(Unicode)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးရဲ့ နေထိုင်ရာ နေအိမ်၊ ရပ်ကွက်နဲ့ လမ်းတွေကို သြဂုတ် ၂၀ ရက်နေ့မှ စတင်ပြီး အသွားအလာကန့်သတ်လိုက်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့အမိန့်နဲ့ သြဂုတ် ၂၁ ရက်ကစပြီး စစ်တွေမြို့မဈေးကြီးကို နေတစ်ဝက်သာ ရောင်းချဖို့နဲ့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။


စစ်တွေမြို့ ကျန်မာရေးဌာမှ တာဝန်ရှိသူတဦးက “ဟုတ်ပါတယ်။ ဒီနေ့ကစပြီး ရောဂါပိုးတွေ့ရှိထားတဲ့ လူနာ ၆ ဦးနေထိုင်ခဲ့တဲ့ နေအိမ်၊ ရပ်ကွက်၊ လမ်းတွေကို လော့ဒေါင်းချလိုက်တာပါ။ ဒီလိုလုပ်ရတာက အဲဒီဧရိယာထဲကို ပြင်ပလူတွေ မဝင်စေဖို့ အဓိကရည်ရွယ်ပါတယ်။ နောက်ပြီး ရပ်ကွက်နေအိမ်တွေက လူတွေကိုလည်း အတတ်နိုင်ဆုံးနေအိမ်တွေမှာပဲ နေကြဖို့ တိုက်တွန်းထားတယ်။ နောက်ဈေးကြီးကိုလည်း နေတဝက်သာဖွင့်လှစ်ကြဖို့ သတ်မှတ်လိုက်တယ်” လို့ ပြောပါတယ်။



စစ်တွေမြို့ပေါ်ရှိ အသွားအလာကန့်သတ်ထားတဲ့ လမ်းတွေကတော့ ဓညဝတီ (ခ) ရပ်ကွက်ရှိ စန္ဒာမုနိလမ်း၊ မြို့သူကြီး ရပ်ကွက် ဖက်ဖူလမ်း၊ လမ်းမတော်တောင်ရပ်ကွက်၊ ရဲကျော်သူကျောင်း လမ်းနဲ့ အောင်ဇံဝေလမ်းကြားရှိ အောင်ဇံဝေလမ်းသွယ်၊ ရဲကျော်သူ ကျောင်းလမ်းသွယ်၊ DRC (NGO)ရုံး၊ ပြည်တော်သာရပ်ကွက်ရှိ မြောက်စံပြဓမ္မာရုံဘေးလမ်း၊ နီးစပ်ရာရပ်ကွက် မိဇံလမ်း၊ ရွှေသာလမ်း၊ ငပိန်လမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။ စစ်တွေမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ထပ်တိုးလာတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ အခုလို စည်းကမ်းသတ်မှတ်ရတာလို့ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတွေက DVB ကိုပြောပါတယ်။



စစ်တွေမြို့မှာ လက်ရှိ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး တွေ့ရှိထားပေမဲ့ စစ်တွေမြို့ပေါ်နေ ပြည်သူတွေကတော့ လူစုလူဝေးရှိတဲ့ နေရာတွေမှာ MASK မတပ်ဘဲ သွားလာနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးဌာနကလည်း အသိပညာပေးတာ၊ စည်းကမ်းတင်းကြပ်တာတွေ လုပ်ဆောင်တဲ့အပိုင်းမှာ အားနည်းနေပြီး လက်ဆေးဖို့ နေရာတွေလည်း သတ်မှတ်လုပ်ဆောင်ပေးထားတာ မရှိဘူးလို့ သိရပါတယ်။

စဈတှမွေို့ပေါျပဈခတျမှုဖွဈ၊ အေးငွိမျးကုမ်ပဏီပိုငျရှငျအပါအဝငျနှဈဦးဒဏျရာရ  | Narinjara News
DVB


(Zawgyi)


ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၆ ဦးရဲ႕ ေနထိုင္ရာ ေနအိမ္၊ ရပ္ကြက္နဲ႔ လမ္းေတြကို ၾသဂုတ္ ၂၀ ရက္ေန႔မွ စတင္ၿပီး အသြားအလာကန႔္သတ္လိုက္ပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ႕အမိန႔္နဲ႔ ၾသဂုတ္ ၂၁ ရက္ကစၿပီး စစ္ေတြၿမိဳ႕မေစ်းႀကီးကို ေနတစ္ဝက္သာ ေရာင္းခ်ဖို႔နဲ႔ လက္ဖက္ရည္ဆိုင္၊ ထမင္းဆိုင္ေတြကိုလည္း ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်ဖို႔ သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။


စစ္ေတြၿမိဳ႕ က်န္မာေရးဌာမွ တာဝန္ရွိသူတဦးက “ဟုတ္ပါတယ္။ ဒီေန႔ကစၿပီး ေရာဂါပိုးေတြ႕ရွိထားတဲ့ လူနာ ၆ ဦးေနထိုင္ခဲ့တဲ့ ေနအိမ္၊ ရပ္ကြက္၊ လမ္းေတြကို ေလာ့ေဒါင္းခ်လိုက္တာပါ။ ဒီလိုလုပ္ရတာက အဲဒီဧရိယာထဲကို ျပင္ပလူေတြ မဝင္ေစဖို႔ အဓိကရည္႐ြယ္ပါတယ္။ ေနာက္ၿပီး ရပ္ကြက္ေနအိမ္ေတြက လူေတြကိုလည္း အတတ္ႏိုင္ဆုံးေနအိမ္ေတြမွာပဲ ေနၾကဖို႔ တိုက္တြန္းထားတယ္။ ေနာက္ေစ်းႀကီးကိုလည္း ေနတဝက္သာဖြင့္လွစ္ၾကဖို႔ သတ္မွတ္လိုက္တယ္” လို႔ ေျပာပါတယ္။

စစ္ေတြၿမိဳ႕ေပၚရွိ အသြားအလာကန္႔သတ္ထားတဲ့ လမ္းေတြကေတာ့ ဓညဝတီ (ခ) ရပ္ကြက္ရွိ စႏၵာမုနိလမ္း၊ ၿမိဳ႕သူႀကီး ရပ္ကြက္ ဖက္ဖူလမ္း၊ လမ္းမေတာ္ေတာင္ရပ္ကြက္၊ ရဲေက်ာ္သူေက်ာင္း လမ္းနဲ႔ ေအာင္ဇံေဝလမ္းၾကားရွိ ေအာင္ဇံေဝလမ္းသြယ္၊ ရဲေက်ာ္သူ ေက်ာင္းလမ္းသြယ္၊ DRC (NGO)႐ုံး၊ ျပည္ေတာ္သာရပ္ကြက္ရွိ ေျမာက္စံျပဓမၼာ႐ုံေဘးလမ္း၊ နီးစပ္ရာရပ္ကြက္ မိဇံလမ္း၊ ေ႐ႊသာလမ္း၊ ငပိန္လမ္းတို႔ျဖစ္တယ္လို႔ သိရပါတယ္။ စစ္ေတြၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႕လူနာ ထပ္တိုးလာတာေၾကာင့္ ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ အခုလို စည္းကမ္းသတ္မွတ္ရတာလို႔ စစ္ေတြၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕တာဝန္ရွိသူေတြက DVB ကိုေျပာပါတယ္။


စစ္ေတြၿမိဳ႕မွာ လက္ရွိ ကိုဗစ္-၁၉ လူနာသစ္ ၆ ဦး ေတြ႕ရွိထားေပမဲ့ စစ္ေတြၿမိဳ႕ေပၚေန ျပည္သူေတြကေတာ့ လူစုလူေဝးရွိတဲ့ ေနရာေတြမွာ MASK မတပ္ဘဲ သြားလာေနၾကတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ က်န္းမာေရးဌာနကလည္း အသိပညာေပးတာ၊ စည္းကမ္းတင္းၾကပ္တာေတြ လုပ္ေဆာင္တဲ့အပိုင္းမွာ အားနည္းေနၿပီး လက္ေဆးဖို႔ ေနရာေတြလည္း သတ္မွတ္လုပ္ေဆာင္ေပးထားတာ မရွိဘူးလို႔ သိရပါတယ္။

စစ်တွေမြို့ပေါ်ပစ်ခတ်မှုဖြစ်၊ အေးငြိမ်းကုမ္ပဏီပိုင်ရှင်အပါအ၀င်နှစ်ဦးဒဏ်ရာရ  | Narinjara News
DVB

Post a Comment

Previous Post Next Post