(Zawgyi)

ကာလုံမေခၚ ဘဲ တဦး တည္း ဆုံးျဖတ္ေနျခင္း က အလြန္အႏၲရာယ္ႀကီး ဟု ကာခ်ဳပ္ေျပာ

ကာ/လုံ မေခၚ ဘဲ တစ္ဦးတည္း ဆုံးျဖတ္ေနမႈ အႏၲရာယ္ႀကီးၿပီး မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ျဖစ္ရန္ အလွမ္းေဝးဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္သတိေပး


အမ်ိဳးသားကာကြယ္ေရးႏွင့္လုံျခဳံေရးေကာင္စီ(ကာ/လုံ)သည္ နိုင္ငံေတာ္၏ အသက္ဝိဉာဥ္ျဖစ္ၿပီး ကာ/လုံ အစည္းအေဝး မေခၚဘဲ တစ္ဦးတစ္ေယာက္ တည္း ဆုံးျဖတ္ေနျခင္းက အႏၲရာယ္ႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာဆိုလို က္သည္။

႐ုရွားဖက္ဒေရးရွင္းနိုင္ငံ Politic မဂၢဇင္းတို႔၏ ေမးျမန္းခန္းတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က အထက္ပါအတိုင္းေျပာဆိုျခင္းျဖစ္သည္။ Politic မဂၢဇင္းက အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံျခဳံေရးေကာင္စီကို နိုင္ငံေတာ္စီမံခန႔္ခြဲေရးအတြက္ အေရးပါတဲ့ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ထည့္သြင္းေရးဆြဲ ထား ပါတ ယ္။


အဆိုပါေကာင္စီရဲ့အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ပါတယ္။ အခ်ိဳ႕ေသာ ကိစၥရပ္ေတြဟာ ကၽြန္ုပ္တို႔အျမင္အရ အဆိုပါေကာင္စီမွာ ေဆြးေႏြးရမယ့္ကိစၥရပ္ေတြျဖစ္ေနေပမယ့္ ေကာင္စီမွာေဆြးေႏြးတာနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ မၾကားမိေသးဘူး။ အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံျခဳံေရးေကာင္စီအစည္းအေဝးေတြ လိုအပ္တယ္လို႔အေဆြေတာ္ ထင္ပါသလား။ အဆိုပါအစည္းအေဝးက အေျခအေနေတြတည္ၿငိမ္ေအာင္ေဆာင္ရြက္ေရးနဲ႔ အၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရးေတြအေထာက္အကူျဖစ္ေစနိုင္တယ္လို႔ ထင္ပါသလား ဟု ေမးျမန္းခဲ့မႈတြင္ ၎က ယင္းသို႔ ျပန္လည္ ေျဖၾကားျခင္းျဖစ္ သည္။

“ကမၻာ့နိုင္ငံေတြအားလုံးေလာက္နီးပါးမွာ ဒီ “ကာကြယ္ေရးနဲ႔ လုံျခဳံေရးေကာင္စီ” ကို ဒီနာမည္နဲ႔ပဲျဖစ္ျဖစ္၊ အျခားနာမည္နဲ႔ပဲျဖစ္ျဖစ္ တစ္နည္းနည္းနဲ႔ ဖြဲ႕စည္းလုပ္ကိုင္ေဆာင္ရြက္ေနတာပဲျဖစ္ပါတယ္။ နိုင္ငံေတာ္ ကာကြယ္ေရးနဲ႔ လုံျခဳံေရးကိစၥေတြဟာ နိုင္ငံတစ္ခုရဲ့ အသက္ဝိညာဥ္ေတြပဲ ျဖစ္ပါတယ္။ အသက္ဝိညာဥ္မရွိတဲ့လူကို လူလို႔ဆက္ၿပီးေခၚလို႔ရဦးမလား။ ဒီေလာက္အထိ အေရးႀကီးပါတယ္။ ကၽြန္ေတာ္မၾကာခဏေျပာခဲ့သလိုပါပဲ။ ဒီကိစၥေတြမွာ Sorry ဆိုတာမရွိပါဘူး။ Sorry ဆိုရင္ နိုင္ငံရဲ့အခ်ဳပ္ အျခာ အာဏာ ဆုံးရႈံးၿပီးျ ဖစ္ေန ပါလိမ့္မယ္။


ဒါေတြကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြ၊ ညႇိႏွိုင္းမႈေတြ၊ သုံးသပ္မႈေတြမလုပ္ဘဲ၊ တစ္ဦးတည္းကဆုံးျဖတ္ေနတာ အႏၲရာယ္သိပ္ႀကီးပါတယ္။ ထိေရာက္တဲ့၊ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္၊ လုပ္ေဆာင္ခ်က္ေတြျဖစ္ဖို႔အလြန္ အလွမ္းေဝးလွ ပါတယ္။ ဒီအစည္းအေဝးေတြေခၚယူျခင္း၊ မေခၚယူျခင္းဟာေခၚယူလုပ္ေဆာင္ရန္ တာဝန္ရွိသူေတြရဲ့အပိုင္းသာျဖစ္ၿပီး ကၽြန္ေတာ္တို႔က မိမိနိုင္ငံ၊ မိမိလူမ်ိဳးရဲ့ ကာကြယ္ေရးနဲ႔လုံျခဳံေရးကိစၥေတြကို က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားလုပ္ေဆာင္တာေတြ လုပ္ေဆာင္လ်က္ ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာဆိုသြား သည္။


(Unicode)

ကာလုံမခေါ် ဘဲ တဦး တည်း ဆုံးဖြတ်နေခြင်း က အလွန်အန္တရာယ်ကြီး ဟု ကာချုပ်ပြော

ကာ/လုံ မခေါ် ဘဲ တစ်ဦးတည်း ဆုံးဖြတ်နေမှု အန္တရာယ်ကြီးပြီး မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ရန် အလှမ်းဝေးဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သတိပေး


အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)သည် နိုင်ငံတော်၏ အသက်ဝိဉာဉ်ဖြစ်ပြီး ကာ/လုံ အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလို က်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ Politic မဂ္ဂဇင်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်စီမံခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲ ထား ပါတ ယ်။


အဆိုပါကောင်စီရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ ကျွန်ုပ်တို့အမြင်အရ အဆိုပါကောင်စီမှာ ဆွေးနွေးရမယ့်ကိစ္စရပ်တွေဖြစ်နေပေမယ့် ကောင်စီမှာဆွေးနွေးတာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေ လိုအပ်တယ်လို့အဆွေတော် ထင်ပါသလား။ အဆိုပါအစည်းအဝေးက အခြေအနေတွေတည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွေအထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား ဟု မေးမြန်းခဲ့မှုတွင် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ် သည်။

“ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ “ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ် အခြာ အာဏာ ဆုံးရှုံးပြီးြ ဖစ်နေ ပါလိမ့်မယ်။


ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါတယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုသွား သည်။

Post a Comment

Previous Post Next Post