(Unicode)
ဝမ်းသာစရာ သတင်းတခုတော့ ကြားရပါပြီ။ ပါမောက္ခကြီးတွေနဲ့ ဆရာဝန်ကြီးတွေ နေပြည်တော် တင်ပြလိုက်ပါပြီ
အခုကူးစက်မှုတွေ မြင့်တက်လာလို့ အများပြည်သူ စိတ်ပူပင်သောကတွေ ရောက်ရပါတယ်။ ဒါပေမယ့် အခု ရောဂါပိုး (ဗိုင်းရပ်စ်) ဟာ မျိုးရိုးဗီဇပြောင်းလာပါတယ်လို့ သုံးသပ်ကြပါတယ်။
ရောဂါပိုး ကူးစက်မှုတော့များမယ်၊ ရောဂါပြင်းထန်နှုန်း ကစိုးရိမ်စရာမရှိနိုင်ဘဲ ပုံမှန် တုပ်ကွေးဖျားသလိုပဲ အားပျော့သွားနိုင်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်လာကြပါတယ်။
ဒါ့ကြောင့် ကွာရန်တင်း (Q)ထားတဲ့ မူဝါဒတွေ ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေတော့ ကြားနေရပါတယ်။
ပါမောက္ခဆရာကြီများ၊ ဆရာဝန်ကြီး အများစုက နေပြည်တော်သို့ တင်ပြကြသောကြောင့် မကြာီ ကွာရန်တင်း ၂ ပတ်သာ ပြန်ဖြစ်ဖွယ်ရာရှိပါသည်။
ကွာရန်တင်း အများစုကိုလဲ နေအိမ်တွင်သာ home quarantine HQ လုပ်ဖွယ်ရာရှိပါသည်။
Swab ယူတိုင်းလဲ မ Q ရတော့ဟု သိရပါသည်။ Swab ကိုတော့ ပိုတိုးပြီး ယူပါမည်။ မှန်ကန်ပြီး အကျိုးရှိတဲ့လမ်းပါ။
ပိုးတွေ့သော်လည်း ရောဂါလက္ခဏာမရှိသောလူနာများ မလိုအပ်ဘဲ ဆေးရုံမတင်ရန်လဲ ညှိနိင်းနေပါကြောင်း သတင်းကြားရပါသည်။
ဒါမှ တကယ်လိုအပ်တဲ့ လူနာကို ဖိဖိစီးစီးလုပ်နိုင်မယ်။ ဒါ့ကြောင့် မိမိကစ ကာကွယ်ပါ။ တတ်နိုင်သလောက် အိမ်မှာနေပါ။
တတ်နိုင်သလောက် ခပ်ခွာခွာနေပါ။ အပြင်ထွက်တိုင်း Mask တပ်ပါ။ လက်ကို ခဏခဏေဆးပါ။
Qစည်းကမ်းများ လိုက်နာပါ။ ခရီးသွားရာဇဝင်ရှိပါက သတင်းပို့ပါ။ တရားမဝင်ပြန်လာသူများရှိပါက သတင်းပို့ပါ။
(Zawgyi)
ပါမောက္ခဆရာကြီများ၊ ဆရာဝန်ကြီး အများစုက နေပြည်တော်သို့ တင်ပြကြသောကြောင့် မကြီာ ကွာရန်တင်း ၂ ပတ်သာ ပြန်ဖြစ်ဖွယ်ရာရှိပါသည်။
Post a Comment
Previous Post Next Post