(Unicode)

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာပြည်တွင် ကာလကြာမြင့်စွာက ငုပ်လျိုးနေခဲ့သော ကိုဗစ်-၁၉ သည် နိုင်ငံ၏ အနောက်အရပ် စစ်တွေ မြို့တွင် ဘွားကနဲ ပြန်ပေါ်လာခဲ့ပြီး လက်ရှိ ဖြစ်ပွားနှုန်း၏ ဆယ်ရာနှုန်းမျှ ရှိသော ၄၈ ဦးအထိ ခုန်တက်သွားခဲ့လေသည်။ ထို့အပြင် ယခု ထွက်ပေါ်လာသော ကော်ရိုနာဗိုင်းရပ်စ်သည် မြန်နှုန်းမြင့် ကူးစက်နိုင်သော ရောဂါပိုးမျိုး ဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းလျှက် ရှိနေကြသည်။

စစ်တွေအား လော့ဒေါင်း ချလိုက်ပြီး လေယာဉ် လိုင်း အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းလိုက်သည့်အပြင် ဘင်္ဂါလီ နှင့် ရခိုင် စစ်ပြေး ဒုက္ခသည် စခန်းများ အတွင်း စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေကြပေသည်။

ကမ္ဘာတဝှမ်းမှာတော့ ကော်ရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရေးပြိုင်ပွဲကြီး တွင် တရုတ်မှ ရှေ့က ဦးဆောင်လာနေသည် နှင့်အမျှ ၎င်း၏ ကမ္ဘာတွင် ဦးဆောင်မှု ပေးနိုင်မည့် အခန်းကဏ္ဍ ကျယ်ပြန့်လာမည့် အရေးနှင့် ယင်းကို အသုံးချ၍ နယ်မြေ အငြင်းပွားမှု ဖြစ်နေသော နိုင်ငံများအပေါ် အမြတ်ထုတ် လာမည်ကို စိုးရိမ်မကင်း ဖြစ်လာနေကြသည်။



ကမ္ဘာတဝှမ်းတွင် ကာကွယ်ဆေး အတွက် လက်တွေ့ စမ်းသပ်နေသည့် ဆေး ပေါင်း ၂၉ ခု ရှိနေသည့် အထဲတွင် တရုတ်မှ ၉ ခု ပါဝင်နေသည်။ ၉ ခုထဲမှ ၅ ခုသည် အဆင့် သုံးဟု ခေါ်သည့် နောက်ဆုံး အဆင့် ရောက်လာနေပြီး အတည်ပြုချက်ရရေးကို လုံးပမ်းနေပြီ ဖြစ်သည်။ (ကမ္ဘာတဝှမ်း အဆင့် သုံး သို့ ရောက်လာသည့် စမ်းသပ်မှု ၇ ခုသာ ရှိပေသေးသည်)။

တရုတ်တွင် ထိုသို့ အောင်မြင်မှုများ ရလာခြင်းသည် ကူးစက်ရောဂါများ အပေါ် အစိုးရ မှ ဦးဆောင်ပြီး သုတေသနများ နှစ်ပေါင်းများစွာ ကြာအောင် လုပ်လာနေခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။ လွန်ခဲ့သည့် အပတ်အတွင်း တရုတ်၏ CanSino Biologics သည် နောက်ဆုံး အဆင့် စမ်းသပ်မှုများကို ဆော်ဒီအာရေဗီးယားတွင် လူ ၅,၀၀၀ နှင့် စတင် စမ်းသပ်တော့မည်ဟု ကြေငြာခဲ့သည်။

တရုတ်၏ ဆေးဝါး ကုမ္ပဏီ များ နှင့် အစိုးရ သုတေသန ဌာနကြီးများ အကြား အမြဲလို ကူးလူးဆက်ဆံမှု များ ရှိနေသည်။ CanSino ဆိုလျှင် ပုဂ္ဂလိက ပေါ်ထွန်းစ ကုမ္ပဏီလေး တခုသာ ဖြစ်သော်လည်း စစ်တပ်၏ ထောက်ပံ့မှု များ နှင့်အတူ သုတေသန ကို ပူးတွဲ လုပ်ဆောင်လျှက် ရှိနေသည်။ နောက်ထပ် အပြီးသတ် စမ်းသပ်နေသည့် ဆေးကုမ္ပဏီကြီး ဖြစ်သည့် Sinopharm သည် အစိုးရပိုင် ဖြစ်သည်။ နောက်တခု ဖြစ်သည့် Sinovac Biotech သည်လည်း ပီကင်း တက္ကသိုလ် နှင့် ဟောင်ကောင် ကုမ္ပဏီများ ဖက်စပ် လုပ်ကိုင် နေခြင်း ဖြစ်ပေသည်။ အားလုံးသည် ကာကွယ်ဆေး များ ထုတ်လုပ်မှု တွင် မဟာဗျူဟာပိုင်း၌ ဦးဆောင်ပေးနေသည့် သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် နီးကပ်စွာ ဆက်ဆံနေသည့် ကုမ္ပဏီများလည်း ဖြစ်ပေသည်။

ဇွန်လ အတွင်းက အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လာသည့် ကော်ရိုနာဗိုင်းရပ်စ် တန်ပြန်ရေး ဆိုင်ရာ စက္ကူဖြူ စာတမ်းတွင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အတွက် နည်းလမ်း ငါးမျိုး ဖြင့် တပြိုင်နက်တည်း ချည်းကပ် ဆောင်ရွက်နေသည်ဟု ပါရှိလာခဲ့သည်။ သို့သော် မည်သည့် အမျိုးအစားကို ထုတ်သုံးမည် ဆိုသည်ကား ဖေါ်ပြထားခဲ့ခြင်း မရှိပေ။ ကျန်သည့် အမျိုးအစားများကို အရံ အဖြစ် သိမ်းဆည်းထားမည် ဟု လည်းဆိုသည်။



CanSino နှင့် Sinovac တို့သည် တရုတ်အစိုးရ၏ ပံ့ပိုးမှု ဖြင့် နှစ်စဉ် ကာကွယ်ဆေးရည် သန်း ၁၀၀ မှ ၂၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဟု တရုတ် မီဒီယာများတွင် ရေးသား ဖေါ်ပြလာခဲ့ကြသည်။

တရုတ်သည် inactivated vaccine (IV) အမျိုးအစားကို အဓိက အားပြုထုတ်လုပ်လျှက် ရှိနေသည်။ အဆိုပါ ကာကွယ်ဆေး အမျိုးအစားသည် ရောဂါ ပိုး ထုတ်လုပ်နိုင်စွမ်း မရှိတော့သော ကော်ရိုနာ ဗိုင်းရပ်စ်ပိုး များ နှင့် ဘက်တီရီးယားများကို အဓိက ထား၍ ကာကွယ်ဆေး ထုတ်လုပ် နေသည်။ ထိုသို့သော ကာကွယ်ဆေးမျိုးက ကာလကြာမြင့်စွာကပင် တွေ့ရှိထားခဲ့ပြီး ဖြစ်ပြီး ထိရောက်မှု ရှိကြောင်း စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ကြက်ဥ နှင့် တရိစ္ဆာန် ဆဲလ်များ အသုံးပြုရသဖြင့် လက်ဝင်လှသောကြောင့် ဥရောပနှင့် အမေရိကန် ဆေးကုမ္ပဏီများက စမ်းသပ်ရန် စွန့်လွှတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် တရုတ်ကတော့ SARS ဖြစ်ပွားစဉ်ကတည်းက အတွေ့အကြုံ ရှိထားပြီ ဖြစ်၍ လူအင်အား ဖြင့် နှစ်ဆတိုးကာ အားထုတ်လျှက် ရှိနေသည်။

တရုတ်သည် ၂၀၀၈ မှစ၍ IV ကာကွယ်ဆေး ထုတ်လုပ်သည့် နည်းပညာတွင် ထိပ်မှ ဦးဆောင်လျက် ရှိနေသည်။ သို့သော် တရုတ် ကာကွယ်ဆေးများက ပြည်ပသို့ ဖြန့်ချီ ခဲ လှပြီး ထိရောက်မှု ရှိမရှိ သက်သေပြရန် ခက်ခဲလှသည်ဟု ဆိုကြသည်။

ယခုအခါ တရုတ်သည် ကာကွယ်ဆေးအား ကမ္ဘာသို့ ဩဇာလွှမ်းနိုင်ရေး လက်နက်တခု အဖြစ် အသုံးချရန် ပြင်ဆင်လာပြီ ဖြစ်၍ စိုးရိမ်မကင်း ဖြစ်လာခဲ့ကြသည်။

ယခုပင် တရုတ်နှင့် တောင်တရုတ် ပင်လယ်တွင် နယ်မြေ အငြင်းပွားမှုများ ဖြစ်နေသော ဖီလစ်ပိုင် နိုင်ငံ၏ သမ္မတ ဖြစ်သူ ဒူတာတေး မှ ကာကွယ်ဆေး ထွက်လျှင် ထွက်ခြင်း မိမိနိုင်ငံအား ဦးစားပေး ဖြန့်ချီရန် လူသိရှင်ကြား တောင်းဆိုလိုက်ပြီ ဖြစ်၍ ထိုကဲ့သို့သော နိုင်ငံများ အား တရုတ်မှ အလွယ်တကူ ဩဇာလွှမ်းမိုးနိုင်စရာ ရှိနေသည်ဟု ထောက်ပြလာကြသည်။



လက်ရှိတွင် ရုရှားမှ ကာကွယ်ဆေးကို ကမ္ဘာတွင် ပထမဆုံး ထုတ်လုပ်နိုင်ပြီဟု ကြွားဝါလျှက် ရှိသည်။ အမေရိကန် ကမူ ကာကွယ်ဆေး သန်းချီသော အရည်အတွက် ရရှိရန် ဒေါ်လာ ၁၀ ဘီလီယံ ခန့် ထုတ်နှုတ်ကျခံထားပြီး လက်တွေ့အသုံးချနိုင်မည့် အဆင့်သို့ လျှင်မြန်စွာ ချည်းကပ်လာနေပြီ ဖြစ်သည်။

သို့သော် ဝယ်ယူသုံးစွဲနိုင်မည့် အရေးသည် တကမ္ဘာလုံး အတွက် ပြဿနာ ဖြစ်လာနေရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မေလ အတွင်းက ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် ၏ နှစ်ပတ်လည် ညီလာခံတွင် ကာကွယ်ဆေးကို အများ အကျိုး အတွက် အသုံးချ သွားမှာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ သက်သက်သာသာ နှင့် အလွယ်တကူ ဝယ်ယူနိုင်ရန် စီမံပေးသွားမည် ဖြစ်သည်ဟု ပြောလာသဖြင့် တရုတ်ထံမှ အခမဲ့ ရရှိနိုင်သည်ဟု မျှော်လင့်နေသော နိုင်ငံများ အတွက် တပ်လှန်နှိုးဆော် ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ (လှစိုးဝေ)

 (Zawgyi)


ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း ျမန္မာျပည္တြင္ ကာလၾကာျမင့္စြာက ငုပ္လ်ိဳးေနခဲ့ေသာ ကိုဗစ္-၁၉ သည္ ႏိုင္ငံ၏ အေနာက္အရပ္ စစ္ေတြ ၿမိဳ႕တြင္ ဘြားကနဲ ျပန္ေပၚလာခဲ့ၿပီး လက္ရွိ ျဖစ္ပြားႏႈန္း၏ ဆယ္ရာႏႈန္းမွ် ရွိေသာ ၄၈ ဦးအထိ ခုန္တက္သြားခဲ့ေလသည္။ ထို႔အျပင္ ယခု ထြက္ေပၚလာေသာ ေကာ္႐ိုနာဗိုင္းရပ္စ္သည္ ျမန္ႏႈန္းျမင့္ ကူးစက္ႏိုင္ေသာ ေရာဂါပိုးမ်ိဳး ျဖစ္ႏိုင္သည္ဟု တာဝန္ရွိသူမ်ားက ခန႔္မွန္းလွ်က္ ရွိေနၾကသည္။

စစ္ေတြအား ေလာ့ေဒါင္း ခ်လိုက္ၿပီး ေလယာဥ္ လိုင္း အပါအဝင္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို ရပ္ဆိုင္းလိုက္သည့္အျပင္ ဘဂၤါလီ ႏွင့္ ရခိုင္ စစ္ေျပး ဒုကၡသည္ စခန္းမ်ား အတြင္း စိုးရိမ္ထိတ္လန႔္မႈမ်ားလည္း ရွိေနၾကေပသည္။

ကမာၻတဝွမ္းမွာေတာ့ ေကာ္႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆး ထုတ္လုပ္ေရးၿပိဳင္ပြဲႀကီး တြင္ တ႐ုတ္မွ ေရွ႕က ဦးေဆာင္လာေနသည္ ႏွင့္အမွ် ၎၏ ကမာၻတြင္ ဦးေဆာင္မႈ ေပးႏိုင္မည့္ အခန္းက႑ က်ယ္ျပန႔္လာမည့္ အေရးႏွင့္ ယင္းကို အသုံးခ်၍ နယ္ေျမ အျငင္းပြားမႈ ျဖစ္ေနေသာ ႏိုင္ငံမ်ားအေပၚ အျမတ္ထုတ္ လာမည္ကို စိုးရိမ္မကင္း ျဖစ္လာေနၾကသည္။



ကမာၻတဝွမ္းတြင္ ကာကြယ္ေဆး အတြက္ လက္ေတြ႕ စမ္းသပ္ေနသည့္ ေဆး ေပါင္း ၂၉ ခု ရွိေနသည့္ အထဲတြင္ တ႐ုတ္မွ ၉ ခု ပါဝင္ေနသည္။ ၉ ခုထဲမွ ၅ ခုသည္ အဆင့္ သုံးဟု ေခၚသည့္ ေနာက္ဆုံး အဆင့္ ေရာက္လာေနၿပီး အတည္ျပဳခ်က္ရေရးကို လုံးပမ္းေနၿပီ ျဖစ္သည္။ (ကမာၻတဝွမ္း အဆင့္ သုံး သို႔ ေရာက္လာသည့္ စမ္းသပ္မႈ ၇ ခုသာ ရွိေပေသးသည္)။

တ႐ုတ္တြင္ ထိုသို႔ ေအာင္ျမင္မႈမ်ား ရလာျခင္းသည္ ကူးစက္ေရာဂါမ်ား အေပၚ အစိုးရ မွ ဦးေဆာင္ၿပီး သုေတသနမ်ား ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ လုပ္လာေနခဲ့ျခင္း၏ ရလဒ္ပင္ ျဖစ္သည္။ လြန္ခဲ့သည့္ အပတ္အတြင္း တ႐ုတ္၏ CanSino Biologics သည္ ေနာက္ဆုံး အဆင့္ စမ္းသပ္မႈမ်ားကို ေဆာ္ဒီအာေရဗီးယားတြင္ လူ ၅,၀၀၀ ႏွင့္ စတင္ စမ္းသပ္ေတာ့မည္ဟု ေၾကျငာခဲ့သည္။

တ႐ုတ္၏ ေဆးဝါး ကုမၸဏီ မ်ား ႏွင့္ အစိုးရ သုေတသန ဌာနႀကီးမ်ား အၾကား အၿမဲလို ကူးလူးဆက္ဆံမႈ မ်ား ရွိေနသည္။ CanSino ဆိုလွ်င္ ပုဂၢလိက ေပၚထြန္းစ ကုမၸဏီေလး တခုသာ ျဖစ္ေသာ္လည္း စစ္တပ္၏ ေထာက္ပံ့မႈ မ်ား ႏွင့္အတူ သုေတသန ကို ပူးတြဲ လုပ္ေဆာင္လွ်က္ ရွိေနသည္။ ေနာက္ထပ္ အၿပီးသတ္ စမ္းသပ္ေနသည့္ ေဆးကုမၸဏီႀကီး ျဖစ္သည့္ Sinopharm သည္ အစိုးရပိုင္ ျဖစ္သည္။ ေနာက္တခု ျဖစ္သည့္ Sinovac Biotech သည္လည္း ပီကင္း တကၠသိုလ္ ႏွင့္ ေဟာင္ေကာင္ ကုမၸဏီမ်ား ဖက္စပ္ လုပ္ကိုင္ ေနျခင္း ျဖစ္ေပသည္။ အားလုံးသည္ ကာကြယ္ေဆး မ်ား ထုတ္လုပ္မႈ တြင္ မဟာဗ်ဴဟာပိုင္း၌ ဦးေဆာင္ေပးေနသည့္ သိပၸံ ႏွင့္ နည္းပညာ ဝန္ႀကီးဌာနႏွင့္ နီးကပ္စြာ ဆက္ဆံေနသည့္ ကုမၸဏီမ်ားလည္း ျဖစ္ေပသည္။

ဇြန္လ အတြင္းက အဆိုပါ ဝန္ႀကီးဌာနမွ ထုတ္ျပန္လာသည့္ ေကာ္႐ိုနာဗိုင္းရပ္စ္ တန္ျပန္ေရး ဆိုင္ရာ စကၠဴျဖဴ စာတမ္းတြင္ ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ရန္ အတြက္ နည္းလမ္း ငါးမ်ိဳး ျဖင့္ တၿပိဳင္နက္တည္း ခ်ည္းကပ္ ေဆာင္႐ြက္ေနသည္ဟု ပါရွိလာခဲ့သည္။ သို႔ေသာ္ မည္သည့္ အမ်ိဳးအစားကို ထုတ္သုံးမည္ ဆိုသည္ကား ေဖၚျပထားခဲ့ျခင္း မရွိေပ။ က်န္သည့္ အမ်ိဳးအစားမ်ားကို အရံ အျဖစ္ သိမ္းဆည္းထားမည္ ဟု လည္းဆိုသည္။



CanSino ႏွင့္ Sinovac တို႔သည္ တ႐ုတ္အစိုးရ၏ ပံ့ပိုးမႈ ျဖင့္ ႏွစ္စဥ္ ကာကြယ္ေဆးရည္ သန္း ၁၀၀ မွ ၂၀၀ အထိ ထုတ္လုပ္ႏိုင္စြမ္း ရွိေနၿပီဟု တ႐ုတ္ မီဒီယာမ်ားတြင္ ေရးသား ေဖၚျပလာခဲ့ၾကသည္။

တ႐ုတ္သည္ inactivated vaccine (IV) အမ်ိဳးအစားကို အဓိက အားျပဳထုတ္လုပ္လွ်က္ ရွိေနသည္။ အဆိုပါ ကာကြယ္ေဆး အမ်ိဳးအစားသည္ ေရာဂါ ပိုး ထုတ္လုပ္ႏိုင္စြမ္း မရွိေတာ့ေသာ ေကာ္႐ိုနာ ဗိုင္းရပ္စ္ပိုး မ်ား ႏွင့္ ဘက္တီရီးယားမ်ားကို အဓိက ထား၍ ကာကြယ္ေဆး ထုတ္လုပ္ ေနသည္။ ထိုသို႔ေသာ ကာကြယ္ေဆးမ်ိဳးက ကာလၾကာျမင့္စြာကပင္ ေတြ႕ရွိထားခဲ့ၿပီး ျဖစ္ၿပီး ထိေရာက္မႈ ရွိေၾကာင္း စမ္းသပ္ႏိုင္ခဲ့ၿပီ ျဖစ္သည္။ သို႔ေသာ္ ၾကက္ဥ ႏွင့္ တရိစာၦန္ ဆဲလ္မ်ား အသုံးျပဳရသျဖင့္ လက္ဝင္လွေသာေၾကာင့္ ဥေရာပႏွင့္ အေမရိကန္ ေဆးကုမၸဏီမ်ားက စမ္းသပ္ရန္ စြန႔္လႊတ္ထားခဲ့ၿပီး ျဖစ္သည္။ သို႔ေသာ္ တ႐ုတ္ကေတာ့ SARS ျဖစ္ပြားစဥ္ကတည္းက အေတြ႕အႀကဳံ ရွိထားၿပီ ျဖစ္၍ လူအင္အား ျဖင့္ ႏွစ္ဆတိုးကာ အားထုတ္လွ်က္ ရွိေနသည္။

တ႐ုတ္သည္ ၂၀၀၈ မွစ၍ IV ကာကြယ္ေဆး ထုတ္လုပ္သည့္ နည္းပညာတြင္ ထိပ္မွ ဦးေဆာင္လ်က္ ရွိေနသည္။ သို႔ေသာ္ တ႐ုတ္ ကာကြယ္ေဆးမ်ားက ျပည္ပသို႔ ျဖန႔္ခ်ီ ခဲ လွၿပီး ထိေရာက္မႈ ရွိမရွိ သက္ေသျပရန္ ခက္ခဲလွသည္ဟု ဆိုၾကသည္။

ယခုအခါ တ႐ုတ္သည္ ကာကြယ္ေဆးအား ကမာၻသို႔ ဩဇာလႊမ္းႏိုင္ေရး လက္နက္တခု အျဖစ္ အသုံးခ်ရန္ ျပင္ဆင္လာၿပီ ျဖစ္၍ စိုးရိမ္မကင္း ျဖစ္လာခဲ့ၾကသည္။

ယခုပင္ တ႐ုတ္ႏွင့္ ေတာင္တ႐ုတ္ ပင္လယ္တြင္ နယ္ေျမ အျငင္းပြားမႈမ်ား ျဖစ္ေနေသာ ဖီလစ္ပိုင္ ႏိုင္ငံ၏ သမၼတ ျဖစ္သူ ဒူတာေတး မွ ကာကြယ္ေဆး ထြက္လွ်င္ ထြက္ျခင္း မိမိႏိုင္ငံအား ဦးစားေပး ျဖန႔္ခ်ီရန္ လူသိရွင္ၾကား ေတာင္းဆိုလိုက္ၿပီ ျဖစ္၍ ထိုကဲ့သို႔ေသာ ႏိုင္ငံမ်ား အား တ႐ုတ္မွ အလြယ္တကူ ဩဇာလႊမ္းမိုးႏိုင္စရာ ရွိေနသည္ဟု ေထာက္ျပလာၾကသည္။



လက္ရွိတြင္ ႐ုရွားမွ ကာကြယ္ေဆးကို ကမာၻတြင္ ပထမဆုံး ထုတ္လုပ္ႏိုင္ၿပီဟု ႂကြားဝါလွ်က္ ရွိသည္။ အေမရိကန္ ကမူ ကာကြယ္ေဆး သန္းခ်ီေသာ အရည္အတြက္ ရရွိရန္ ေဒၚလာ ၁၀ ဘီလီယံ ခန႔္ ထုတ္ႏႈတ္က်ခံထားၿပီး လက္ေတြ႕အသုံးခ်ႏိုင္မည့္ အဆင့္သို႔ လွ်င္ျမန္စြာ ခ်ည္းကပ္လာေနၿပီ ျဖစ္သည္။

သို႔ေသာ္ ဝယ္ယူသုံးစြဲႏိုင္မည့္ အေရးသည္ တကမာၻလုံး အတြက္ ျပႆနာ ျဖစ္လာေနရသည္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ေမလ အတြင္းက ကမာၻက်န္းမာေရးအဖြဲ႕ခ်ဳပ္ ၏ ႏွစ္ပတ္လည္ ညီလာခံတြင္ ကာကြယ္ေဆးကို အမ်ား အက်ိဳး အတြက္ အသုံးခ် သြားမွာ ျဖစ္ၿပီး ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ား သက္သက္သာသာ ႏွင့္ အလြယ္တကူ ဝယ္ယူႏိုင္ရန္ စီမံေပးသြားမည္ ျဖစ္သည္ဟု ေျပာလာသျဖင့္ တ႐ုတ္ထံမွ အခမဲ့ ရရွိႏိုင္သည္ဟု ေမွ်ာ္လင့္ေနေသာ ႏိုင္ငံမ်ား အတြက္ တပ္လွန္ႏႈိးေဆာ္ ေပးလိုက္သလို ျဖစ္သြားခဲ့ရသည္။ (လွစိုးေဝ)


Post a Comment

Previous Post Next Post