ရက္ေတြမွာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ျပည္ပကို ခရီးသြားခဲ့တာမရွိဘဲ ျမန္မာျပည္တြင္းမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္သူ ၄ ဦး ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ကမာၻ႔ က်န္းမာေရး အဖြဲ႕၏ (၁၉-၈-၂၀၂၀) ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ (၁၁:၀၀) နာရီ အခ်ိန္ တြင္ ထုတ္ျပန္ေသာ သတင္းအခ်က္ အလက္မ်ားအရ တစ္ကမာၻလုံး တြင္ ကိုဗစ္ ေရာဂါျဖစ္ပြားမႈအေျခအေနမွာ ဓာတ္ခြဲ အတည္ျပဳ လူနာဦးေရ စုစုေပါင္း (၂၂,၃၀၇,၂၆၅) ဦးႏွင့္ ေသဆုံးသူဦးေရ စုစုေပါင္း (၇၈၄,၃၅၃) ဦး ရွိပါသည္။

ထိုသို႔ ကမာၻတစ္ဝန္းတြင္ ကိုဗစ္ ကူးစက္ျဖစ္ပြား ေသဆုံးမႈမ်ား ဆက္လက္မ်ားျပားလ်က္ ရွိေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေပါ့ဆမႈ (လုံးဝ) မရွိဘဲ ေအာက္ပါ အခ်က္မ်ားကို ဆက္လက္ လိုက္နာက်င့္သုံးပါက ျမန္မာႏိုင္ငံ၌ ကိုဗစ္ ကူးစက္မႈဒုတိယလႈိင္းျဖစ္လာရန္ အလား အလာ အလြန္ နည္းပါးမွာ ျဖစ္ပါတယ္။ ထို႔ေၾကာင့္ ျပည္သူမ်ား အေနနဲ႔ မေပါ့ဆၾကဘဲ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရး စည္းကမ္းမ်ားကို လိုက္နာၾကပါရန္ ႏႈိးေဆာ္လိုက္ရပါတယ္။

(က) တတ္ႏိုင္သမွ် လူစုလူေဝးရွိရာ ေနရာမ်ားသို႔ မလိုအပ္ဘဲ (လုံးဝ) မသြားၾကပါရန္။

(ခ) တစ္ဦးႏွင့္ တစ္ဦး တတ္ႏိုင္သမွ် ခပ္ခြာခြာ ေနထိုင္ၾကပါရန္။ ျဖစ္ႏိုင္ပါက အနည္းဆုံး (၆) ေပ အကြာမွသာ ေနထိုင္ေျပာဆို ဆက္ဆံၾက ပါရန္။

(ဂ) (လိုအပ္၍) အျပင္ထြက္ပါက၊ လူစုလူေဝးရွိသည့္ေနရာမ်ားသို႔သြားပါက သြားသည့္အခါတိုင္း ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (mask) ကို စနစ္ တက် မပ်က္မကြက္ တပ္ဆင္ၾကပါရန္။

(ဃ) လက္တြင္ကပ္ ပါလာႏိုင္ေသာ ဗိုင္းရပ္စ္ပိုးကို ပ်က္စီးေစရန္ အတြက္ လက္ကို ဆပ္ျပာႏွင့္ေရ အသုံးျပဳ၍ အနည္းဆုံး စကၠန႔္ (၂၀) ၾကာေအာင္ ေဆးေၾကာၾက ပါရန္။

REF: ဒီဗြီဘီ

Post a Comment

Previous Post Next Post