(Unicode)


မြန်မာအိုင်ဒေါကနေ မွေးထုတ်ပေးလိုက်တဲ့ အဆိုတော် နေလင်းကျော်ကိုတော့ အားလုံးပဲ သိကြမယ်ထင်ပါတယ်နော်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရလောက်အောင် နေလင်းကျော်ကတော့ မိန်းကလေး ပရိတ်သတ် အများအပြားရရှိထားတဲ့သူပဲ ဖြစ်ပါတယ်။


ကိုယ်ပိုင်သီချင်းများကို သီဆိုနေပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူပါ။ အားလုံး အံ့အားသင့်ခဲ့ရတဲ့အတိုင်း နေလင်းကျော်ကတော့ ပုဒ်မ ၃၇၇ နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ပုဒ်မ (၃၇၇) နဲ့ ဖမ်းဆီး ထားပြီး၊ လာမယ့် စက်တင်ဘာလ (၄) ရက်နေ့မှာတော့ ဒေါပုံတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးမယ် လို့ သိရပါတယ်။



အဆိုပါ နေလင်းကျော် တရားစွဲခံရတဲ့ အကြောင်းနဲ့ ပက်သက်ပြီး ရင်းနှီးချင်ခင်ရတဲ့ သူငယ်ချင်း မိတ်ကပ်လင်းလင်းကတော့ သူမရဲ့ ခံစားချက်နဲ့ ပက်သက်ပြီး မီဒီယာမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ လင်းလင်း ပြောခဲ့တာကတော့ ” နေလင်းကျော်က အပြင်ပန်းကနေ ကြည့်ရင် အားလုံးကို လေးစားပြီး ခင်မင်တတ်တဲ့သူလို့ ကိုယ်ကတော့ ထင်ပါတယ်။ ကိုယ်တွေကကျ နေလင်းကျော်နဲ့ ပုခုံးဖက်ပေါင်းလာတဲ့ မိတ်ဆွေသူငယ်ချင်းတော့ မဟုတ်ဘူး။ မြန်မာအိုင်ဒေါမှာ တွေ့တဲ့အခါကျတော့ သူက အရမ်းပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ်။ ရုပ်နဲ့ အသံနဲ့ကလည်း လိုက်ဖက်တယ်။ အပြင်မှာတွေ့လည်း ကိုယ်တွေက မိန်းမလျှာဖြစ်လို့ ခွဲခြားပြီး ဆက်ဆံတာမျိုး မရှိဘူး။ လေးလေးစားစား ဆက်ဆံတာမျိုးလေးတွေတော့ ရှိတယ်။ အဲ့အတွက်ကြောင့် အခုလို တရားစွဲခံရတယ်ဆိုတော့ စိတ်တော့မကောင်းဘူး။ ဘာတွေ ဘယ်လိုဖြစ်တာလဲတော့ ကိုယ်လဲ မသိဘူး။


မနေ့ညက နေလင်းကျော် တရားစွဲခံရတဲ့သတင်းကိုတွေ့တော့ ကောလဟာလပဲထင်တာ။ ပုဒ်မ ၃၇၇ နဲ့ဆိုတော့ ယောက်ျားခြင်းအိပ်မှ အဲ့ပုဒ်မမြောက်တယ် ထင်တာလေ။ အဲ့တော့ နေလင်းကျော်က ယောက်ျားခြင်း အိပ်တာမှ မဟုတ်တာဆိုတော့ ကောလဟာလပဲ ထင်ခဲ့တာ။ ကိုယ်က ဥပဒေနဲ့ ကျောင်းပြီးထားတဲ့သူမဟုတ်တော့ ပုဒ်မတွေကို ကိုယ်လည်း နားမလည်ဘူး။ အဲ့သတင်းတွေ့တော့ နေလင်းကျော် ဖုန်းကို ဆက်တော့ ဆက်လို့ မရဘူး။ အဲ့ဒါနဲ့ သီချင်းသွင်းနေလို့ ဖုန်းမကိုင်တာပဲလို့ ထင်ခဲ့တာ။ ကိုယ်ခင်ရတဲ့သူဆိုတော့ အမြဲတမ်း တိုးတက်နေတာပဲ မြင်ချင်တယ်။ အမြဲတမ်း အောင်မြင်နေတာပဲ မြင်ချင်တယ်။ ဒါကတော့ မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ ပြောတဲ့စကားပါ။ အခုလို တရားစွဲခံရတယ်ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီးမေးကြည့်ချင်တယ်။ ဘယ်သူနဲ့ ဘယ်လိုတွေဖြစ်ကြတယ်လို့တော့ မသိဘူး။


ပြောချင်တာက ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ကိုယ့်လက်တွဲဖော် ရွေးချယ်တော့မယ်ဆိုရင် အများကြီး သတိထားသင့်တယ်။ ကိုယ်က တော်နေ တတ်နေလို့တော့ မဟုတ်ပေမဲ့ အပြင်လောကနဲ့ အများကြီး ဆက်ဆံပက်သက်ရတော့ လူတွေရဲ့ စိတ်ကို ၁၀၀% မဟုတ်တောင် ၇၀% နားလည်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြတယ်ဆိုတုန်းကတော့ ကောင်းတာပေါ့။ ရေစက်ကုန်လို့ လမ်းခွဲရတဲ့အခါမှာလည်း အေးအေးဆေးဆေး ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။


ဒီခေတ်က သားသမီးတွေ ရှိနေရင်တောင် ရေစက်ကုန် ကံကုန်တဲ့အခါ ကွဲကြတဲ့ခေတ်ပေါ့။ မိန်းကလေးတွေကို အမြဲတမ်း ညီအစ်မချင်းစာနာပြီး ပြောတယ်။ ကိုယ်က တကယ်ချစ်တယ်ဆိုရင်တောင် ပုံမအပ်လိုက်နဲ့…ကိုယ်က ကျူးရင်ကိုယ့်ဒူးတောင် မယုံရဘူး။ ညီအစ်ကို မောင်နှမချင်းတောင် စိတ်ဝမ်းကွဲကြသေးတာ…သူလည်း သူစိမ်း ကိုယ်လည်း သူစိမ်း ပေါင်းရမှာဆိုတော့ အများကြီး ဂရုစိုက်သင့်တယ်။


ကိုယ်က တော်နေ တတ်နေလို့ မဟုတ်ပေမဲ့ အပြင်မှာ တွေ့ကြုံနေရတဲ့ လူမှုပတ်ဝန်းကျင် အနေအထားအရ နောက်နောင် ဒါမျိုးအမှားလေးတွေ ကြည့်ပြီး မဖြစ်ရအောင်ပေါ့။ ကိုယ့်ကိုယ်ကို ဆင်ခြင်ပေါ့။ အဓိကကတော့ ဘယ်သူမပြု မိမိမှုပဲလေ…နင်ဒီကောင်လေးကို ယူရမယ်ဆိုပြီး အိမ်က ရိုက်ပေးစားနေတာလည်း မဟုတ်ဘူးလေ။ အဓိက ကိုယ်နှစ်သက်လို့ ကိုယ်တွဲတာ …ချစ်ခဲ့ကြပြီးပြီဆိုတော့ ကိုယ်နဲ့ အဆင်မပြေတဲ့အခါကျရင်လည်း မိတ်ဆွေအနေနဲ့ပဲ နေသွားရင် အားလုံးအဆင်ပြေကြမယ်လို့ ထင်ပါတယ်။


(Zawgyi)


ျမန္မာအိုင္ေဒါကေန ေမြးထုတ္ေပးလိုက္တဲ့ အဆိုေတာ္ ေနလင္းေက်ာ္ကိုေတာ့ အားလုံးပဲ သိၾကမယ္ထင္ပါတယ္ေနာ္။ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္လို႔ ဆိုရေလာက္ေအာင္ ေနလင္းေက်ာ္ကေတာ့ မိန္းကေလး ပရိတ္သတ္ အမ်ားအျပားရရွိထားတဲ့သူပဲ ျဖစ္ပါတယ္။


ကိုယ္ပိုင္သီခ်င္းမ်ားကို သီဆိုေနၿပီး လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ ဂီတလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနသူပါ။ အားလုံး အံ့အားသင့္ခဲ့ရတဲ့အတိုင္း ေနလင္းေက်ာ္ကေတာ့ ပုဒ္မ ၃၇၇ နဲ႔ တရားစြဲဆိုခံခဲ့ရပါတယ္။ ပုဒ္မ (၃၇၇) နဲ႔ ဖမ္းဆီး ထားၿပီး၊ လာမယ့္ စက္တင္ဘာလ (၄) ရက္ေန႔မွာေတာ့ ေဒါပုံတရား႐ုံးမွာ ပထမအႀကိမ္ ႐ုံးထုတ္စစ္ေဆးမယ္ လို႔ သိရပါတယ္။


အဆိုပါ ေနလင္းေက်ာ္ တရားစြဲခံရတဲ့ အေၾကာင္းနဲ႔ ပက္သက္ၿပီး ရင္းႏွီးခ်င္ခင္ရတဲ့ သူငယ္ခ်င္း မိတ္ကပ္လင္းလင္းကေတာ့ သူမရဲ႕ ခံစားခ်က္နဲ႔ ပက္သက္ၿပီး မီဒီယာမွာ အခုလိုပဲ ေျဖၾကားခဲ့ပါတယ္။ လင္းလင္း ေျပာခဲ့တာကေတာ့ ” ေနလင္းေက်ာ္က အျပင္ပန္းကေန ၾကည့္ရင္ အားလုံးကို ေလးစားၿပီး ခင္မင္တတ္တဲ့သူလို႔ ကိုယ္ကေတာ့ ထင္ပါတယ္။ ကိုယ္ေတြကက် ေနလင္းေက်ာ္နဲ႔ ပုခုံးဖက္ေပါင္းလာတဲ့ မိတ္ေဆြသူငယ္ခ်င္းေတာ့ မဟုတ္ဘူး။ ျမန္မာအိုင္ေဒါမွာ ေတြ႕တဲ့အခါက်ေတာ့ သူက အရမ္းေပါင္းသင္းဆက္ဆံေရးလည္းေကာင္းတယ္။ ႐ုပ္နဲ႔ အသံနဲ႔ကလည္း လိုက္ဖက္တယ္။ အျပင္မွာေတြ႕လည္း ကိုယ္ေတြက မိန္းမလွ်ာျဖစ္လို႔ ခြဲျခားၿပီး ဆက္ဆံတာမ်ိဳး မရွိဘူး။ ေလးေလးစားစား ဆက္ဆံတာမ်ိဳးေလးေတြေတာ့ ရွိတယ္။ အဲ့အတြက္ေၾကာင့္ အခုလို တရားစြဲခံရတယ္ဆိုေတာ့ စိတ္ေတာ့မေကာင္းဘူး။ ဘာေတြ ဘယ္လိုျဖစ္တာလဲေတာ့ ကိုယ္လဲ မသိဘူး။


မေန႔ညက ေနလင္းေက်ာ္ တရားစြဲခံရတဲ့သတင္းကိုေတြ႕ေတာ့ ေကာလဟာလပဲထင္တာ။ ပုဒ္မ ၃၇၇ နဲ႔ဆိုေတာ့ ေယာက္်ားျခင္းအိပ္မွ အဲ့ပုဒ္မေျမာက္တယ္ ထင္တာေလ။ အဲ့ေတာ့ ေနလင္းေက်ာ္က ေယာက္်ားျခင္း အိပ္တာမွ မဟုတ္တာဆိုေတာ့ ေကာလဟာလပဲ ထင္ခဲ့တာ။ ကိုယ္က ဥပေဒနဲ႔ ေက်ာင္းၿပီးထားတဲ့သူမဟုတ္ေတာ့ ပုဒ္မေတြကို ကိုယ္လည္း နားမလည္ဘူး။ အဲ့သတင္းေတြ႕ေတာ့ ေနလင္းေက်ာ္ ဖုန္းကို ဆက္ေတာ့ ဆက္လို႔ မရဘူး။ အဲ့ဒါနဲ႔ သီခ်င္းသြင္းေနလို႔ ဖုန္းမကိုင္တာပဲလို႔ ထင္ခဲ့တာ။ ကိုယ္ခင္ရတဲ့သူဆိုေတာ့ အၿမဲတမ္း တိုးတက္ေနတာပဲ ျမင္ခ်င္တယ္။ အၿမဲတမ္း ေအာင္ျမင္ေနတာပဲ ျမင္ခ်င္တယ္။ ဒါကေတာ့ မိတ္ေဆြေကာင္း တစ္ေယာက္အေနနဲ႔ ေျပာတဲ့စကားပါ။ အခုလို တရားစြဲခံရတယ္ဆိုေတာ့ ဟုတ္မွ ဟုတ္ပါ့မလားဆိုၿပီးေမးၾကည့္ခ်င္တယ္။ ဘယ္သူနဲ႔ ဘယ္လိုေတြျဖစ္ၾကတယ္လို႔ေတာ့ မသိဘူး။


ေျပာခ်င္တာက ေယာက္်ားေလးပဲ ျဖစ္ျဖစ္ မိန္းကေလးပဲ ျဖစ္ျဖစ္ ကိုယ့္လက္တြဲေဖာ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ အမ်ားႀကီး သတိထားသင့္တယ္။ ကိုယ္က ေတာ္ေန တတ္ေနလို႔ေတာ့ မဟုတ္ေပမဲ့ အျပင္ေလာကနဲ႔ အမ်ားႀကီး ဆက္ဆံပက္သက္ရေတာ့ လူေတြရဲ႕ စိတ္ကို ၁၀၀% မဟုတ္ေတာင္ ၇၀% နားလည္တယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ေနၾကတယ္ဆိုတုန္းကေတာ့ ေကာင္းတာေပါ့။ ေရစက္ကုန္လို႔ လမ္းခြဲရတဲ့အခါမွာလည္း ေအးေအးေဆးေဆး ျဖစ္သြားရင္ေတာ့ အေကာင္းဆုံးေပါ့။


ဒီေခတ္က သားသမီးေတြ ရွိေနရင္ေတာင္ ေရစက္ကုန္ ကံကုန္တဲ့အခါ ကြဲၾကတဲ့ေခတ္ေပါ့။ မိန္းကေလးေတြကို အၿမဲတမ္း ညီအစ္မခ်င္းစာနာၿပီး ေျပာတယ္။ ကိုယ္က တကယ္ခ်စ္တယ္ဆိုရင္ေတာင္ ပုံမအပ္လိုက္နဲ႔…ကိုယ္က က်ဴးရင္ကိုယ့္ဒူးေတာင္ မယုံရဘူး။ ညီအစ္ကို ေမာင္ႏွမခ်င္းေတာင္ စိတ္ဝမ္းကြဲၾကေသးတာ…သူလည္း သူစိမ္း ကိုယ္လည္း သူစိမ္း ေပါင္းရမွာဆိုေတာ့ အမ်ားႀကီး ဂ႐ုစိုက္သင့္တယ္။


ကိုယ္က ေတာ္ေန တတ္ေနလို႔ မဟုတ္ေပမဲ့ အျပင္မွာ ေတြ႕ႀကဳံေနရတဲ့ လူမႈပတ္ဝန္းက်င္ အေနအထားအရ ေနာက္ေနာင္ ဒါမ်ိဳးအမွားေလးေတြ ၾကည့္ၿပီး မျဖစ္ရေအာင္ေပါ့။ ကိုယ့္ကိုယ္ကို ဆင္ျခင္ေပါ့။ အဓိကကေတာ့ ဘယ္သူမျပဳ မိမိမႈပဲေလ…နင္ဒီေကာင္ေလးကို ယူရမယ္ဆိုၿပီး အိမ္က ႐ိုက္ေပးစားေနတာလည္း မဟုတ္ဘူးေလ။ အဓိက ကိုယ္ႏွစ္သက္လို႔ ကိုယ္တြဲတာ …ခ်စ္ခဲ့ၾကၿပီးၿပီဆိုေတာ့ ကိုယ္နဲ႔ အဆင္မေျပတဲ့အခါက်ရင္လည္း မိတ္ေဆြအေနနဲ႔ပဲ ေနသြားရင္ အားလုံးအဆင္ေျပၾကမယ္လို႔ ထင္ပါတယ္။

Post a Comment

Previous Post Next Post