(Zawgyi)

စိတ္၀င္စားမႈ အရွိန္ျမင့္တက္ေန သည့္ ပခုကၠဴသီ ဟိုဋ္ရွင္ဘုရားႀကီးအတြင္းရွိ ေျမေအာက္ လိုဏ္ေခါင္းကို ေဂါပကအဖြဲ ့မွစမ္းသပ္အေျဖရွာ


ျပည္ တြင္းအျပင္ ျပည္ပႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားကပါ စိတ္၀င္းစားမႈရွိေနသည့္ မေကြးတိုင္း ေဒသ ႀကီး၊ ပခုကၠဴၿမိဳ႕၏က်က္သေရေဆာင္ သီဟိုဋ္ရွင္ဘုရားႀကီးအတြင္းရွိ ေျမေအာက္လိုဏ္ေခါင္း ကိုေဂါပ ကအဖြဲ ့က စမ္းသပ္အေျဖရွာသည့္လုပ္ငန္းတစ္ခုကို ျပဳလုပ္ေဆာင္ခဲ့ေၾကာင္း ဘုရားေဂါပက အဖြဲ ့က သိရ သည္။


စည္ ပင္ေရေျမာင္းတူးရာ ေပၚထြက္လာခဲ့သည္ အဆိုပါလိုဏ္ေခါင္းႏွင့္ပက္သက္၍ ထင္ျမင္ယူဆခ်က္ အသီးသီးအေပၚ ၎တို ့အေနျဖင့္ ဘုရားမ်ားေရသပၸာယ္ရာတြင္တစ္ေနရာတည္း ေရမ်ား စုစည္းစြန္႔ပစ္ ေရက် ဆင္းသည့္ လိုဏ္ေခါင္းဟုတ္မဟုတ္ ၾသဂုတ္လ ၆ရက္(ယေန႔)တြင္ လက္ ေတြ႔စမ္းသပ္ခဲ့ျခင္း ျဖစ္ေၾကာင္းဘုရား ေဂါပကအဖြဲ ့အတြင္းေရး မွဴးဦးလွ၀င္းႏို င္ကေျပာသ ည္။



“ဒီကေန ့မနက္ကၽြန္ေတာ္တို ့စမ္းသပ္ၾကည့္တာကေတာ့ ဘုရားေရသပၸာယ္တဲ့ေရေတြကအဲလိုဏ္ေခါင္း ထဲကို ေရာက္သြားတယ္ဗ်၊တန္းခူး လဆိုရင္ ေရသြန္းကန္ကေနအေပၚတက္ၿပီး ေရေလာင္းၾကတယ္၊အဲ မွာေရပိုက္က တစ္ဆင့္ နတ္႐ုပ္ေတြရဲ့လက္ကိုေရကေရာက္ၿပီးဘုရားကိုေရသြန္းေလာင္းပူေဇာ္တာ ေနာက္ ဆုံးေရကလိုဏ္ေခါင္းရွိရာကိုသြားတာကိုဒီေန႔စမ္းသပ္ၾကည့္တာေတြ ့ရွိရတယ္၊အရင္ကေတာ့ေရကေ ျမႀကီးထဲစိမ့္၀င္သြား တယ္ထင္ခဲ့တာပါ”ဟု၎က ဆိုသည္။


ယခုေတြ ့ရွိထားသည့္ လိုဏ္ေခါင္းအေပၚ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ လိုဏ္ ေခါင္းျဖစ္တည္မႈႏွင့္ ႏွစ္ကာလၾကာရွည္မႈအေပၚစမ္းသပ္ရန္ရွိေနျခင္းေၾကာင့္ ၎လိုဏ္ေခါင္းကို ၀င္ခြင့္ႏွင့္ စမ္းသပ္ျခင္းမ်ားမလုပ္ရန္တားျမစ္ထားေၾကာင္းလည္းသိရသည္။

ျပည္ျမန္မာ


(Unicode)

စိတ်ဝင်စားမှု အရှိန်မြင့်တက်နေ သည့် ပခုက္ကူသီ ဟိုဋ်ရှင်ဘုရားကြီးအတွင်းရှိ မြေအောက် လိုဏ်ခေါင်းကို ဂေါပကအဖွဲ့မှစမ်းသပ်အဖြေရှာ


ပြည် တွင်းအပြင် ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားများကပါ စိတ်ဝင်းစားမှုရှိနေသည့် မကွေးတိုင်း ဒေသ ကြီး၊ ပခုက္ကူမြို့၏ကျက်သရေဆောင် သီဟိုဋ်ရှင်ဘုရားကြီးအတွင်းရှိ မြေအောက်လိုဏ်ခေါင်း ကိုဂေါပ ကအဖွဲ့က စမ်းသပ်အဖြေရှာသည့်လုပ်ငန်းတစ်ခုကို ပြုလုပ်ဆောင်ခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့က သိရ သည်။


စည် ပင်ရေမြောင်းတူးရာ ပေါ်ထွက်လာခဲ့သည် အဆိုပါလိုဏ်ခေါင်းနှင့်ပက်သက်၍ ထင်မြင်ယူဆချက် အသီးသီးအပေါ် ၎င်းတို့အနေဖြင့် ဘုရားများရေသပ္ပာယ်ရာတွင်တစ်နေရာတည်း ရေများ စုစည်းစွန့်ပစ် ရေကျ ဆင်းသည့် လိုဏ်ခေါင်းဟုတ်မဟုတ် သြဂုတ်လ ၆ရက်(ယနေ့)တွင် လက် တွေ့စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်းဘုရား ဂေါပကအဖွဲ့အတွင်းရေး မှူးဦးလှဝင်းနို င်ကပြောသ ည်။




“ဒီကနေ့မနက်ကျွန်တော်တို့စမ်းသပ်ကြည့်တာကတော့ ဘုရားရေသပ္ပာယ်တဲ့ရေတွေကအဲလိုဏ်ခေါင်း ထဲကို ရောက်သွားတယ်ဗျ၊တန်းခူး လဆိုရင် ရေသွန်းကန်ကနေအပေါ်တက်ပြီး ရေလောင်းကြတယ်၊အဲ မှာရေပိုက်က တစ်ဆင့် နတ်ရုပ်တွေရဲ့လက်ကိုရေကရောက်ပြီးဘုရားကိုရေသွန်းလောင်းပူဇော်တာ နောက် ဆုံးရေကလိုဏ်ခေါင်းရှိရာကိုသွားတာကိုဒီနေ့စမ်းသပ်ကြည့်တာတွေ့ရှိရတယ်၊အရင်ကတော့ရေကေ မြကြီးထဲစိမ့်ဝင်သွား တယ်ထင်ခဲ့တာပါ”ဟု၎င်းက ဆိုသည်။


ယခုတွေ့ရှိထားသည့် လိုဏ်ခေါင်းအပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လိုဏ် ခေါင်းဖြစ်တည်မှုနှင့် နှစ်ကာလကြာရှည်မှုအပေါ်စမ်းသပ်ရန်ရှိနေခြင်းကြောင့် ၎င်းလိုဏ်ခေါင်းကို ဝင်ခွင့်နှင့် စမ်းသပ်ခြင်းများမလုပ်ရန်တားမြစ်ထားကြောင်းလည်းသိရသည်။

ပြည်မြန်မာ

Post a Comment

Previous Post Next Post