(Unicode)


ထောင်ဒဏ် (၃၂)နှစ် ချလိုက်ပါတယ် …

မှတ်မိကြမယ်ထင်ပါတယ်……..မြဝတီတစ်မြို့လုံးစိတ်ဝင်စားနေတဲ့ အထူးသတင်းလေးပါ

မြဝတီခရိုင်တရားရုံးမှတရားခံ(၂)ဦးအပေါ် အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်တယ်……

တရုတ်နိုင်ငံသားWANG WEIWEI အသက်(၂၈)နှစ်နှင့် မြန်မာစကားပြန် သန့်ဇင်ဝင်း(၄၀)နှစ်တို့ ၂ ဦးအပေါ်

ရာဇသတ်ကြီးပုဒ်မ

၃၆၃ အတွက်ထောင်ဒဏ်(၅)နှစ် ၃၆၆ အတွက်ထောင်ဒဏ်(၇)နှစ် ၃၇၆ အတွက် ထောင်ဒဏ်(၂၀)နှစ်

စုစုပေါင်းတရားခံ(၂)ဦးအပေါ် ထောင်ဒဏ် ၃၂ နှစ်အမိန့်ချခဲ့တယ်……

မူခင်းအကျင်းဖြစ်ပွားပုံမှာ

မြဝတီမြို့၊အမှတ်(၂)ရပ်ကွက်၊အောက်ချိုင့်အနီးနေထိုင်သူ တရားလိုဒေါ်……….မှ ၈.၃.၂၀၁၉ ရက်နေ့ ည ၂၃:၃၀အချိန်တွင်

သမီးဖြစ်သူ မ………. (၁၄)နှစ် ၁၁လသည် ဂိမ်းရုံတွင်အလုပ်လုပ်ကိုင်ရာမှ နေအိမ်သို့ ပြန်လည်မရောက်လာသည့်အတွက်

တရားလိုဒေါ်………မှစိတ်ပူပြီး သမီးဖြစ်သူမ……….နှင့်အတူတူအလုပ်ကိုင် သူများအားဖုန်းဖြင့် ဆက်သွယ်မေးကြည့်ရာ

သမီးဖြစ်သူမှာ ဂိမ်းရုံပိုင်ရှင် တရုတ်နိုင်ငံသားနှင့် စကားပြန်တို့မှဂိမ်းရုံပိတ်သဖြင့် နေအိမ်လိုက်ပို့ပေးမည်ဟုဆိုကာ ခေါ်သွားခဲ့ကြောင်းသိရှိရသဖြင့်

မိခင်တရားလိုဒေါ်………မှသမီးဖြစ်သူကို မြဝတီမြို့အနှံလိုက်လံရှာဖွေရာ မတွေ့ရတော့သဖြင့် တရားလို ဒေါ်…..မှ မိမိနေအိမ်သို့ပြန်ခဲ့တယ်

တရားလိုဒေါ်…..မိမိနေအိမ်ပြန်ရောက်စဉ် စကားပြန် သန့်ဇင်ဝင်းမှ တရားလိုထံဖုန်းဆက် လာပြီး နင့်သမီးကို တရုတ်ကခေါ်ယူသွားကြောင်း

မနက်မှပြန်လာပို့မည်ဖြစ်ကြောင်း ပြောဆိုပြီး စကားပြန် သန့်ဇင်ဝင်းမှ ဖုန်းချသွားခဲ့တယ်

နောက်တစ်နေ့ ၉.၃.၂၀၁၉ နံနက် ၈နာရီအချိန် ရောက်မှ တရားလိုဒေါ်………..၏နေအိမ်သို့ စကားပြန်က တရုတ်နိုင်ငံသားနှင့် သမီးဖြစ်သူတို့အား ခေါ်ဆောင်လာခဲ့တယ်

တရားလိုမိခင်ဖြစ်သူက သမီးဖြစ်သူအားမေးမြန်းကြည့်ရာ သမီးဖြစ်သူ မ………..၁၄ နှစ် ၁၁ လမှ

မိမိအားတရုတ်နိုင်ငံသားဂိမ်းရုံပိုင်ရှင်နှင့်စကားပြန်တို့က အလုပ်ရုံခေတ္တပိတ်သည်ဟုဆိုကာ အချိူရေများတိုက်ကာ နေအိမ်လိုက်ပို့ပေးမည်ဟုပြောဆိုပြီး

စကားပြန်ကတရုတ်နှင့် ကျမတို့အားလမ်းမှာထားခဲ့ကြောင်း တရုတ်က ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားခဲ့ကြောင်း

ဟိုတယ်ရောက်သောအခါ မိမိအားသားမယားအဖြစ် အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်းပြောဆိုတယ်

မိခင်မှသမီးဖြစ်သူအား ဘာဖြစ်လို့လိုက်သွားသလည်းဟု မေးကြည့်သောအခါ တရုတ်က အလုပ်ရှင်ဖြစ်နေသည်က တစ်ကြောင်း

ဟိုတယ်ကို တရုတ်၏နေအိမ်ထင်မိတာကတစ်ကြောင်းတို့ကြောင့် ယုံကြည်ပြီးလိုက်သွားမိကြောင်း မိခင်အားပြောဆိုခဲ့တယ်

အကြိမ်ကြိမ်အော်ဟစ် အကူအညီတောင်းသော်လည်း အခန်းတံခါး လော့ချထားသည့်အတွက် ကူညီမဲ့သူမရှိကြောင်း မိခင်အားဖွင့်ဟပြောဆိုခဲ့တယ်

မြဝတီရဲစခန်းမှ (ပ)၃၃၇/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/၁၁၄တို့ဖြင့် မြဝတီခရိုင်တရားရုံးသို့ တရားစွဲဆိုသောအမှုဖြစ်ကြောင်း ရေးသားတင်ဆက်ပေးလိုက်ပါသည်။

..သတင်း Credit #ဘီဝမ်း #မြဝတီ

naethitmyanmar


(Zawgyi)

ေထာင္ဒဏ္ (၃၂)ႏွစ္ ခ်လိုက္ပါတယ္ …

မွတ္မိၾကမယ္ထင္ပါတယ္……..ျမဝတီတစ္ၿမိဳ႕လုံးစိတ္ဝင္စားေနတဲ့ အထူးသတင္းေလးပါ

ျမဝတီခ႐ိုင္တရား႐ုံးမွတရားခံ(၂)ဦးအေပၚ ေအာက္ပါအတိုင္း အမိန႔္ခ်မွတ္လိုက္တယ္……

တ႐ုတ္ႏိုင္ငံသားWANG WEIWEI အသက္(၂၈)ႏွစ္ႏွင့္ ျမန္မာစကားျပန္ သန႔္ဇင္ဝင္း(၄၀)ႏွစ္တို႔ ၂ ဦးအေပၚ

ရာဇသတ္ႀကီးပုဒ္မ

၃၆၃ အတြက္ေထာင္ဒဏ္(၅)ႏွစ္ ၃၆၆ အတြက္ေထာင္ဒဏ္(၇)ႏွစ္ ၃၇၆ အတြက္ ေထာင္ဒဏ္(၂၀)ႏွစ္

စုစုေပါင္းတရားခံ(၂)ဦးအေပၚ ေထာင္ဒဏ္ ၃၂ ႏွစ္အမိန႔္ခ်ခဲ့တယ္……

မူခင္းအက်င္းျဖစ္ပြားပုံမွာ

ျမဝတီၿမိဳ႕၊အမွတ္(၂)ရပ္ကြက္၊ေအာက္ခ်ိဳင့္အနီးေနထိုင္သူ တရားလိုေဒၚ……….မွ ၈.၃.၂၀၁၉ ရက္ေန႔ ည ၂၃:၃၀အခ်ိန္တြင္

သမီးျဖစ္သူ မ………. (၁၄)ႏွစ္ ၁၁လသည္ ဂိမ္း႐ုံတြင္အလုပ္လုပ္ကိုင္ရာမွ ေနအိမ္သို႔ ျပန္လည္မေရာက္လာသည့္အတြက္

တရားလိုေဒၚ………မွစိတ္ပူၿပီး သမီးျဖစ္သူမ……….ႏွင့္အတူတူအလုပ္ကိုင္ သူမ်ားအားဖုန္းျဖင့္ ဆက္သြယ္ေမးၾကည့္ရာ

သမီးျဖစ္သူမွာ ဂိမ္း႐ုံပိုင္ရွင္ တ႐ုတ္ႏိုင္ငံသားႏွင့္ စကားျပန္တို႔မွဂိမ္း႐ုံပိတ္သျဖင့္ ေနအိမ္လိုက္ပို႔ေပးမည္ဟုဆိုကာ ေခၚသြားခဲ့ေၾကာင္းသိရွိရသျဖင့္

မိခင္တရားလိုေဒၚ………မွသမီးျဖစ္သူကို ျမဝတီၿမိဳ႕အႏွံလိုက္လံရွာေဖြရာ မေတြ႕ရေတာ့သျဖင့္ တရားလို ေဒၚ…..မွ မိမိေနအိမ္သို႔ျပန္ခဲ့တယ္

တရားလိုေဒၚ…..မိမိေနအိမ္ျပန္ေရာက္စဥ္ စကားျပန္ သန႔္ဇင္ဝင္းမွ တရားလိုထံဖုန္းဆက္ လာၿပီး နင့္သမီးကို တ႐ုတ္ကေခၚယူသြားေၾကာင္း

မနက္မွျပန္လာပို႔မည္ျဖစ္ေၾကာင္း ေျပာဆိုၿပီး စကားျပန္ သန႔္ဇင္ဝင္းမွ ဖုန္းခ်သြားခဲ့တယ္

ေနာက္တစ္ေန႔ ၉.၃.၂၀၁၉ နံနက္ ၈နာရီအခ်ိန္ ေရာက္မွ တရားလိုေဒၚ………..၏ေနအိမ္သို႔ စကားျပန္က တ႐ုတ္ႏိုင္ငံသားႏွင့္ သမီးျဖစ္သူတို႔အား ေခၚေဆာင္လာခဲ့တယ္

တရားလိုမိခင္ျဖစ္သူက သမီးျဖစ္သူအားေမးျမန္းၾကည့္ရာ သမီးျဖစ္သူ မ………..၁၄ ႏွစ္ ၁၁ လမွ

မိမိအားတ႐ုတ္ႏိုင္ငံသားဂိမ္း႐ုံပိုင္ရွင္ႏွင့္စကားျပန္တို႔က အလုပ္႐ုံေခတၱပိတ္သည္ဟုဆိုကာ အခ်ိဴေရမ်ားတိုက္ကာ ေနအိမ္လိုက္ပို႔ေပးမည္ဟုေျပာဆိုၿပီး

စကားျပန္ကတ႐ုတ္ႏွင့္ က်မတို႔အားလမ္းမွာထားခဲ့ေၾကာင္း တ႐ုတ္က ဟိုတယ္တစ္ခုသို႔ေခၚေဆာင္သြားခဲ့ေၾကာင္း

ဟိုတယ္ေရာက္ေသာအခါ မိမိအားသားမယားအျဖစ္ အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္းေျပာဆိုတယ္

မိခင္မွသမီးျဖစ္သူအား ဘာျဖစ္လို႔လိုက္သြားသလည္းဟု ေမးၾကည့္ေသာအခါ တ႐ုတ္က အလုပ္ရွင္ျဖစ္ေနသည္က တစ္ေၾကာင္း

ဟိုတယ္ကို တ႐ုတ္၏ေနအိမ္ထင္မိတာကတစ္ေၾကာင္းတို႔ေၾကာင့္ ယုံၾကည္ၿပီးလိုက္သြားမိေၾကာင္း မိခင္အားေျပာဆိုခဲ့တယ္

အႀကိမ္ႀကိမ္ေအာ္ဟစ္ အကူအညီေတာင္းေသာ္လည္း အခန္းတံခါး ေလာ့ခ်ထားသည့္အတြက္ ကူညီမဲ့သူမရွိေၾကာင္း မိခင္အားဖြင့္ဟေျပာဆိုခဲ့တယ္

ျမဝတီရဲစခန္းမွ (ပ)၃၃၇/၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၆၃/၃၇၆/၁၁၄တို႔ျဖင့္ ျမဝတီခ႐ိုင္တရား႐ုံးသို႔ တရားစြဲဆိုေသာအမႈျဖစ္ေၾကာင္း ေရးသားတင္ဆက္ေပးလိုက္ပါသည္။

..သတင္း Credit #ဘီဝမ္း #ျမဝတိီ

naethitmyanmar

Post a Comment

Previous Post Next Post