(Unicode)


ကျွန်တော်တို့တွေများ တစ်လတစ်ခါထီပုံမှန်ထိုးနေတာ ၅ သောင်းဆုတောင် တစ်ခါမှမပေါက်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခု အမျိုးသားကတော့ ထီပုံမှန်ထိုးနေကျမဟုတ်ဘဲ ဒီတိုင်း ကံစမ်းလိုက်တာတောင်မှပဲ တစ်ခါတည်းနဲ့ ထီဆု ၂၅ ဆုကို ပေါက်သွားခဲ့သတဲ့လေ။သူ့နာမည်ကတော့ Raymond Harrington ဖြစ်ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Virginia ကမ်းခြေမှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပေမယ့်လည်း COVID-19 ကြောင့် မိသားစုတစ်စုလုံး မှီခိုနေရတဲ့ အလုပ်ကလေးကနေပြီး ပြုတ်သွားခဲ့ပါတယ်။ အလုပ်အသစ်ကလည်း ပြန်ရှာရတာ ဒီကာလကြီးမှာ သိပ်ကိုခက်ခဲလွန်းတဲ့အတွက် အမျိုးသားဟာ မိသားစုရဲ့ စားဝတ်နေရေးကိုတွေးပူပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့။



အဲဒီမှာ စိတ်ပြေလက်ပျောက် မျှော်လင့်ချက်လေးများ ရှိမလားဆိုကာ ထီးထိုးဖို့ အကြံရခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ ဇူလိုင်လ ၁၇ ရက်နေ့ညမှာပဲ Wegman ဆိုတဲ့ဆိုင်လေးမှာ ထီဝင်ထိုးခဲ့ပါတယ်။ ထီတစ်စောင်ကို တစ်ဒေါ်လာပေးရတဲ့ Pick 4 အမျိုးအစားကို ထိုးခဲ့တာပါ။ သူ့ရဲ့ ဆုပေးတဲ့ ပုံစံကတော့ ကိုယ်က ကဏန်း ၄ လုံးပါတဲ့ နံပါတ်ကို ရွေးချယ်ရမှာဖြစ်ပြီး နံပါတ်တူကိုလည်း ဘယ်နစောင်ထိုးထိုးရတယ်ပေါ့လေ။

ဒါနဲ့ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ်လေးလုံးကို ရွေးချယ်ခဲ့ပါတယ်။ အစကတော့ တစ်စောင်ပဲ ထိုးဖို့ ကြံရွယ်ခဲ့ပေမယ့် မသိစိတ်ကနေပြီး သူ့ကို အဲဒီနံပါတ်ကိုပဲ ၂၅ စောင်ထိုးဖို့အတွက် အရမ်းတွေ တိုက်တွန်းနေခဲ့တာကြောင့် စိတ်ဆုံးဖြတ်ပြီး ၂၅ ဒေါ်လာနဲ့ 4-6-4-0 ကိုပဲ ၂၅ စောင်တိတိ ထိုးလိုက်ခဲ့ပါတော့တယ်။ Pick 4 ထီက ဒီနေ့ထိုးတဲ့ နံပါတ်တွေကို မနက်ဖြန်တစ်ခါတည်း ထီပေါက်စဉ်ထုတ်ပေးတာဖြစ်တဲ့အတွက် နောက်တစ်နေ့မှာတော့ Raymond အနေနဲ့ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားစေခဲ့ပါတော့တယ်။



သူထိုးခဲ့တဲ့ 4-6-4-0 ကဏန်းဟာ ထီပေါက်ကဏန်းဖြစ်သွားခဲ့ပါတယ်။ တစ်စောင်ကို ဒေါ်လာ ၅၀၀၀ ဆိုတော့ ၂၅ ကြိမ်ဆိုတော့ ဒေါ်လာ ၁၂၅,၀၀၀ တောင် ရသွားခဲ့တာပါ။ တော်တော်လေး ကံကောင်းတဲ့ Raymond ပါပဲ။ ထီထိုးတုန်းက စိတ်ထဲမှာရှိနေတာ သူရဲ့သားလေးနှစ်ယောက် တက္ကသိုလ်တက်တဲ့အခါ ပေးရမယ့်ပိုက်ဆံတွေကိုပဲ ရှိနေတာပါတဲ့။ အခုတော့ Raymond ဘဝလေး အဆင်ပြေချောင်လည်သွားပြီပေါ့။

credit – shwemom

(Zawgyi)


ကၽြန္ေတာ္တို႔ေတြမ်ား တစ္လတစ္ခါထီပံုမွန္ထိုးေနတာ ၅ ေသာင္းဆုေတာင္ တစ္ခါမွမေပါက္ခဲ့ဖူးဘူး။ ဒါေပမဲ့ အခု အမ်ိဳးသားကေတာ့ ထီပံုမွန္ထိုးေနက်မဟုတ္ဘဲ ဒီတိုင္း ကံစမ္းလိုက္တာေတာင္မွပဲ တစ္ခါတည္းနဲ႔ ထီဆု ၂၅ ဆုကို ေပါက္သြားခဲ့သတဲ့ေလ။သူ႕နာမည္ကေတာ့ Raymond Harrington ျဖစ္ေၾကာင္း Fox News သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ Virginia ကမ္းေျခမွာေနထုိင္သူတစ္ဦးျဖစ္ပါတယ္။ အိမ္ေထာင္ဦးစီးတစ္ဦးျဖစ္ေပမယ့္လည္း COVID-19 ေၾကာင့္ မိသားစုတစ္စုလံုး မွီခိုေနရတဲ့ အလုပ္ကေလးကေနၿပီး ျပဳတ္သြားခဲ့ပါတယ္။ အလုပ္အသစ္ကလည္း ျပန္ရွာရတာ ဒီကာလႀကီးမွာ သိပ္ကိုခက္ခဲလြန္းတဲ့အတြက္ အမ်ိဳးသားဟာ မိသားစုရဲ႕ စားဝတ္ေနေရးကိုေတြးပူၿပီး စိတ္ဓာတ္က်ေနတဲ့အခ်ိန္ေပါ့။



အဲဒီမွာ စိတ္ေျပလက္ေပ်ာက္ ေမွ်ာ္လင့္ခ်က္ေလးမ်ား ရွိမလားဆိုကာ ထီးထိုးဖို႔ အၾကံရခဲ့ပါတယ္တဲ့။ ဒါနဲ႔ပဲ ဇူလုိင္လ ၁၇ ရက္ေန႔ညမွာပဲ Wegman ဆိုတဲ့ဆုိင္ေလးမွာ ထီဝင္ထိုးခဲ့ပါတယ္။ ထီတစ္ေစာင္ကို တစ္ေဒၚလာေပးရတဲ့ Pick 4 အမ်ိဳးအစားကို ထိုးခဲ့တာပါ။ သူ႕ရဲ႕ ဆုေပးတဲ့ ပံုစံကေတာ့ ကိုယ္က ကဏန္း ၄ လံုးပါတဲ့ နံပါတ္ကို ေရြးခ်ယ္ရမွာျဖစ္ၿပီး နံပါတ္တူကိုလည္း ဘယ္နေစာင္ထိုးထိုးရတယ္ေပါ့ေလ။

ဒါနဲ႔ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ္ေလးလံုးကို ေရြးခ်ယ္ခဲ့ပါတယ္။ အစကေတာ့ တစ္ေစာင္ပဲ ထိုးဖို႔ ၾကံရြယ္ခဲ့ေပမယ့္ မသိစိတ္ကေနၿပီး သူ႕ကို အဲဒီနံပါတ္ကိုပဲ ၂၅ ေစာင္ထိုးဖို႔အတြက္ အရမ္းေတြ တိုက္တြန္းေနခဲ့တာေၾကာင့္ စိတ္ဆံုးျဖတ္ၿပီး ၂၅ ေဒၚလာနဲ႔ 4-6-4-0 ကိုပဲ ၂၅ ေစာင္တိတိ ထိုးလိုက္ခဲ့ပါေတာ့တယ္။ Pick 4 ထီက ဒီေန႔ထိုးတဲ့ နံပါတ္ေတြကို မနက္ျဖန္တစ္ခါတည္း ထီေပါက္စဥ္ထုတ္ေပးတာျဖစ္တဲ့အတြက္ ေနာက္တစ္ေန႔မွာေတာ့ Raymond အေနနဲ႔ ဘဝႀကီးတစ္ခုလံုး ေျပာင္းလဲသြားေစခဲ့ပါေတာ့တယ္။



သူထိုးခဲ့တဲ့ 4-6-4-0 ကဏန္းဟာ ထီေပါက္ကဏန္းျဖစ္သြားခဲ့ပါတယ္။ တစ္ေစာင္ကို ေဒၚလာ ၅၀၀၀ ဆိုေတာ့ ၂၅ ႀကိမ္ဆိုေတာ့ ေဒၚလာ ၁၂၅,၀၀၀ ေတာင္ ရသြားခဲ့တာပါ။ ေတာ္ေတာ္ေလး ကံေကာင္းတဲ့ Raymond ပါပဲ။ ထီထိုးတုန္းက စိတ္ထဲမွာရွိေနတာ သူရဲ႕သားေလးႏွစ္ေယာက္ တကၠသိုလ္တက္တဲ့အခါ ေပးရမယ့္ပိုက္ဆံေတြကိုပဲ ရွိေနတာပါတဲ့။ အခုေတာ့ Raymond ဘဝေလး အဆင္ေျပေခ်ာင္လည္သြားၿပီေပါ့။

credit – shwemom

Post a Comment

Previous Post Next Post