(Unicode)


ဂရန်အတုပြုလုပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ(MCDC)

တွဲဖက်အတွင်းရေးမှူးအပါအဝင် ဝန်ထမ်း (၁၁) ဦး ကိုရာထူးချ၍ အရေးယူထားကြောင်းယင်းကော်မတီ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ အရေးယူခံရရာတွင် တွဲဖက်အတွင်းရေးမှူး၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနခွဲမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနစုမှူး၊မြေတိုင်းစာရေးများပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။


“ဌာနစုမှူးတစ်ယောက်ကတော့ ရာထူးချ မခံရဘူး။ သုံးနှစ်ရာထူးတိုး ရပ်ဆိုင်းတာ၊ သူကတစ်မှုတည်းမဟုတ်ဘူး။ သုံးနှစ်အတွင်းမှာ ရာထူးတိုးဖြေလို့မရဘူး။ ကျန်တဲ့မြေတိုင်းနှစ်ယောက်ကတော့ ပင်စင် သွားတယ်” ဟု၎င်းကရှင်းပြသည်။ တွဲဖက်အတွင်းရေးမှူးကို သန့်ရှင်းရေးဌာနမှူး အဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်စေရန် တစ်ဆင့်ချအရေးယူ ထားပြီး သန့်ရှင်းရေးဌာနမှူးကို တွဲဖက်အတွင်းရေးမှူးအဖြစ် ခေတ္တတာဝန်ထမ်းဆောင်စေမည်ဟုလည် ၎င်းကပြောဆိုသည်။



အဆိုပါအမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့က လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်ကတည်းက စစ်ဆေးခြင်းဖြစ်ပြီး စည်ပင်မှ ယမန်နေ့ (ဩဂုတ်၁၁) ကအပြီးသတ်အမိန့်ချမှတ်ခဲ့ကာ တရားဝင်စာထွက်ရှိရန် ပြင်ဆင်နေကြောင်း ၎င်းထံမှထပ်မံသိရှိရသည်။ ဂရန်အတု ပြုလုပ်ခဲ့မှုများသည် ယခင်အစိုးရလက်ထက်တွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု စည်ပင်ရှိသတင်းရင်းမြစ်များထံမှ သိရသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် အစိုးရသစ်သက်တမ်း (၄) နှစ်အတွင်း အကျင့်ပျက်ခြစားသည့်ဝန်ထမ်း နှစ်ရာကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင် ကပြောဆိုထားသည်။


(Zawgyi)


ဂရန္အတုျပဳလုပ္မႈျဖင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ(MCDC)

တြဲဖက္အတြင္းေရးမႉးအပါအဝင္ ဝန္ထမ္း (၁၁) ဦး ကိုရာထူးခ်၍ အေရးယူထားေၾကာင္းယင္းေကာ္မတီ သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။ အေရးယူခံရရာတြင္ တြဲဖက္အတြင္းေရးမႉး၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲမႈဌာနမႉး၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန႔္ခြဲမႈဌာနခြဲမႉး၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန႔္ခြဲမႈဌာနစုမႉး၊ေျမတိုင္းစာေရးမ်ားပါဝင္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာဆိုသည္။


“ဌာနစုမႉးတစ္ေယာက္ကေတာ့ ရာထူးခ် မခံရဘူး။ သုံးႏွစ္ရာထူးတိုး ရပ္ဆိုင္းတာ၊ သူကတစ္မႈတည္းမဟုတ္ဘူး။ သုံးႏွစ္အတြင္းမွာ ရာထူးတိုးေျဖလို႔မရဘူး။ က်န္တဲ့ေျမတိုင္းႏွစ္ေယာက္ကေတာ့ ပင္စင္ သြားတယ္” ဟု၎ကရွင္းျပသည္။ တြဲဖက္အတြင္းေရးမႉးကို သန႔္ရွင္းေရးဌာနမႉး အျဖစ္ ၂ ႏွစ္တာဝန္ထမ္းေဆာင္ေစရန္ တစ္ဆင့္ခ်အေရးယူ ထားၿပီး သန႔္ရွင္းေရးဌာနမႉးကို တြဲဖက္အတြင္းေရးမႉးအျဖစ္ ေခတၱတာဝန္ထမ္းေဆာင္ေစမည္ဟုလည္ ၎ကေျပာဆိုသည္။


အဆိုပါအမႈကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္တို႔က လြန္ခဲ့သည့္တစ္ႏွစ္ေက်ာ္ခန႔္ကတည္းက စစ္ေဆးျခင္းျဖစ္ၿပီး စည္ပင္မွ ယမန္ေန႔ (ဩဂုတ္၁၁) ကအၿပီးသတ္အမိန႔္ခ်မွတ္ခဲ့ကာ တရားဝင္စာထြက္ရွိရန္ ျပင္ဆင္ေနေၾကာင္း ၎ထံမွထပ္မံသိရွိရသည္။ ဂရန္အတု ျပဳလုပ္ခဲ့မႈမ်ားသည္ ယခင္အစိုးရလက္ထက္တြင္ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္ဟု စည္ပင္ရွိသတင္းရင္းျမစ္မ်ားထံမွ သိရသည္။ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ အစိုးရသစ္သက္တမ္း (၄) ႏွစ္အတြင္း အက်င့္ပ်က္ျခစားသည့္ဝန္ထမ္း ႏွစ္ရာေက်ာ္ကို အလုပ္မွထုတ္ပယ္ခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ ကေျပာဆိုထားသည္။

Post a Comment

Previous Post Next Post