(Unicode)

မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အသက်ငယ်ငယ်လေးနဲ့ မင်းသမီးအဖြစ် အနုပညာပျိုးခင်းကနေတစ်ဆင့် ဝင်ရောက်လာခဲ့သူလေး ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့ အောင်မြင်မှုများစွာ ရရှိနေပြီ ဖြစ်တဲ့ နိုင်ငံကျော်မင်းသမီးတစ်လက် အဖြစ် အနုပညာလောကမှာ ရပ်တည်နေသူပါ။


အဆိုတော် ရွှေထူးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင် မင်းသမီးအဖြစ်နဲ့သာမက ဂီတဘက်မှာလည်း ခင်ပွန်းသည်ရဲ့ အကူအညီနဲ့အတူ သီချင်းကောင်းများကို သီဆိုနေပါပြီ။ အနုပညာလောကထဲကို အသက်ငယ်ငယ်နဲ့ ဝင်ရောက်ခဲ့ရတာကြောင့် ပညာရေးမှာ လစ်ဟင်းခဲ့ပြီး ဆယ်တန်းမအောင်ခဲ့ရတဲ့အပေါ် သူမရဲ့ ခံစားချက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။


ရွှေမှုန်ရတီ ပြောခဲ့တာကတော့ ” ဆယ်တန်းမအောင်ဘူးဆိုပြီး နှိမ်တဲ့အတွက် အရမ်းဝမ်းနည်းရပါတယ်။ အခုတော့ ပြန်ဖြေဖို့လည်း စဉ်းစားထားပါတယ်။ အခု အောင်စာရင်း ထွက်သွားပြီဆိုတော့ အောင်မြင်တဲ့သူတွေရော ကျရှုံးတဲ့သူတွေပါ congratulation ပါလို့ ပြောချင်ပါတယ်။ ဆယ်တန်းမအောင်လို့လည်း စိတ်ဆင်းရဲစရာမရှိပါဘူး ။ အားမလျှော့ပါနဲ့ ဆက်ကြိုးစားပါ။ ကြိုးစားချင်စိတ် ရှိနေသရွေ့ ကြိုးစားဖို့ အခွင့်အရေးတွေ အများကြီး ရှိနေသေးတယ်။ ကြိုးစားချင်စိတ် ရှိဖို့ပဲ လိုတယ်။ ကြိုးစားချင်စိတ် မရှိရင်တော့ ဘာမှ လုပ်လို့ မရတော့ဘူး။ အဓိကကတော့ မိဘကို လုပ်ကျွေးပြုစုဖို့ပဲ လိုတယ်။


၁၀တန်းမအောင်လို့ သဲကို နှိမ်ကြတာတွေကလည်း သဲကို ဆယ်တန်းပြန်ဖြေဖို့ လှုံ့ဆော်နေသလိုပဲ..သဲ အသက် ၂၂ နှစ် ဆိုတော့ ပြန်ဖြေဖို့ အချိန်မှီလောက်သေးတယ်လို့လည်း ထင်ပါတယ်။ အခုလက်ရှိတောင် ဇာတ်ညွှန်းတွေ ဖတ်နိုင် ကျက်နိုင်သေးတာဆိုတော့ စာကျက်နိုင်တဲ့ ဦးနှောက်ရှိသေးတယ်လို့လည်း ထင်ပါတယ်။


ဆယ်တန်းမအောင်ရတဲ့ အကြောင်းကတော့ အနုပညာဘက်မှာ အာရုံစိုက်လိုက်တဲ့အတွက် ပညာရေးဘက်မှာ လစ်ဟင်းသွားတာပါ။ ငယ်ငယ်ကတည်းက ကျောင်းမှာ အဆင့် ၁ ကနေ ၃ အတွင်း ဝင်တယ် စာအရမ်းတော်ပါတယ်။ အဲ့ဒါကြောင့် အနုပညာအလုပ် မလုပ်ဘူးဆိုရင် ဆယ်တန်းအောင်မှာ သေချာပါတယ်။ အနုပညာအလုပ် စလုပ်တော့ အဆင့်က နောက်ဆုံးကို ရောက်သွားတယ်။


အဲ့ကတည်းက သဲ သိလိုက်တယ်။ ဆယ်တန်းအောင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ..အလုပ် ၂ ခု လုပ်ဖို့ မဖြစ်နိုင်ဘူး တစ်ခုကို အာရုံစိုက်နိုင်မှ အဲ့တစ်ခုကို အောင်မြင်မှာဆိုတော့လေ။ ဘာပဲပြောပြော သဲ အာရုံစိုက်လိုက်တဲ့အလုပ်တစ်ခုက မိသားစုကို ရှာကျွေးဖို့ ဖြစ်သွားတယ်။အဲ့အတွက် အရမ်းဝမ်းသာတယ်။ ဆယ်တန်းမအောင်သည့်တိုင်အောင် သဲကိုယ်သဲ အရမ်းဂုဏ်ယူတယ်။ ” ဆိုပြီး ဖြေကြားပေးခဲ့ပါတယ်။


ပရိတ်သတ်ကြီးထဲမှာလည်း အခုနှစ် ဆယ်တန်းမအောင်မြင်ခဲ့တဲ့ ညီငယ် ညီမငယ်လေးတွေ ရှိရင် အားမငယ်ဖို့နဲ့ ဆက်ကြိုးစားဖို့ မှာချင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ သာယာပျော်ရွှင်တဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


(Zawgyi)


မင္းသမီးေခ်ာေလး ေ႐ႊမႈန္ရတီကေတာ့ အသက္ငယ္ငယ္ေလးနဲ႔ မင္းသမီးအျဖစ္ အႏုပညာပ်ိဳးခင္းကေနတစ္ဆင့္ ဝင္ေရာက္လာခဲ့သူေလး ျဖစ္ပါတယ္။ အခုခ်ိန္မွာဆိုရင္ေတာ့ ေအာင္ျမင္မႈမ်ားစြာ ရရွိေနၿပီ ျဖစ္တဲ့ ႏိုင္ငံေက်ာ္မင္းသမီးတစ္လက္ အျဖစ္ အႏုပညာေလာကမွာ ရပ္တည္ေနသူပါ။


အဆိုေတာ္ ေ႐ႊထူးနဲ႔အတူ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ထားၿပီး သ႐ုပ္ေဆာင္ မင္းသမီးအျဖစ္နဲ႔သာမက ဂီတဘက္မွာလည္း ခင္ပြန္းသည္ရဲ႕ အကူအညီနဲ႔အတူ သီခ်င္းေကာင္းမ်ားကို သီဆိုေနပါၿပီ။ အႏုပညာေလာကထဲကို အသက္ငယ္ငယ္နဲ႔ ဝင္ေရာက္ခဲ့ရတာေၾကာင့္ ပညာေရးမွာ လစ္ဟင္းခဲ့ၿပီး ဆယ္တန္းမေအာင္ခဲ့ရတဲ့အေပၚ သူမရဲ႕ ခံစားခ်က္ကို အခုလိုပဲ ေျပာျပခဲ့ပါတယ္။


ေ႐ႊမႈန္ရတီ ေျပာခဲ့တာကေတာ့ ” ဆယ္တန္းမေအာင္ဘူးဆိုၿပီး ႏွိမ္တဲ့အတြက္ အရမ္းဝမ္းနည္းရပါတယ္။ အခုေတာ့ ျပန္ေျဖဖို႔လည္း စဥ္းစားထားပါတယ္။​ အခု ေအာင္စာရင္း ထြက္သြားၿပီဆိုေတာ့ ေအာင္ျမင္တဲ့သူေတြေရာ က်ရႈံးတဲ့သူေတြပါ congratulation ပါလို႔ ေျပာခ်င္ပါတယ္။ ဆယ္တန္းမေအာင္လို႔လည္း စိတ္ဆင္းရဲစရာမရွိပါဘူး ။ အားမေလွ်ာ့ပါနဲ႔ ဆက္ႀကိဳးစားပါ။ ႀကိဳးစားခ်င္စိတ္ ရွိေနသေ႐ြ႕ ႀကိဳးစားဖို႔ အခြင့္အေရးေတြ အမ်ားႀကီး ရွိေနေသးတယ္။ ႀကိဳးစားခ်င္စိတ္ ရွိဖို႔ပဲ လိုတယ္။ ႀကိဳးစားခ်င္စိတ္ မရွိရင္ေတာ့ ဘာမွ လုပ္လို႔ မရေတာ့ဘူး။ အဓိကကေတာ့ မိဘကို လုပ္ေကြၽးျပဳစုဖို႔ပဲ လိုတယ္။


၁၀တန္းမေအာင္လို႔ သဲကို ႏွိမ္ၾကတာေတြကလည္း သဲကို ဆယ္တန္းျပန္ေျဖဖို႔ လႈံ႕ေဆာ္ေနသလိုပဲ..သဲ အသက္ ၂၂ ႏွစ္ ဆိုေတာ့ ျပန္ေျဖဖို႔ အခ်ိန္မွီေလာက္ေသးတယ္လို႔လည္း ထင္ပါတယ္။ အခုလက္ရွိေတာင္ ဇာတ္ၫႊန္းေတြ ဖတ္ႏိုင္ က်က္ႏိုင္ေသးတာဆိုေတာ့ စာက်က္ႏိုင္တဲ့ ဦးေႏွာက္ရွိေသးတယ္လို႔လည္း ထင္ပါတယ္။


ဆယ္တန္းမေအာင္ရတဲ့ အေၾကာင္းကေတာ့ အႏုပညာဘက္မွာ အာ႐ုံစိုက္လိုက္တဲ့အတြက္ ပညာေရးဘက္မွာ လစ္ဟင္းသြားတာပါ။ ငယ္ငယ္ကတည္းက ေက်ာင္းမွာ အဆင့္ ၁ ကေန ၃ အတြင္း ဝင္တယ္ စာအရမ္းေတာ္ပါတယ္။ အဲ့ဒါေၾကာင့္ အႏုပညာအလုပ္ မလုပ္ဘူးဆိုရင္ ဆယ္တန္းေအာင္မွာ ေသခ်ာပါတယ္။ အႏုပညာအလုပ္ စလုပ္ေတာ့ အဆင့္က ေနာက္ဆုံးကို ေရာက္သြားတယ္။


အဲ့ကတည္းက သဲ သိလိုက္တယ္။ ဆယ္တန္းေအာင္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ..အလုပ္ ၂ ခု လုပ္ဖို႔ မျဖစ္ႏိုင္ဘူး တစ္ခုကို အာ႐ုံစိုက္ႏိုင္မွ အဲ့တစ္ခုကို ေအာင္ျမင္မွာဆိုေတာ့ေလ။ ဘာပဲေျပာေျပာ သဲ အာ႐ုံစိုက္လိုက္တဲ့အလုပ္တစ္ခုက မိသားစုကို ရွာေကြၽးဖို႔ ျဖစ္သြားတယ္။​အဲ့အတြက္ အရမ္းဝမ္းသာတယ္။​ ဆယ္တန္းမေအာင္သည့္တိုင္ေအာင္ သဲကိုယ္သဲ အရမ္းဂုဏ္ယူတယ္။ ” ဆိုၿပီး ေျဖၾကားေပးခဲ့ပါတယ္။


ပရိတ္သတ္ႀကီးထဲမွာလည္း အခုႏွစ္ ဆယ္တန္းမေအာင္ျမင္ခဲ့တဲ့ ညီငယ္ ညီမငယ္ေလးေတြ ရွိရင္ အားမငယ္ဖို႔နဲ႔ ဆက္ႀကိဳးစားဖို႔ မွာခ်င္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။ သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Post a Comment

Previous Post Next Post