(Unicode)

သရုပ်ဆောင် နေယံကတော့ ယခင်က မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်မှု နည်းပါးသွားပေမယ့် ကိုယ်ပိုင် စီးပွားရေးအဖြစ် ဖက်ရှင်ဆိုင်ဖွင့်ကာ ပရိသတ် အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။

သရုပ်ဆောင်နေယံံဟာ အဝတ်အထည် ရောင်းတဲ့အလုပ်ကို ၂၀၁၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အနုပညာအလုပ် ပါးနေချိန်မှာ စလုပ်ဖြစ်တာလို့ ဆိုပါတယ်။ဒီရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ နေယံက သူဟာငယါစဉ်ကတည်းက ပိုက်ဆံကို တန်ဖိုးထားသုံးစွဲတတ်သူ ဖြစ်ပြီး တစ်ကျပ်ကအစ တန်ဖိုးထားတယ်လို့ ဆိုလာခဲ့တာပါ။



နေယံက “အစ်ကိုက ဒီနေ့ထိ မုန့်ဖိုး(၂၀၀၀)ပဲကုန်တယ်။ ညလည်းမထွက်ဘူး။ အရက်မသောက်ဘူး။ အဲ့တော့ငွေကအပိုမထွက်တော့ဘူး။ အနုပညာရှင်ဘဝကတည်းက မသုံးခဲ့ရဘူး။ ပေါပေါများများလည်း ဝင်ငွေမရခဲ့ဘူး။ဘေထုတ်တွေဝတ်ပြီးတော့လည်း ဖြတ်သန်းခဲ့ရတယ်။ မရှိတဲ့ဘဝကလာတာဖြစ်တဲ့အတွက်ကြောင့် ပိုတန်ဖိုးထားတာပေါ့”လို့ ပြောလာခဲ့တာဖြစ်ပါတယ်။



ဆက်လက်ပြီးနေယံက ” အကိုက အိမ်မှာဆိုလည်းကြက်ဥကြော်နဲ့ လက်ဖက်ပဲအကိုကကြိုက်တော့ စားဖြစ်တယ် နောက်အလုပ်မှာဆိုလည်း ၂၀၀၀ လောက်နဲ့အရသာရှိတဲ့ ဆိုင်လေးရှိတော့ အဲ့ဒါနဲ့စားဖြစ်တယ် အဲ့တော့ အကိုက အသုံးစရိတ်ကို သိပ်မရှိတာ” လို့ သူ့ရဲ့ သုံးစွဲပုံသုံးစွဲနည်းကို မျှဝေလာခဲ့တာပါ ပရိသတ်ကြီးရေ

ကိုနေယံ ရဲ့ ငွေကြေးသုံးစွဲပုံနည်းစနစ်လေးကတော့ တကယ့်ကို အတူယူစရာလေးပါပဲနော် အားလုံးသိရှိနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် ပရိသတ်ကြီးရေ


(Zawgyi)


သ႐ုပ္ေဆာင္ ေနယံကေတာ့ ယခင္က ျမန္မာ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြ၊ ေၾကာ္ျငာေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး ယခုအခါမွာေတာ့ သ႐ုပ္ေဆာင္ အလုပ္ကို လုပ္ကိုင္မႈ နည္းပါးသြားေပမယ့္ ကိုယ္ပိုင္ စီးပြားေရးအျဖစ္ ဖက္ရွင္ဆိုင္ဖြင့္ကာ ပရိသတ္ အားေပးမႈ ရရွိထားသူ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေနယံံဟာ အဝတ္အထည္ ေရာင္းတဲ့အလုပ္ကို ၂၀၁၄ ခုႏွစ္ကတည္းက လုပ္ကိုင္ခဲ့တာျဖစ္ၿပီး အႏုပညာအလုပ္ ပါးေနခ်ိန္မွာ စလုပ္ျဖစ္တာလို႔ ဆိုပါတယ္။ဒီရက္ပိုင္းမီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့ ေနယံက သူဟာငယါစဥ္ကတည္္းက ပိုက္ဆံကို တန္ဖိုးထားသုံးစြဲတတ္သူ ျဖစ္ၿပီး တစ္က်ပ္ကအစ တန္ဖိုးထားတယ္လို႔ ဆိုလာခဲ့တာပါ။



ေနယံက “အစ္ကိုက ဒီေန႔ထိ မုန္႔ဖိုး(၂၀၀၀)ပဲကုန္တယ္။ ညလည္းမထြက္ဘူး။ အရက္မေသာက္ဘူး။ အဲ့ေတာ့ေငြကအပိုမထြက္ေတာ့ဘူး။ အႏုပညာရွင္ဘဝကတည္းက မသုံးခဲ့ရဘူး။ ေပါေပါမ်ားမ်ားလည္း ဝင္ေငြမရခဲ့ဘူး။ေဘထုတ္ေတြဝတ္ၿပီးေတာ့လည္း ျဖတ္သန္းခဲ့ရတယ္။ မရွိတဲ့ဘဝကလာတာျဖစ္တဲ့အတြက္ေၾကာင့္ ပိုတန္ဖိုးထားတာေပါ့”လို႔ ေျပာလာခဲ့တာျဖစ္ပါတယ္

ဆက္လက္ၿပီးေနယံက ” အကိုက အိမ္မွာဆိုလည္းၾကက္ဥေၾကာ္နဲ႔ လက္ဖက္ပဲအကိုကႀကိဳက္ေတာ့ စားျဖစ္တယ္ ေနာက္အလုပ္မွာဆိုလည္း ၂၀၀၀ ေလာက္နဲ႔အရသာရွိတဲဲ့ ဆိုင္ေလးရွိေတာ့ အဲ့ဒါနဲ႔စားျဖစ္တယ္ အဲ့ေတာ့ အကိုက အသုံးစရိတ္ကို သိပ္မရွိတာ” လို႔ သူ႔ရဲ႕ သုံးစြဲပုံသုံးစြဲနည္းကို မွ်ေဝလာခဲ့တာပါ ပရိသတ္ႀကီးေရ။



ကိုေနယံ ရဲ႕ ေငြေၾကးသုံးစြဲပုံနည္းစနစ္ေလးကေတာ့ တကယ့္ကို အတူယူစရာေလးပါပဲေနာ္ အားလုံးသိရွိႏိုင္ဖို႔ တင္ဆက္ေပးလိုက္ရပါတယ္ ပရိသတ္ႀကီးေရ

Post a Comment

Previous Post Next Post