(Zawgyi)


ကိုဗစ္ကာလ တစ္လေက်ာ္အတြင္း မႏၲေလးတိုင္းေဒသႀကီးအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္နိုင္ငံသား (၄၀) ေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလး တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လ.ဝ.က ဝန္ႀကီး ဦးေအာင္ၾကည္က ေျပာသည္။

ကိုဗစ္ကာလ ေလေၾကာင္း၊ေရေၾကာင္းႏွင့္ နယ္စပ္ဝင္ေပါက္မ်ားမွ နိုင္ငံျခားသား ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားရာ ဇြန္(၁၅)ရက္မွ ဇူလိုင္(၂၉)ရက္အထိ တစ္လခြဲနီးပါးအတြင္း တ႐ုတ္-ျမန္မာ နယ္စပ္မွတစ္ဆင့္ မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕နယ္ႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္တို႔တြင္ အေထာက္အထား တစ္စုံတစ္ရာ မပါရွိဘဲ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္နိုင္ငံသား (၄၁)ဦး ဖမ္းဆီးရမိခဲ့သည္ဟု ၎က ဆိုသည္။


အေထာက္အထားမဲ့ ဝင္ေရာက္လာသည့္ တ႐ုတ္နိုင္ငံသားမ်ား ဖမ္းဆီးရမိမႈသည္ ယခင္ကာလမ်ားထက္ ကိုဗစ္ကာလအတြင္း ပိုမို ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလး တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဌာန ဝန္ႀကီး ဦးေအာင္ၾကည္က ယေန႕ (ဩဂုတ္ ၆ရက္) က်င္းပသည့္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝး အၿပီးတြင္ သတင္းမီဒီယာမ်ားကို ေျပာသည္ ။

“တစ္ဆက္ထဲေတြ ျဖစ္ေနတယ္။ ဟိုတုန္းကေတာ့ နဲနဲေတာ့ က်ဲတယ္။ ခု စိပ္ေနတယ္။ ျပည္သူက အသိေပးတာေတြလည္း ပါတယ္။ လာတဲ့ ဝင္တဲ့ဟာေတြကိုလည္း စစ္ေဆးတယ္။ အဲ့ေတာ့ မိေနပါတယ္။ အရင္တုန္းကေတာ့ မိတယ္ အေရအတြက္ သိပ္မမ်ားဘူး။ ကိုဗစ္ ျဖစ္လာတဲ့အခ်ိန္ၾကမွ ဒါေတြက ေတာ္ေတာ္ေလး မ်ားလာတယ္” ဟု ၎က ေျပာသည္။

ကိုဗစ္ကာလ တစ္လခြဲနီးပါးအတြင္း ယခုကဲ့သို႔ တရားမဝင္ ဝင္ေရာက္လာသျဖင့္ ဖမ္းဆီးရမိခဲ့သည့္ တ႐ုတ္နိုင္သားမ်ားအနက္ လ.ဝ.က အက္ဥပေဒအရ တရားစြဲဆိုရန္ ေဆာင္႐ြက္ဆဲ(၃၁)ဦး၊ ဒဏ္ေငြ က်ပ္ငါးသိန္းစီ ေပးေဆာင္ေစရန္ အမိန႔္ခ်ၿပီးသူ (၉)ဦး၊ ျပည္ႏွင္ဒဏ္ေပးရန္ ေဆာင္႐ြက္ဆဲ ၅)ဦးႏွင့္ ေထာင္ဒဏ္ ေျခာက္လ က်ခံေနသူ (၄)ဦး ရွိသည္ဟု ဆိုသည္။


ကိုဗစ္ကပ္ေရာဂါကာလျဖစ္၍ တရားမဝင္ ဝင္ေရာက္လာမႈျဖင့္ ဖမ္းဆီးရမိသည့္ တ႐ုတ္နိုင္ငံသားမ်ားကို ေရာဂါပိုး ရွိ၊မရွိ စစ္ေဆးကာ သက္ဆိုင္ရာ ရဲစခန္းအခ်ဳပ္မ်ား၌ (၂၁)ရက္ ထားရွိ ေစာင့္ၾကည့္ျခင္းႏွင့္ ဥပေဒအရ အေရးယူ ေဆာင္႐ြက္ျခင္းမ်ား ဆက္လက္လုပ္ေဆာင္ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ယခုႏွစ္ ဇန္နဝါရီမွစ၍ ဇူလိုင္ ၂၉ ရက္အထိ မႏၲေလးတိုင္းေဒသႀကီးအတြင္း၌ တရားမဝင္ ဝင္ေရာက္လာမႈ အပါအဝင္ ျပစ္မႈ၊ျပစ္ဒဏ္အမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီး အေရးယူသည့္ တ႐ုတ္နိုင္ငံသား (၆၉)ဦး၊ ထိုင္ဝမ္းနိုင္ငံသား(၁)ဦးႏွင့္ မေလးရွားနိုင္ငံသား(၁)ဦး ရွိေၾကာင္း မႏၲေလး တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဌာနမွ သတင္းရရွိသည္။

(Unicode)

ကိုဗစ်ကာလ တစ်လကျော်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၄၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လ.ဝ.က ဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

ကိုဗစ်ကာလ လေကြောင်း၊ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသား ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားရာ ဇွန်(၁၅)ရက်မှ ဇူလိုင်(၂၉)ရက်အထိ တစ်လခွဲနီးပါးအတွင်း တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၁)ဦး ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ဆိုသည်။


အထောက်အထားမဲ့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိမှုသည် ယခင်ကာလများထက် ကိုဗစ်ကာလအတွင်း ပိုမို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာန ဝန်ကြီး ဦးအောင်ကြည်က ယနေ့ (ဩဂုတ် ၆ရက်) ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများကို ပြောသည် ။

“တစ်ဆက်ထဲတွေ ဖြစ်နေတယ်။ ဟိုတုန်းကတော့ နဲနဲတော့ ကျဲတယ်။ ခု စိပ်နေတယ်။ ပြည်သူက အသိပေးတာတွေလည်း ပါတယ်။ လာတဲ့ ဝင်တဲ့ဟာတွေကိုလည်း စစ်ဆေးတယ်။ အဲ့တော့ မိနေပါတယ်။ အရင်တုန်းကတော့ မိတယ် အရေအတွက် သိပ်မများဘူး။ ကိုဗစ် ဖြစ်လာတဲ့အချိန်ကြမှ ဒါတွေက တော်တော်လေး များလာတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလ တစ်လခွဲနီးပါးအတွင်း ယခုကဲ့သို့ တရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်သားများအနက် လ.ဝ.က အက်ဥပဒေအရ တရားစွဲဆိုရန် ဆောင်ရွက်ဆဲ(၃၁)ဦး၊ ဒဏ်ငွေ ကျပ်ငါးသိန်းစီ ပေးဆောင်စေရန် အမိန့်ချပြီးသူ (၉)ဦး၊ ပြည်နှင်ဒဏ်ပေးရန် ဆောင်ရွက်ဆဲ ၅)ဦးနှင့် ထောင်ဒဏ် ခြောက်လ ကျခံနေသူ (၄)ဦး ရှိသည်ဟု ဆိုသည်။


ကိုဗစ်ကပ်ရောဂါကာလဖြစ်၍ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို ရောဂါပိုး ရှိ၊မရှိ စစ်ဆေးကာ သက်ဆိုင်ရာ ရဲစခန်းအချုပ်များ၌ (၂၁)ရက် ထားရှိ စောင့်ကြည့်ခြင်းနှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းများ ဆက်လက်လုပ်ဆောင်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယခုနှစ် ဇန်နဝါရီမှစ၍ ဇူလိုင် ၂၉ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရားမဝင် ဝင်ရောက်လာမှု အပါအဝင် ပြစ်မှု၊ပြစ်ဒဏ်အမျိုးမျိုးဖြင့် ဖမ်းဆီး အရေးယူသည့် တရုတ်နိုင်ငံသား (၆၉)ဦး၊ ထိုင်ဝမ်းနိုင်ငံသား(၁)ဦးနှင့် မလေးရှားနိုင်ငံသား(၁)ဦး ရှိကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာနမှ သတင်းရရှိသည်။

Post a Comment

Previous Post Next Post