(Unicode)


(၁၀)တန်း ပြန်ဖြေခွင့်ကတော့ အမြဲတမ်းရှိတယ်။ရှိနေမှာပဲ။ ပုံစံတစ်မျိုးနဲ့တစ်မျိုးပေါ့။ အခုဟာက စနစ်ဟောင်းနဲ့ကျတဲ့ ကလေးတွေက အနည်းဆုံးနှစ်နှစ်တော့ ဒီစနစ်ဟောင်းအတိုင်းပဲပြန်ဖြေရမှာပါပဲ။ဒီနှစ် Grade11စာမေးပွဲရှိတာပေါ့။ အဲဒီစာမေးပွဲက အခုကျောင်းတက် နေတဲ့ Grade11သင်ရိုးဟောင်းက ကလေးတွေကဒီနှစ်ဖြေရမှာလေ။အခုဒီနှစ် ကျသွားတဲ့ကလေးတွေကလည်း ၂၀၂၁မတ်မှာတော့ ပြန်ဖြေ ခွင့်ရမှာပါ။လာမယ့်နှစ်၂၀၂၂မတ်မှာလည်း ဖြေခွင့်ရဦး မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ သင်ရိုးသစ်ကGrade10ကျမှပဲဖြေရမှာဆိုတော့ အခုGrade10 ဒီကလေးတွေက၂၀၂၂မှ Grade11ရောက်မှာ ၂၀၂၃ ရောက်မှ Grade12ရောက်မှာဆိုတော့လေ” လို့ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။တက္ကသိုလ် ဝင်တန်း ပြင်ပဖြေဆိုထားသူတွေ စာ မေးပွဲကျရှုံးပါက နှစ်စဉ်ပြန်ဖြေခွင့်ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါ တယ်။ အခုနှစ် စာမေးပွဲကျရှုံးသွားတဲ့သူတွေ အနေနဲ့ နောက်နှစ်မှာ ပြန်ဖြေဆိုခွင့်မရှိဘူးဆိုတဲ့ ကောလဟာလတွေက။



မဟုတ်မှန်ဘဲ နှစ်စဉ်ပြန်ဖြေ နိုင်မှာဖြစ်ပါတယ်။ ပြင်ပဖြေတွေအနေနဲ့ ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်မရပေမယ့် ပြန်ဖြေဆိုခွင့် ကတော့အမြဲတမ်းရှိနေ မှာဖြစ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ ကျောင်းတွင်း ဖြေဆိုသူ တွေအနေနဲ့ တက္ကသိုလ်ဝင်တန်းကျရှုံးရင်လည်း ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်တွေကို ကျောင်းတွေက ထုတ်ပေးသွားမှာ ဖြစ် တယ်လို့ဆိုပါတယ်။ ဆယ်တန်းပြီးမြောက်ကြောင်းလက်မှတ်တွေကို ဩဂုတ်လအတွင်း ထုတ်ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။

REF: SHWE WIKI


(Zawgyi)


(၁၀)တန္း ျပန္ေျဖခြင့္ကေတာ့ အၿမဲတမ္းရွိတယ္။ရွိေနမွာပဲ။ ပုံစံတစ္မ်ိဳးနဲ႔တစ္မ်ိဳးေပါ့။ အခုဟာက စနစ္ေဟာင္းနဲ႔က်တဲ့ ကေလးေတြက အနည္းဆုံးႏွစ္ႏွစ္ေတာ့ ဒီစနစ္ေဟာင္းအတိုင္းပဲျပန္ေျဖရမွာပါပဲ။ဒီႏွစ္ Grade11စာေမးပြဲရွိတာေပါ့။ အဲဒီစာေမးပြဲက အခုေက်ာင္းတက္ ေနတဲ့ Grade11သင္႐ိုးေဟာင္းက ကေလးေတြကဒီႏွစ္ေျဖရမွာေလ။အခုဒီႏွစ္ က်သြားတဲ့ကေလးေတြကလည္း ၂၀၂၁မတ္မွာေတာ့ ျပန္ေျဖ ခြင့္ရမွာပါ။လာမယ့္ႏွစ္၂၀၂၂မတ္မွာလည္း ေျဖခြင့္ရဦး မွာပါ။

ဘာျဖစ္လို႔လဲဆိုေတာ့ သင္႐ိုးသစ္ကGrade10က်မွပဲေျဖရမွာဆိုေတာ့ အခုGrade10 ဒီကေလးေတြက၂၀၂၂မွ Grade11ေရာက္မွာ ၂၀၂၃ ေရာက္မွ Grade12ေရာက္မွာဆိုေတာ့ေလ” လို႔ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။တကၠသိုလ္ ဝင္တန္း ျပင္ပေျဖဆိုထားသူေတြ စာ ေမးပြဲက်ရႈံးပါက ႏွစ္စဥ္ျပန္ေျဖခြင့္ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန ၊ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါ တယ္။ အခုႏွစ္ စာေမးပြဲက်ရႈံးသြားတဲ့သူေတြ အေနနဲ႔ ေနာက္ႏွစ္မွာ ျပန္ေျဖဆိုခြင့္မရွိဘူးဆိုတဲ့ ေကာလဟာလေတြက။

မဟုတ္မွန္ဘဲ ႏွစ္စဥ္ျပန္ေျဖ ႏိုင္မွာျဖစ္ပါတယ္။ ျပင္ပေျဖေတြအေနနဲ႔ ဆယ္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္မရေပမယ့္ ျပန္ေျဖဆိုခြင့္ ကေတာ့အၿမဲတမ္းရွိေန မွာျဖစ္တယ္လို႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။ ေက်ာင္းတြင္း ေျဖဆိုသူ ေတြအေနနဲ႔ တကၠသိုလ္ဝင္တန္းက်ရႈံးရင္လည္း ဆယ္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ေတြကို ေက်ာင္းေတြက ထုတ္ေပးသြားမွာ ျဖစ္ တယ္လို႔ဆိုပါတယ္။ ဆယ္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ေတြကို ဩဂုတ္လအတြင္း ထုတ္ေပးႏိုင္ေအာင္ ေဆာင္႐ြက္ေနပါတယ္။

REF: SHWE WIKI

Post a Comment

Previous Post Next Post