(Zawgyi)


မိခင္က အိပ္ယာထေနာက္က်သည္ကိုဆူသျဖင့္ စိတ္ဆိုးကာထန္းတပင္–အုတ္တြင္း ဆက္သြယ္ ထားသည့္ စစ္ေတာင္းျမစ္ကူးတံတား တိုင္အမွတ္ P-7လက္ရမ္းေပၚမွ အမ်ိဳးသမီးငယ္တစ္ဦးခုန္ခ် ေသဆံုးမွဳ ျဖစ္ပြားခဲ့သည္။ေတာင္ငူခရိုင္၊ထန္းတပင္ၿမိဳ႕နယ္၊ျခံႀကီးေက်းရြာေန အသက္ ၁၉ ႏွစ္ အရြယ္ မရီရီဝင္းအား မိခင္ျဖစ္သူက



ၾသဂုတ္လ ၄ ရက္ နံနက္ ၇ နာရီ အခ်ိန္တြင္ အိပ္ယာထေနာက္က်သည္ကို ဆူသျဖင့္အထက္ပါ အတိုင္း တံတားေပၚမွ ခုန္ခ်ခဲ့ျခင္းျဖစ္ၿပီး အေလာင္းကိုၾသဂုတ္လ ၆ ရက္ညေန ၄ နာရီခန္႔က အုန္းပင္ ေက်းရြာအေနာက္ဘက္ စစ္ေတာင္းျမစ္ကမ္းစပ္တြင္ ျပန္လည္ေတြ႔ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။“သူတို႔သားအမိႏွစ္ေယာက္။ စကားမ်ားၾကတယ္ေပါ့။ စကားမ်ားတာလည္း တျခားမဟုတ္ပါဘူး။

ကေလး မေလးက မနက္ခင္းဆို အိပ္ယာက ေစာေစာမထေတာ့ အေမက ဆူလိုက္တာ။ ဆူတဲ့ အခါမွာ အေျပာ အဆိုၾကမ္းတာေလးေတြလည္းပါတာေပါ့။ဒီကေလးမေလးကလည္း စိတ္ခံစားခ်က္ အရမ္းမ်ားၿပီး အခုလို ကိုယ့္ကိုကိုယ္ သတ္ေသခဲ့တာေပါ့” ဟု ထန္းတပင္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။ယင္းအမွဳႏွင့္ ပတ္သက္၍ ထန္းတပင္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဉ္ ၇/၂၀၂၀ ျဖင့္ အမႈေရးဖြင့္ ခဲ့ၿပီး ရင္ခြဲ စစ္ေဆးခ်က္အရ အဆုတ္ထဲေရ၀င္ ေရနစ္ေသဆံုးမႈျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။

Credit ျပည္ျမန္မာ

(႕Unicode)


မိခင်က အိပ်ယာထနောက်ကျသည်ကိုဆူသဖြင့် စိတ်ဆိုးကာထန်းတပင်–အုတ်တွင်း ဆက်သွယ် ထားသည့် စစ်တောင်းမြစ်ကူးတံတား တိုင်အမှတ် P-7လက်ရမ်းပေါ်မှ အမျိုးသမီးငယ်တစ်ဦးခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့သည်။တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊ခြံကြီးကျေးရွာနေ အသက် ၁၉ နှစ် အရွယ် မရီရီဝင်းအား မိခင်ဖြစ်သူက




သြဂုတ်လ ၄ ရက် နံနက် ၇ နာရီ အချိန်တွင် အိပ်ယာထနောက်ကျသည်ကို ဆူသဖြင့်အထက်ပါ အတိုင်း တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး အလောင်းကိုသြဂုတ်လ ၆ ရက်ညနေ ၄ နာရီခန့်က အုန်းပင် ကျေးရွာအနောက်ဘက် စစ်တောင်းမြစ်ကမ်းစပ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“သူတို့သားအမိနှစ်ယောက်။ စကားများကြတယ်ပေါ့။ စကားများတာလည်း တခြားမဟုတ်ပါဘူး။

ကလေး မလေးက မနက်ခင်းဆို အိပ်ယာက စောစောမထတော့ အမေက ဆူလိုက်တာ။ ဆူတဲ့ အခါမှာ အပြော အဆိုကြမ်းတာလေးတွေလည်းပါတာပေါ့။ဒီကလေးမလေးကလည်း စိတ်ခံစားချက် အရမ်းများပြီး အခုလို ကိုယ့်ကိုကိုယ် သတ်သေခဲ့တာပေါ့” ဟု ထန်းတပင်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ယင်းအမှုနှင့် ပတ်သက်၍ ထန်းတပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၂၀၂၀ ဖြင့် အမှုရေးဖွင့် ခဲ့ပြီး ရင်ခွဲ စစ်ဆေးချက်အရ အဆုတ်ထဲရေဝင် ရေနစ်သေဆုံးမှုဖြစ်ကြောင်း အတည်ပြုခဲ့သည်။

Credit ပြည်မြန်မာ


Post a Comment

Previous Post Next Post