(Zawgyi)

အာရွမွာရွိတဲ့ သိပၸံ ပညာရွင္ေတြဟာ SARS နဲ႔ဆင္တူတဲ့ဗိုင္းရပ္စ္ပိုးျပန႔္ႏွံ့ဖူးတဲ့နိုင္ငံေတြရွိလူထုၾကားမွာ Covid-19 နဲ႔ပတ္သက္လို႔ ေရာဂါပိုးခံနိုင္ရည္မ်ားရွိေနမလားဆိုတဲ့ စူးစမ္းမႈျပဳလုပ္ေနၾကပါတယ္။ သေဘာကေတာ့ ဗီယက္နမ္လိုနိုင္ငံဟာ Covid-19 နဲ႔ပတ္သက္လို႔ တကယ္ပဲ ကံေကာင္းေနသလား၊ ေရာဂါပိုး အတန္ငယ္ၿပီးေနသလားဆိုတာကို သိခ် င္ေနၾကပါတယ္။


ယူေကနိုင္ငံ ေအာက္စဖို႔တကၠသိုလ္က ေဆးပညာပါေမာကၡ Professor John Bell လို ပညာရွင္အခ်ိဳ႕က ဗီယက္နမ္အေနနဲ႔ Covid အႀကီးအက်ယ္မျဖစ္ခဲ့ဘူးဆိုတာက ေရာဂါပိုးခံနိုင္ရည္ရွိေနတာ ျဖစ္နိုင္တယ္လို႔ ေတြးေနၾကတာျဖစ္ပါတယ္။ Sars လို ဗိုင္းရပ္မ်ိဳးလူေတြၾကားမွာ ပုံမွန္ရွိဖူးေနတဲ့ ေဒသေတြမွာ သဘာဝေရာဂါခံနိုင္ရည္ ရွိလာတယ္လို႔ ယူေနၾကတာျဖစ္ပါတယ္။ ဟိုခ်ီမင္းၿမိဳ႕ရွိ ေအာက္စဖို႔တကၠသိုလ္သုေသသနဌာနက Professor Guy Thwaites ရဲ့အေျပာအရေတာ့ ဗီယက္နမ္ရဲ့ Covid အႀကီးအက်ယ္မျဖစ္ခဲ့မႈဟာ အာဏာပိုင္ေတြရဲ့ နိုးၾကားတက္ႂကြတဲ့ လက္ျမန္မႈေၾကာင့္လို႔ ဆိုပါတယ္။ အထူးသျဖင့္ quarantine အျမန္ လုပ္ၿပီး quarantine လုပ္ရာမွာလည္ ေသေ သခ်ာခ်ာ တိတိက်က် လုပ္နိုင္ခဲ့လို႔ပါတဲ့။


ဗီယက္နမ္ဟာ တကယ္ပဲလက္ျမန္ခဲ့ပါတယ္တဲ့။ စျဖစ္ ျဖစ္ျခင္းပဲ တိုင္းျပည္အတြင္းဝင္လာတဲ့လူေတြကို လိုက္လံရွာေဖြၿပီး သူတို႔နဲ႔ထိေတြ႕ခဲ့တဲ့သူေတြကိုပါ quarantine ဝင္ခိုင္းခဲ့ပါတယ္။ စုစုေပါင္း လူႏွစ္သိန္းေလာက္ကို quarantine ဝင္ခိုင္းခဲ့တာပါ။ Professor Guy Thwaites ကေတာ့ အခုလို Covid ေရာဂါပိုးကို ခံနိုင္ရည္ရွိတယ္ဆိုတာမ်ိဳးက အႏုမာန အယူအဆသာလၽွင္ျဖစ္ပါတယ္တဲ့။ (အႏုမာနအယူအဆ = စိတ္ကူးသက္သက္သာရွိေသးၿပီးလက္ေတြ႕သက္ေသမျပနိုင္ေသးေသာအ ယူအဆ။)


Professor Guy Thwaites က ဆက္ေျပာတာက ဒါဟာ အႏုမာနအယူအဆဆိုေပမယ့္လည္း တကယ္ဟုတ္မဟုတ္ က်ေနာ္တို႔ေလ့လာၾကည့္လို႔ ရနိုင္ပါတယ္တဲ့။ ျဖစ္နိုင္တဲ့ အယူအဆတစ္ခုပါပဲတဲ့။ စင္ကာပူက သိပၸံပညာရွင္ေတြကလည္း အဲ့ဒီအယူအဆမွန္မမွန္ ေလ့လာေနၾကပါတယ္။ ေက်းလက္နယ္အခ်ိဳ႕မွာ ေရာဂါခံနိုင္ အားျမင့္ေနနိုင္တယ္ဆိုတဲ့ အခ်က္ကို က်ေနာ္တို႔အေသအခ်ာေလ့လာေနပါတယ္လို႔ Professor Antonio Bertoletti မွ ဆိုလိုက္ပါတယ္။ Professor Antonio Bertoletti ဟာ စင္ကာပူနို င္ငံ Duke-NUS Medical School မွ ကူးစက္ေရာဂါဆိုင္ရာ အထူးကၽြမ္းက်င္သူျဖစ္ပါတယ္။



Professor Antonio Bertoletti ဦးေဆာင္တဲ့အဖြဲ႕ဟာ Covid-19 နဲ႔ SARS ေရာဂါမွ ျပန္ေကာင္းလာတဲ့သူေတြမွာ Virus-specific T cell immunity ရွိေနတာကိုေတြ႕ရွိခဲ့ပါတယ္။ T cell နဲ႔ antibodies ေတြဆိုတာက ေရာဂါပိုးဝင္တဲ့လူေတြမွာ လူရဲ့ကိုယ္ခံအားရဲ့တုန႔္ျပန္မႈအစိတ္အပိုင္း ေတြျဖစ္ၿပီး ေရာဂါပိုးက်ေရာက္ေနတဲ့ ဆဲလ္ေတြကို ဦးတည္ၿပီး ဖ်က္ဆီးပစ္နိုင္စြမ္းရွိပါတယ္။ အခု Covid-19 ျဖစ္ေစတဲ့ဗိုင္းရပ္စ္အမ်ိဳးအစားဟာ ကိုရိုနာဗိုင္းရပ္စ္အမ်ိဳးအစားျဖစ္ပါတယ္။ လူေတြမွာလည္း ကိုရိုနာဗိုင္းရပ္စ္မ်ိဳးနဲ႔ ထိေတြ႕မႈဟာ ၾကာရွည္ခံတဲ့ memory T cell ေတြကို ထြက္ေစတယ္လို႔ ဆိုပါတယ္။


အခုေတြ႕ရွိမႈမွာ လြန္ခဲ့တဲ့ ၁၇ ႏွစ္ေလာက္က SARS ျဖစ္ခဲ့သူအားလုံးမွာနဲ႔ အခု SARS ေရာ Covid-19 ေရာမျဖစ္ဖူးေသးတဲ့ လူေတြရဲ့ ၅၀ ရာႏႈန္းမွာ T cell ေတြေတြ႕ရတဲ့အတြက္ လူထုအတြင္းမွာ Covid-19 ဗိုင္းရပ္စ္ပိုးကို ခံနိုင္ရည္ရွိေနတယ္လို႔ ယူဆတာျဖစ္ပါတယ္။ ဒါေပမယ့္ဒါဟာယူဆခ်က္သာျဖစ္ေနေသးပါတယ္တဲ့။ Professor Antonio Bertoletti ဆက္ေျပာတာက immunity ကိုယ္ခံအားရွိေနတိုင္းလည္း Covid-19 ေရာဂါပိုးကေနကာကြယ္ေပးမယ္လို႔ တထစ္ခ်ေျပာလို႔မရေသးပါဘူးတဲ့။ T cell ရဲ့ ေရာဂါကာကြယ္မႈစြမ္းအားကိုလည္း အေသအခ်ာမသိေသးပါဘူးတဲ့။ ဒါဆိုဘာလို႔ေလ့လာမႈ လုပ္ေနသလဲဆိုရင္ သူတို႔အေနနဲ႔အေကာင္းျမင္ယုံ ၾကည္မႈရွိထားလို႔ ျဖစ္ပါတယ္တဲ့။

ဒီေနရာမွာ ရွင္းရွင္းလင္းလင္းသိေအာင္ ထပ္ေျပာ ခ်င္ပါတယ္။ T cell ဆိုတာ ေရာဂါမျဖစ္ေအာင္ကာကြယ္ေပးတဲ့ ဆဲလ္ေတြ မဟုတ္ပါဘူး။ ေရာဂါပိုး လူရဲ့ကိုယ္ထဲဝင္လာလို႔ ေရာဂါအကူးခံရတဲ့ဆဲလ္ေတြကို ေရာဂါပိုးထပ္ျပန႔္မသြားေအာင္ ထိန္းခ်ဳပ္ေပးတဲ့ ဆဲလ္ေတြသာျဖစ္ပါတယ္။ သေဘာက လူဟာေရာဂါပိုးကို ခံနိုင္ရည္ရွိ သြားတာျဖစ္ပါတယ္။ အဲ့ဒီေတာ့ ေရာဂါပိုးကူးစက္ခံရရင္ ဆိုးဆိုးဝါးဝါးမျဖစ္ပဲ၊ သူမ်ား ကိုလည္း သိပ္မကူးစက္ေစပဲ ေရာဂါသက္သာေပ်ာက္ကင္းသြားမယ္လို႔ ယူဆထားပါတယ္။



ေရာဂါပိုးရွိၿပီးေရာဂါလကၡဏာမျပတဲ့ asymptomatic case ေတြမွာ T cell ေတြအေတာ့္ကို မ်ားျပားေနတာကို ေတြ႕ရပါတယ္။ ဒါဟာဘာကိုျပသလဲဆိုရင္ အာရွရွိလူအခ်ိဳ႕မွာ Covid-19 အျပင္းအထန္ခံစားရၿပီး အခ်ိဳ႕မွာ ဘာမွမျဖစ္သေလာက္ခံစားရတာဟာ လူေတြအရင္တုန္းက ကိုရိုနာဗိုင္းရပ္စ္မ်ားကို ဘယ္ေလာက္ထိေတြ႕ဖူးသလဲေပၚမူတည္တယ္ဆိုတာနဲ႔ ဆက္စပ္နိုင္ ပါလိမ့္မယ္တဲ့။ ဒါေပမယ့္ ကံကိုပုံၿပီးဆူးပုံနင္းတာမခုပ္ၾကပါနဲ႔တဲ့။ ဗီယက္နမ္မွာ Covid ကို ထိန္းနိုင္တယ္ဆိုတာ အဓိကက ဗီယက္နမ္အစိုးရရဲ့ လက္ျမန္မႈေၾကာင့္သာျဖစ္ပါတယ္တဲ့။

ဗီယက္နမ္အစိုးရဟာ မွန္မွန္ကန္ကန္ျမန္ျမန္ဆန္ဆန္လုပ္ခဲ့တာကို ေတြ႕ရ ပါတယ္တဲ့။ လူေတြ Covid အေၾကာင္းသိေအာင္ ေစာေစာစီးစီးလႈံေဆာ္တယ္၊ mask ေတြတပ္ခိုင္းတယ္၊ နယ္စပ္ကိုတင္းက်ပ္စြာထိန္းခ်ဳပ္တယ္၊ ဝင္လာသူေတြကိုအကုန္လိုက္တယ္၊ ထိေတြ႕သူေတြကို Q ဝင္ခိုင္းတယ္။ အေရးအႀကီးဆုံးက အေစာဆုံးနဲ႔ အျမန္ဆုံးလုပ္ခဲ့တာပါပဲတဲ့။ ဒီေနရာမွာ ထပ္ျဖည့္ၿပီး ေျပာလိုတာက…အာရွ သားေတြမွာ Covid ခံနိုင္ရည္ပိုရွိတာအမွန္ပါပဲ။ ဒါဟာ T cell ေၾကာင့္ျဖစ္နိုင္ေပမယ့္ အခုထိ မေသခ်ာေသးပါဘူး။


အကယ္၍ တကယ္ပဲ T cell ေၾကာင့္ဆိုရင္ Covid ရဲ့ လုပ္ငန္းခြင္ အခင္းအက်င္းက တစ္မ်ိဳးေျပာင္းသြားပါလိမ့္မယ္။ T cell ရွိမရွိ စစ္လာၾကနိုင္ပါတယ္။ အခုဗီယက္နမ္မွာ Covid ျပန္ျဖစ္ေနတာမို႔ အေျခအေနကို ၾကည့္ရပါမယ္။ ၿပီးခဲ့တဲ့အပတ္အထိ ဗီယက္နမ္လို တ႐ုတ္ျပည္နဲ႔ နယ္စပ္ျခင္းထိစပ္ေနၿပီး လူေပါင္း ၉၅ သန္းေလာက္ရွိတဲ့ နိုင္ငံမွာ ၉၉ ရက္ၾကာ ျပည္တြင္းကူးစက္မႈလုံးဝမရွိေအာင္ ထိ န္းထားနိုင္ခဲ့ပါတယ္။

အခုအခ်ိန္မွာ အပမ္းေျဖကမ္းေျခရွိတဲ့ Da Nang မွာ ေရာဂါျပန႔္ႏွံ့မႈျဖစ္ေနပါတယ္။ ဒီေန႔အထိ အေယာက္ ၆၂၀ ေတြ႕ခဲ့ၿပီး ယေန႔ အေယာက္ ၃၀ ထပ္တိုးခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ပထမဦးဆုံး ႏွစ္ေယာက္စတင္ေသဆုံးခဲ့ကာ ယေန႔မွာ ႏွစ္ေယာက္ထပ္တိုးတဲ့အတြက္ စုစုေပါင္းေသဆုံးသူ ၅ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ သိပၸံ ပညာရွင္ေတြယူဆ ထားတဲ့ လူေတြ Covid ခံနိုင္ရွိေကာင္းရွိနိုင္တယ္ဆိုတဲ့အခ်က္ မေသခ်ာေသးခင္ အထူးဂ႐ုျပဳၿပီး စည္းကမ္းခ်က္မ်ားကို လိုက္နာသင့္ပါေၾကာင္း။ \

source : Richard Myo Thant

(Unicode)

အာရှမှာရှိတဲ့ သိပ္ပံ ပညာရှင်တွေဟာ SARS နဲ့ဆင်တူတဲ့ဗိုင်းရပ်စ်ပိုးပြန့်နှံ့ဖူးတဲ့နိုင်ငံတွေရှိလူထုကြားမှာ Covid-19 နဲ့ပတ်သက်လို့ ရောဂါပိုးခံနိုင်ရည်များရှိနေမလားဆိုတဲ့ စူးစမ်းမှုပြုလုပ်နေကြပါတယ်။ သဘောကတော့ ဗီယက်နမ်လိုနိုင်ငံဟာ Covid-19 နဲ့ပတ်သက်လို့ တကယ်ပဲ ကံကောင်းနေသလား၊ ရောဂါပိုး အတန်ငယ်ပြီးနေသလားဆိုတာကို သိချ င်နေကြပါတယ်။


ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်က ဆေးပညာပါမောက္ခ Professor John Bell လို ပညာရှင်အချို့က ဗီယက်နမ်အနေနဲ့ Covid အကြီးအကျယ်မဖြစ်ခဲ့ဘူးဆိုတာက ရောဂါပိုးခံနိုင်ရည်ရှိနေတာ ဖြစ်နိုင်တယ်လို့ တွေးနေကြတာဖြစ်ပါတယ်။ Sars လို ဗိုင်းရပ်မျိုးလူတွေကြားမှာ ပုံမှန်ရှိဖူးနေတဲ့ ဒေသတွေမှာ သဘာဝရောဂါခံနိုင်ရည် ရှိလာတယ်လို့ ယူနေကြတာဖြစ်ပါတယ်။ ဟိုချီမင်းမြို့ရှိ အောက်စဖို့တက္ကသိုလ်သုသေသနဌာနက Professor Guy Thwaites ရဲ့အပြောအရတော့ ဗီယက်နမ်ရဲ့ Covid အကြီးအကျယ်မဖြစ်ခဲ့မှုဟာ အာဏာပိုင်တွေရဲ့ နိုးကြားတက်ကြွတဲ့ လက်မြန်မှုကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် quarantine အမြန် လုပ်ပြီး quarantine လုပ်ရာမှာလည် သေေ သချာချာ တိတိကျကျ လုပ်နိုင်ခဲ့လို့ပါတဲ့။


ဗီယက်နမ်ဟာ တကယ်ပဲလက်မြန်ခဲ့ပါတယ်တဲ့။ စဖြစ် ဖြစ်ခြင်းပဲ တိုင်းပြည်အတွင်းဝင်လာတဲ့လူတွေကို လိုက်လံရှာဖွေပြီး သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေကိုပါ quarantine ဝင်ခိုင်းခဲ့ပါတယ်။ စုစုပေါင်း လူနှစ်သိန်းလောက်ကို quarantine ဝင်ခိုင်းခဲ့တာပါ။ Professor Guy Thwaites ကတော့ အခုလို Covid ရောဂါပိုးကို ခံနိုင်ရည်ရှိတယ်ဆိုတာမျိုးက အနုမာန အယူအဆသာလျှင်ဖြစ်ပါတယ်တဲ့။ (အနုမာနအယူအဆ = စိတ်ကူးသက်သက်သာရှိသေးပြီးလက်တွေ့သက်သေမပြနိုင်သေးသောအ ယူအဆ။)


Professor Guy Thwaites က ဆက်ပြောတာက ဒါဟာ အနုမာနအယူအဆဆိုပေမယ့်လည်း တကယ်ဟုတ်မဟုတ် ကျနော်တို့လေ့လာကြည့်လို့ ရနိုင်ပါတယ်တဲ့။ ဖြစ်နိုင်တဲ့ အယူအဆတစ်ခုပါပဲတဲ့။ စင်ကာပူက သိပ္ပံပညာရှင်တွေကလည်း အဲ့ဒီအယူအဆမှန်မမှန် လေ့လာနေကြပါတယ်။ ကျေးလက်နယ်အချို့မှာ ရောဂါခံနိုင် အားမြင့်နေနိုင်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့အသေအချာလေ့လာနေပါတယ်လို့ Professor Antonio Bertoletti မှ ဆိုလိုက်ပါတယ်။ Professor Antonio Bertoletti ဟာ စင်ကာပူနို င်ငံ Duke-NUS Medical School မှ ကူးစက်ရောဂါဆိုင်ရာ အထူးကျွမ်းကျင်သူဖြစ်ပါတယ်။

Professor Antonio Bertoletti ဦးဆောင်တဲ့အဖွဲ့ဟာ Covid-19 နဲ့ SARS ရောဂါမှ ပြန်ကောင်းလာတဲ့သူတွေမှာ Virus-specific T cell immunity ရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ T cell နဲ့ antibodies တွေဆိုတာက ရောဂါပိုးဝင်တဲ့လူတွေမှာ လူရဲ့ကိုယ်ခံအားရဲ့တုန့်ပြန်မှုအစိတ်အပိုင်း တွေဖြစ်ပြီး ရောဂါပိုးကျရောက်နေတဲ့ ဆဲလ်တွေကို ဦးတည်ပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်။ အခု Covid-19 ဖြစ်စေတဲ့ဗိုင်းရပ်စ်အမျိုးအစားဟာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။ လူတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်မျိုးနဲ့ ထိတွေ့မှုဟာ ကြာရှည်ခံတဲ့ memory T cell တွေကို ထွက်စေတယ်လို့ ဆိုပါတယ်။


အခုတွေ့ရှိမှုမှာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က SARS ဖြစ်ခဲ့သူအားလုံးမှာနဲ့ အခု SARS ရော Covid-19 ရောမဖြစ်ဖူးသေးတဲ့ လူတွေရဲ့ ၅၀ ရာနှုန်းမှာ T cell တွေတွေ့ရတဲ့အတွက် လူထုအတွင်းမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည်ရှိနေတယ်လို့ ယူဆတာဖြစ်ပါတယ်။ ဒါပေမယ့်ဒါဟာယူဆချက်သာဖြစ်နေသေးပါတယ်တဲ့။ Professor Antonio Bertoletti ဆက်ပြောတာက immunity ကိုယ်ခံအားရှိနေတိုင်းလည်း Covid-19 ရောဂါပိုးကနေကာကွယ်ပေးမယ်လို့ တထစ်ချပြောလို့မရသေးပါဘူးတဲ့။ T cell ရဲ့ ရောဂါကာကွယ်မှုစွမ်းအားကိုလည်း အသေအချာမသိသေးပါဘူးတဲ့။ ဒါဆိုဘာလို့လေ့လာမှု လုပ်နေသလဲဆိုရင် သူတို့အနေနဲ့အကောင်းမြင်ယုံ ကြည်မှုရှိထားလို့ ဖြစ်ပါတယ်တဲ့။

ဒီနေရာမှာ ရှင်းရှင်းလင်းလင်းသိအောင် ထပ်ပြော ချင်ပါတယ်။ T cell ဆိုတာ ရောဂါမဖြစ်အောင်ကာကွယ်ပေးတဲ့ ဆဲလ်တွေ မဟုတ်ပါဘူး။ ရောဂါပိုး လူရဲ့ကိုယ်ထဲဝင်လာလို့ ရောဂါအကူးခံရတဲ့ဆဲလ်တွေကို ရောဂါပိုးထပ်ပြန့်မသွားအောင် ထိန်းချုပ်ပေးတဲ့ ဆဲလ်တွေသာဖြစ်ပါတယ်။ သဘောက လူဟာရောဂါပိုးကို ခံနိုင်ရည်ရှိ သွားတာဖြစ်ပါတယ်။ အဲ့ဒီတော့ ရောဂါပိုးကူးစက်ခံရရင် ဆိုးဆိုးဝါးဝါးမဖြစ်ပဲ၊ သူများ ကိုလည်း သိပ်မကူးစက်စေပဲ ရောဂါသက်သာပျောက်ကင်းသွားမယ်လို့ ယူဆထားပါတယ်။

ရောဂါပိုးရှိပြီးရောဂါလက္ခဏာမပြတဲ့ asymptomatic case တွေမှာ T cell တွေအတော့်ကို များပြားနေတာကို တွေ့ရပါတယ်။ ဒါဟာဘာကိုပြသလဲဆိုရင် အာရှရှိလူအချို့မှာ Covid-19 အပြင်းအထန်ခံစားရပြီး အချို့မှာ ဘာမှမဖြစ်သလောက်ခံစားရတာဟာ လူတွေအရင်တုန်းက ကိုရိုနာဗိုင်းရပ်စ်များကို ဘယ်လောက်ထိတွေ့ဖူးသလဲပေါ်မူတည်တယ်ဆိုတာနဲ့ ဆက်စပ်နိုင် ပါလိမ့်မယ်တဲ့။ ဒါပေမယ့် ကံကိုပုံပြီးဆူးပုံနင်းတာမခုပ်ကြပါနဲ့တဲ့။ ဗီယက်နမ်မှာ Covid ကို ထိန်းနိုင်တယ်ဆိုတာ အဓိကက ဗီယက်နမ်အစိုးရရဲ့ လက်မြန်မှုကြောင့်သာဖြစ်ပါတယ်တဲ့။

ဗီယက်နမ်အစိုးရဟာ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်လုပ်ခဲ့တာကို တွေ့ရ ပါတယ်တဲ့။ လူတွေ Covid အကြောင်းသိအောင် စောစောစီးစီးလှုံဆော်တယ်၊ mask တွေတပ်ခိုင်းတယ်၊ နယ်စပ်ကိုတင်းကျပ်စွာထိန်းချုပ်တယ်၊ ဝင်လာသူတွေကိုအကုန်လိုက်တယ်၊ ထိတွေ့သူတွေကို Q ဝင်ခိုင်းတယ်။ အရေးအကြီးဆုံးက အစောဆုံးနဲ့ အမြန်ဆုံးလုပ်ခဲ့တာပါပဲတဲ့။ ဒီနေရာမှာ ထပ်ဖြည့်ပြီး ပြောလိုတာက…အာရှ သားတွေမှာ Covid ခံနိုင်ရည်ပိုရှိတာအမှန်ပါပဲ။ ဒါဟာ T cell ကြောင့်ဖြစ်နိုင်ပေမယ့် အခုထိ မသေချာသေးပါဘူး။


အကယ်၍ တကယ်ပဲ T cell ကြောင့်ဆိုရင် Covid ရဲ့ လုပ်ငန်းခွင် အခင်းအကျင်းက တစ်မျိုးပြောင်းသွားပါလိမ့်မယ်။ T cell ရှိမရှိ စစ်လာကြနိုင်ပါတယ်။ အခုဗီယက်နမ်မှာ Covid ပြန်ဖြစ်နေတာမို့ အခြေအနေကို ကြည့်ရပါမယ်။ ပြီးခဲ့တဲ့အပတ်အထိ ဗီယက်နမ်လို တရုတ်ပြည်နဲ့ နယ်စပ်ခြင်းထိစပ်နေပြီး လူပေါင်း ၉၅ သန်းလောက်ရှိတဲ့ နိုင်ငံမှာ ၉၉ ရက်ကြာ ပြည်တွင်းကူးစက်မှုလုံးဝမရှိအောင် ထိ န်းထားနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ အပမ်းဖြေကမ်းခြေရှိတဲ့ Da Nang မှာ ရောဂါပြန့်နှံ့မှုဖြစ်နေပါတယ်။ ဒီနေ့အထိ အယောက် ၆၂၀ တွေ့ခဲ့ပြီး ယနေ့ အယောက် ၃၀ ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပထမဦးဆုံး နှစ်ယောက်စတင်သေဆုံးခဲ့ကာ ယနေ့မှာ နှစ်ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်းသေဆုံးသူ ၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံ ပညာရှင်တွေယူဆ ထားတဲ့ လူတွေ Covid ခံနိုင်ရှိကောင်းရှိနိုင်တယ်ဆိုတဲ့အချက် မသေချာသေးခင် အထူးဂရုပြုပြီး စည်းကမ်းချက်များကို လိုက်နာသင့်ပါကြောင်း။ \

source : Richard Myo Thant

Post a Comment

Previous Post Next Post