(Unicode)

ခေတ်ကာလကြီးကလည်း လူကြီးတွေ ပြောသလို ဆုတ်ခေတ်ကြီးဟုပဲ ဆိုရမယ်ထင်ပါတယ်။ သရုပ်ဆောင်မင်းသားက အိမ်ဖော်မလေးကို ဘာလုပ်လိုက်လုပ်လို့၊ဘယ်မင်းသား မင်းသမီး ဘယ်မော်ဒယ် အဆိုတော်နဲ့ ဘယ်သူတော့ ဘယ်လိုလွန်ကျူးကြသည်မှ အစပြု၍အိမ်ထောင်ရှိယောက်ျားက မယားငယ်ထားခြင်း၊ အိမ်ထောင်သည်အချင်းချင်း ဖောက်ပြန်ခြင်း စသည်တို့ကြောင့် မယားကြီးက ဟိုတယ်တည်းခိုခန်းထိ လိုက်လံသောင်းကျန်းကာ ဗီဒီယိုရိုက်တင်လိုက်တယ် စသည်ဖြင့် လိုင်းပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ် နာမည်ကြီးကြလေပြန်တယ်။ယခုလည်း လိုင်းပေါ်တက်လာပြန်ပါပြီနော်။


တက္ကသိုလ်က ဆရာနဲ့ဆရာမတို့ ဖောက်ပြန်တာကို ဟိုတယ်အောက်ထပ်က ကားပါကင်က ကားထဲမှာ ဆရာမရဲ့ယောက်ျားနဲ့ အပေါင်းအဖော်များက ဝိုင်းဝန်စဖမ်းဆီးကာ ရဲခေါ်တာတဲ့။ဒီတစ်ခါလိုင်းပေါ်တက်လာတာကတော့ ဖောက်ပြန်မှု ရုပ်သံထဲမှာ ထူးထူးခြားခြားလို့ဆိုရမှာပါပဲ။ မိန်းမက ဖောက်ပြန်လို့ ယောက်ျားဖြစ်သူက လက်ပူးလက်ကြပ် အမိဖမ်းပြီး သက်သေအဖြစ် ဗီဒီယိုရိုက်ယူခဲ့တာပဲ ဖြစ်ပါတယ်။နောက်ပြီးတော့ ဖောက်ပြန်ကြသူနှစ်ဉီးကလည်း တက္ကသိုလ်က ဆရာနဲ့ဆရာမ ဖြစ်နေပြီး နှစ်ဉီးစလုံးက အိမ်ထောင်ရှိသူများဖြစ်ကာ ဖောက်ပြန်တဲ့တက္ကသိုလ်က ဆရာမှာလည်း ကလေးနှစ်ဉီးရှိတယ်လို့ ဆိုပါတယ်။



ဒီအကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာ ယခုလို ရေးသားဖော်ပြ တင်လာတာပဲ ဖြစ်ပါတယ်။“အိမ်ထောင်ရေးဖောက်ပြန်နေကြတဲ့ရန်ကုန်တက္ကသိုလ်က ဆရာနဲ့ဆရာမတဲ့ဗျာ နှစ်ဖက်လုံးအိမ်ထောင်လက်ရှိ ရှိပါရက်နဲ့ ခလေးတွေမျက်နှာမှ မထောက် ကားထဲမှာခိုးစားနေကြတာ..ဆရာမရဲ့ယောကျာ်းလင်ကြီး လိုက်ဖမ်းတာ မိလို့ ရဲခေါ်ဖမ်းတဲ့ အဖြစ် လှိုင်မြို့နယ်မှာပါဗျာ နယ်မှာနေတဲ့ကြာကူလီ ဆရာရဲ့မယားကြီးသိအောင် share ပေးလိုက်ကြပါဗျာ” ဆိုပြီးတော့ ဖြစ်ပါတယ်။


ဆရာဂုဏ် သမားဂုဏ် မထောက်ဘဲ လူမှုရေးဖောက်ပြန်ကြသူ နှစ်ဉီးကတော့ အလုပ်ပြုတ်ကာ ထောင်နန်းစံပြီး အမိုက်မှောင်ကြီးပြုလုပ်မိခဲ့တာတွေအတွက် နောင်တတွေ တသီကြီး ဝဋ်ဆင်းရဲကြီးပမာ ခံစားသောကဝေရရှာတော့မည် အမှန်ပါ။လူအချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ ချစ်သူရည်းစား အိမ်ထောင်သည်များ ဖောက်ပြန်ခြင်း ကင်းဝေးကြပါစေ။ စနှိုက်ကြော်နှင့် ကြာကူလီဘေး အစဉ်ဝေးကာ အေးချမ်းချစ်ခင် ရှိကြပါစေ။









(Zawgyi)













ခေတ်ကာလကြီးကလည်း လူကြီးတွေ ပြောသလို ဆုတ်ခေတ်ကြီးဟုပဲ ဆိုရမယ်ထင်ပါတယ်။ သရုပ်ဆောင်မင်းသားက အိမ်ဖော်မလေးကို ဘာလုပ်လိုက်လုပ်လို့၊ဘယ်မင်းသား မင်းသမီး ဘယ်မော်ဒယ် အဆိုတော်နဲ့ ဘယ်သူတော့ ဘယ်လိုလွန်ကျူးကြသည်မှ အစပြု၍အိမ်ထောင်ရှိယောက်ျားက မယားငယ်ထားခြင်း၊ အိမ်ထောင်သည်အချင်းချင်း ဖောက်ပြန်ခြင်း စသည်တို့ကြောင့် မယားကြီးက ဟိုတယ်တည်းခိုခန်းထိ လိုက်လံသောင်းကျန်းကာ ဗီဒီယိုရိုက်တင်လိုက်တယ် စသည်ဖြင့် လိုင်းပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ် နာမည်ကြီးကြလေပြန်တယ်။ယခုလည်း လိုင်းပေါ်တက်လာပြန်ပါပြီနော်။

တက္ကသိုလ်က ဆရာနဲ့ဆရာမတို့ ဖောက်ပြန်တာကို ဟိုတယ်အောက်ထပ်က ကားပါကင်က ကားထဲမှာ ဆရာမရဲ့ယောက်ျားနဲ့ အပေါင်းအဖော်များက ဝိုင်းဝန်စဖမ်းဆီးကာ ရဲခေါ်တာတဲ့။ဒီတစ်ခါလိုင်းပေါ်တက်လာတာကတော့ ဖောက်ပြန်မှု ရုပ်သံထဲမှာ ထူးထူးခြားခြားလို့ဆိုရမှာပါပဲ။ မိန်းမက ဖောက်ပြန်လို့ ယောက်ျားဖြစ်သူက လက်ပူးလက်ကြပ် အမိဖမ်းပြီး သက်သေအဖြစ် ဗီဒီယိုရိုက်ယူခဲ့တာပဲ ဖြစ်ပါတယ်။နောက်ပြီးတော့ ဖောက်ပြန်ကြသူနှစ်ဉီးကလည်း တက္ကသိုလ်က ဆရာနဲ့ဆရာမ ဖြစ်နေပြီး နှစ်ဉီးစလုံးက အိမ်ထောင်ရှိသူများဖြစ်ကာ ဖောက်ပြန်တဲ့တက္ကသိုလ်က ဆရာမှာလည်း ကလေးနှစ်ဉီးရှိတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာ ယခုလို ရေးသားဖော်ပြ တင်လာတာပဲ ဖြစ်ပါတယ်။“အိမ်ထောင်ရေးဖောက်ပြန်နေကြတဲ့ရန်ကုန်တက္ကသိုလ်က ဆရာနဲ့ဆရာမတဲ့ဗျာ နှစ်ဖက်လုံးအိမ်ထောင်လက်ရှိ ရှိပါရက်နဲ့ ခလေးတွေမျက်နှာမှ မထောက် ကားထဲမှာခိုးစားနေကြတာ..ဆရာမရဲ့ယောကျာ်းလင်ကြီး လိုက်ဖမ်းတာ မိလို့ ရဲခေါ်ဖမ်းတဲ့ အဖြစ် လှိုင်မြို့နယ်မှာပါဗျာ နယ်မှာနေတဲ့ကြာကူလီ ဆရာရဲ့မယားကြီးသိအောင် share ပေးလိုက်ကြပါဗျာ” ဆိုပြီးတော့ ဖြစ်ပါတယ်။


ဆရာဂုဏ် သမားဂုဏ် မထောက်ဘဲ လူမှုရေးဖောက်ပြန်ကြသူ နှစ်ဉီးကတော့ အလုပ်ပြုတ်ကာ ထောင်နန်းစံပြီး အမိုက်မှောင်ကြီးပြုလုပ်မိခဲ့တာတွေအတွက် နောင်တတွေ တသီကြီး ဝဋ်ဆင်းရဲကြီးပမာ ခံစားသောကဝေရရှာတော့မည် အမှန်ပါ။လူအချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ ချစ်သူရည်းစား အိမ်ထောင်သည်များ ဖောက်ပြန်ခြင်း ကင်းဝေးကြပါစေ။ စနှိုက်ကြော်နှင့် ကြာကူလီဘေး အစဉ်ဝေးကာ အေးချမ်းချစ်ခင် ရှိကြပါစေ။

Post a Comment

Previous Post Next Post