(Zawgyi)

ဇူလိုင္လအတြင္းမွာယာဥ္မေတာ္တဆမႈေပါင္း ၅၀ ေက်ာ္ျဖစ္ပြားခဲ့ပါတယ္။ ဒီကေန႔ ၾသဂုတ္လ ၃ ရက္မနက္ပိုင္းမွာ အျမန္လမ္းမွာ ယာဥ္တိုက္မႈေၾကာင့္ လူ ၆ ဦးေသဆုံးခဲ့တယ္လို႔ အျမန္လမ္းမီးသတ္တပ္ဖြဲ႕ကေန သိရပါတယ္။ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး ဒီကေန႔ မနက္ ၇ နာရီ မိနစ္ ၅၀ နဲ႔ မနက္ ၈ နာရီ ၾကား ၁၀ မိနစ္အတြင္း (၃) ႀကိမ္ျဖစ္ပြားခဲ့ရာ ယာဥ္ေပၚပါလာသူ (၅) ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ျဖစ္စဥ္ကေတာ့ ဒီကေန႔မနက္ ၇ နာရီ မိနစ္ ၅၀ အခ်ိန္မွာရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ ၁၇၆ မိုင္အနီးမွာ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာမွာ ယာဥ္ေပၚပါ (၆) ဦးထဲက အမ်ိဳးသား (၁) ဦးနဲ႔ အမ်ိဳးသမီး (၁) ဦး စုစုေပါင္း (၂) ဦးမွာ အခင္းျဖစ္ပြားတဲ့ေနရာမွာပဲ ေသဆုံးသြားခဲ့ရတယ္လို႔ ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနက ထုတ္ျပန္ပါတယ္။



ဒါ့အျပင္ မနက္ ၈ နာရီအခ်ိန္မွာပဲ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ ၃၃၆ မိုင္အနီးမွာ ယာဥ္တစ္စီး လမ္းေခ်ာ္ၿပီး လမ္းလယ္ကြၽန္းကို ေက်ာ္တက္ကာ ဘယ္ရီယာတုံးေတြကို ဝင္တိုက္ခဲ့လို႔ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္လည္း ယာဥ္ေပၚပါလာသူ (၆) ဦးအနက္ အမ်ိဳးသား (၁) ဦးနဲ႔ အမ်ိဳးသမီး (၂) ဦး စုစုေပါင္း (၃) ဦးေသဆုံးခဲ့ပါတယ္။ ေသဆုံးသူ (၃) ဦးဟာ ယာဥ္ေမာင္းတစ္ဦး၊အသက္ ၁၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ ၁၈ ႏွစ္အ႐ြယ္အမ်ိဳးသမီးတို႔ျဖစ္ၾကတယ္လို႔ အျမန္လမ္းမီးသတ္တပ္ဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္။



“ အမ်ားအားျဖင့္ မိုးရာသီဆို ကားေတြက စလစ္ျဖစ္တာမ်ားတယ္။ ဒီေန႔ မနက္ကလည္း အျမန္လမ္းမွာ ေတာက္ေလွ်ာက္မိုး႐ြာေနေတာ့ ယာဥ္ေမာင္းေတြက မထိန္းႏိုင္ေတာ့ဘဲ အရွိန္လြန္ၿပီး တစ္ဖက္ယာဥ္ေၾကာကို ေရာက္သြားတယ္။ ဇူလိုင္လထဲမွာဆိုရင္ ယာဥ္မေတာ္တဆမႈ ေတြက အျခားလေတြထက္ ယာဥ္မေတာ္တဆမႈ ႏွစ္ဆေလာက္မ်ားတယ္”လို႔ အျမန္လမ္းမီးသတ္တပ္ဖြဲ႕တာဝန္ရွိသူက ဆိုပါတယ္။ ဒါ့အျပင္ ဒီကေန႔ ၾသဂုတ္လ ၃ ရက္ မနက္ ၂ နာရီခန႔္မွာလည္း မိုင္တိုင္အမွတ္ ၃၂၈ မိုင္အနီးမွာ လမ္းျဖတ္ကူးလာသူတစ္ဦး ကားတိုက္ခံရၿပီး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့တာေၾကာင့္ ဒီကေန႔ မနက္ပိုင္းအတြင္း အျမန္လမ္းမွာ ေသဆုံးသူ ၆ ဦးအထိ ရွိလာခဲ့တယ္လို႔လည္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕ကေန သိရပါတယ္။ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္းက အျမန္လမ္းမွာ ယာဥ္မေတာ္တဆမႈေပါင္း ၅၀ ေက်ာ္ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ ၄ဦးနဲ႔ ဒဏ္ရာရရွိသူ ၆၀ ေက်ာ္အထိ ရွိခဲ့ရာ တစ္ျခား လေတြနဲ႔ ႏႈိင္းယွဥ္ရင္ ယာဥ္မေတာ္တမႈေပါင္း ႏွစ္ဆနီးပါး ျမင့္တက္ခဲ့ပါတယ္။

ဓူဝံ

(Unicode)


ဇူလိုင်လအတွင်းမှာယာဉ်မတော်တဆမှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ သြဂုတ်လ ၃ ရက်မနက်ပိုင်းမှာ အမြန်လမ်းမှာ ယာဉ်တိုက်မှုကြောင့် လူ ၆ ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဒီကနေ့ မနက် ၇ နာရီ မိနစ် ၅၀ နဲ့ မနက် ၈ နာရီ ကြား ၁၀ မိနစ်အတွင်း (၃) ကြိမ်ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါလာသူ (၅) ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့မနက် ၇ နာရီ မိနစ် ၅၀ အချိန်မှာရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၆ မိုင်အနီးမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှာ ယာဉ်ပေါ်ပါ (၆) ဦးထဲက အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၁) ဦး စုစုပေါင်း (၂) ဦးမှာ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။


ဒါ့အပြင် မနက် ၈ နာရီအချိန်မှာပဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ ၃၃၆ မိုင်အနီးမှာ ယာဉ်တစ်စီး လမ်းချော်ပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ ဘယ်ရီယာတုံးတွေကို ဝင်တိုက်ခဲ့လို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့်လည်း ယာဉ်ပေါ်ပါလာသူ (၆) ဦးအနက် အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူ (၃) ဦးဟာ ယာဉ်မောင်းတစ်ဦး၊အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ကြတယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။


“ အများအားဖြင့် မိုးရာသီဆို ကားတွေက စလစ်ဖြစ်တာများတယ်။ ဒီနေ့ မနက်ကလည်း အမြန်လမ်းမှာ တောက်လျှောက်မိုးရွာနေတော့ ယာဉ်မောင်းတွေက မထိန်းနိုင်တော့ဘဲ အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောကို ရောက်သွားတယ်။ ဇူလိုင်လထဲမှာဆိုရင် ယာဉ်မတော်တဆမှု တွေက အခြားလတွေထက် ယာဉ်မတော်တဆမှု နှစ်ဆလောက်များတယ်”လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့ သြဂုတ်လ ၃ ရက် မနက် ၂ နာရီခန့်မှာလည်း မိုင်တိုင်အမှတ် ၃၂၈ မိုင်အနီးမှာ လမ်းဖြတ်ကူးလာသူတစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းအတွင်း အမြန်လမ်းမှာ သေဆုံးသူ ၆ ဦးအထိ ရှိလာခဲ့တယ်လို့လည်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အမြန်လမ်းမှာ ယာဉ်မတော်တဆမှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ဦးနဲ့ ဒဏ်ရာရရှိသူ ၆၀ ကျော်အထိ ရှိခဲ့ရာ တစ်ခြား လတွေနဲ့ နှိုင်းယှဉ်ရင် ယာဉ်မတော်တမှုပေါင်း နှစ်ဆနီးပါး မြင့်တက်ခဲ့ပါတယ်။

ဓူဝံ


Post a Comment

Previous Post Next Post