(Zawgyi)

“အစိုးရတရပ္တည္း ျပတ္ျပတ္သားသား အလုပ္လုပ္ႏိုင္ဖို႔ အေရးႀကီးပါတယ္”

မၾကာခင္ ျမန္မာႏိုင္ငံမွာ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပေတာ့မွာျဖစ္ၿပီး ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းမ်ား သြားၾကည့္ကာ အစိုးရတရပ္တည္း ျပတ္ျပတ္သားသား အလုပ္လုပ္ႏိုင္ရန္ မဲေပးျဖစ္ေအာင္ ေပးၾကပါလို႔ သ႐ုပ္ေဆာင္ ဇဏ္ခီက ေျပာပါတယ္။ “အခုဆိုရင္ က်ေနာ္ၾကားတာ မဲစာရင္းေတြ သြားၾကည့္တဲ့အထဲမွာ နာမည္မပါတာေတြ ရွိတယ္။ တခ်ိဳ႕ဆို မိသားစုလိုက္ႀကီးကို နာမည္မပါတဲ့သူ ရွိတယ္ဆိုေတာ့ ဒါေလးက ေသခ်ာစိစစ္ၿပီးေတာ့ လုပ္ေပးၾကပါဦးလို႔။ အင္မတန္ အေရးႀကီးလို႔ပါ”

“Error မ်ားၿပီးေတာ့ မဲေပးခြင့္ မရွိတဲ့သူ မ်ားလာၿပီဆိုရင္ က်ေနာ္တို႔ မလိုလားအပ္တဲ့ အစိုးရ ဖြဲ႕စည္းပုံမ်ိဳး ျဖစ္သြားလိမ့္မယ္။ အခု လူေတြေျပာေနတဲ့ ၫႊန႔္ေပါင္းအစိုးရလိုမ်ိဳး ျဖစ္သြားလိမ့္မယ္။ တျခားအစိုးရေတြနဲ႔ အလုပ္ေတြတြဲၿပီး လုပ္သြားရတာမ်ိဳးေပါ့ေနာ္” လို႔ ဇဏ္ခီက ေျပာပါတယ္။ ျမန္မာႏိုင္ငံက ၫႊန႔္ေပါင္းအစိုးရျဖစ္ဖို႔အတြက္ အဆင္သင့္မျဖစ္ေသးတာေၾကာင့္ အစိုးရ တရပ္တည္းက ျပတ္ျပတ္သားသား အလုပ္လုပ္ႏိုင္ဖို႔ အင္မတန္ အေရးႀကီးတယ္လို႔ ဆိုပါတယ္။


“ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ႏိုင္ငံက ၫႊန႔္ေပါင္းအစိုးရျဖစ္ဖို႔အတြက္ အဆင္သင့္ မျဖစ္ေသးပါဘူး။ ၫႊန႔္ေပါင္းအစိုးရ မေကာင္းဘူးလို႔ က်ေနာ္ မေျပာပါဘူး။ ဒါေပမဲ့ က်ေနာ္တို႔ႏိုင္ငံက အဆင္သင့္မျဖစ္ေသးဘူး။ ဒါေၾကာင့္မို႔ Vote ေပးႏိုင္ဖို႔ အစိုးရ တရပ္တည္းကပဲ ျပတ္ျပတ္သားသား အလုပ္လုပ္ႏိုင္ဖို႔ အင္မတန္ အေရးႀကီးပါတယ္။ ဒါေၾကာင့္မို႔လို႔ မဲေပးျဖစ္ေအာင္ ေပးၾကပါ။ မဲစာရင္းကို သြားစစ္ျဖစ္ေအာင္ စစ္ၾကပါ” လို႔ ဇဏ္ခီက ေျပာပါတယ္။ မဲစာရင္း မစစ္ရေသးပါက သြားေရာက္ စစ္ေဆးရန္လည္း သတိေပးထားၿပီး မဲစာရင္းမွာ နာမည္မပါခဲ့ပါက တကယ္ မဲေပးခ်ိန္ေရာက္ရင္ နစ္နာတယ္လို႔ ဆိုပါတယ္။

“အားလုံး မဲစာရင္းေတြ သြားၿပီးေတာ့ မစစ္ရေသးရင္ စစ္ၾကပါဦးလို႔ က်ေနာ္ သတိေပးတာပါ။ ၇ ရက္ေန႔အထိပဲ စစ္လို႔ရတယ္လို႔လည္း ၾကားပါတယ္။ ၇ ရက္ေန႔ေနာက္ပိုင္းဆိုရင္ ကိုယ့္နာမည္ ပါမလာခဲ့သည္ရွိေသာ္ ဘာမွျပန္လုပ္ေပးလို႔ မရေတာ့ဘူး။ တကယ္ မဲေပးခ်ိန္ေရာက္ရင္ မဲေပးခြင့္ မရွိေတာ့မွာစိုးလို႔ပါ။ အဲဒါဆိုရင္ေတာ့ အင္မတန္ နစ္နာတယ္ေပါ့” လို႔ ဇဏ္ခီက ေျပာပါတယ္။


လာမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ အသက္ျပည့္သြား၍ မဲေပးရမယ့္ လူဦးေရ ၅ သန္းနီးပါး ရွိေနၿပီး အဆိုပါ ၅ သန္းေသာ ျပည္သူမ်ားကိုလည္း မဲေပးရန္ တိုက္တြန္းခဲ့ပါတယ္။ “ဒီတေခါက္ဆိုရင္ ပထမဆုံးအႀကိမ္ မဲေပးမယ့္သူ၊ အသက္ျပည့္သြားလို႔ မဲေပးရမယ့္သူ ၅ သန္းနီးပါးေလာက္ ရွိတယ္ ၾကားပါတယ္။ ၅ သန္းေသာ လူမ်ားကိုလည္း တိုက္တြန္းပါတယ္။ ႏႈိးေဆာ္ပါတယ္။ မဲစာရင္း သြားစစ္ၾကပါ။ မဲသြားေပးျဖစ္ေအာင္ ေပးၾကပါ” လို႔ ဇဏ္ခီက ေျပာပါတယ္။ အခုလို ဒီမိုကေရစီစနစ္ ျဖစ္လာရန္အတြက္ မ်ိဳးဆက္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ရတာျဖစ္တဲ့အတြက္ ခိုင္ခိုင္မာမာ ျဖစ္သြားေစရန္အတြက္ လုပ္ေဆာင္ဖို႔ အေရးႀကီးေၾကာင္းလည္း ေျပာပါတယ္။



“ဒီလိုမ်ိဳး မဲေပးၿပီးေတာ့ ကိုယ့္မိသားစုအတြက္ ကိုယ့္ႏိုင္ငံအတြက္ အလုပ္လုပ္ေပးမယ့္အစိုးရကို ကိုယ္ကိုယ္တိုင္ ေ႐ြးခ်ယ္ခြင့္ရမယ္။ ဒီလိုမ်ိဳး ဒီမိုကေရစီစနစ္ ျဖစ္လာဖို႔ကို မ်ိဳးဆက္ေပါင္းမ်ားစြာ ႀကိဳးစားၿပီးေတာ့မွ စတာ ျဖစ္တဲ့အတြက္ ခိုင္ခိုင္မာမာျဖစ္သြားဖို႔ အင္မတန္မွ တက္တက္ႂကြႂကြနဲ႔ လုပ္ေဆာင္ဖို႔အေရးႀကီးတယ္။ ဒီစနစ္ကို က်င့္သုံးဖို႔ အေရးႀကီးတယ္” လို႔ ဇဏ္ခီက ေျပာပါတယ္။ အဆိုပါ အေၾကာင္းအရာမ်ားကိုေတာ့ ဇဏ္ခီက သူ႔ရဲ႕ Facebook စာမ်က္ႏွာကတဆင့္ ပရိသတ္မ်ားကို ကိုယ္တိုင္ ေျပာျပထားတာ ျဖစ္ပါတယ္။


(Unicode)


“အစိုးရတရပ်တည်း ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်”

မကြာခင် မြန်မာနိုင်ငံမှာ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းများ သွားကြည့်ကာ အစိုးရတရပ်တည်း ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ရန် မဲပေးဖြစ်အောင် ပေးကြပါလို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။ “အခုဆိုရင် ကျနော်ကြားတာ မဲစာရင်းတွေ သွားကြည့်တဲ့အထဲမှာ နာမည်မပါတာတွေ ရှိတယ်။ တချို့ဆို မိသားစုလိုက်ကြီးကို နာမည်မပါတဲ့သူ ရှိတယ်ဆိုတော့ ဒါလေးက သေချာစိစစ်ပြီးတော့ လုပ်ပေးကြပါဦးလို့။ အင်မတန် အရေးကြီးလို့ပါ”

“Error များပြီးတော့ မဲပေးခွင့် မရှိတဲ့သူ များလာပြီဆိုရင် ကျနော်တို့ မလိုလားအပ်တဲ့ အစိုးရ ဖွဲ့စည်းပုံမျိုး ဖြစ်သွားလိမ့်မယ်။ အခု လူတွေပြောနေတဲ့ ညွှန့်ပေါင်းအစိုးရလိုမျိုး ဖြစ်သွားလိမ့်မယ်။ တခြားအစိုးရတွေနဲ့ အလုပ်တွေတွဲပြီး လုပ်သွားရတာမျိုးပေါ့နော်” လို့ ဇဏ်ခီက ပြောပါတယ်။ မြန်မာနိုင်ငံက ညွှန့်ပေါင်းအစိုးရဖြစ်ဖို့အတွက် အဆင်သင့်မဖြစ်သေးတာကြောင့် အစိုးရ တရပ်တည်းက ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ ဆိုပါတယ်။


“လောလောဆယ်တော့ ကျနော်တို့နိုင်ငံက ညွှန့်ပေါင်းအစိုးရဖြစ်ဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ညွှန့်ပေါင်းအစိုးရ မကောင်းဘူးလို့ ကျနော် မပြောပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံက အဆင်သင့်မဖြစ်သေးဘူး။ ဒါကြောင့်မို့ Vote ပေးနိုင်ဖို့ အစိုးရ တရပ်တည်းကပဲ ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ မဲပေးဖြစ်အောင် ပေးကြပါ။ မဲစာရင်းကို သွားစစ်ဖြစ်အောင် စစ်ကြပါ” လို့ ဇဏ်ခီက ပြောပါတယ်။ မဲစာရင်း မစစ်ရသေးပါက သွားရောက် စစ်ဆေးရန်လည်း သတိပေးထားပြီး မဲစာရင်းမှာ နာမည်မပါခဲ့ပါက တကယ် မဲပေးချိန်ရောက်ရင် နစ်နာတယ်လို့ ဆိုပါတယ်။

“အားလုံး မဲစာရင်းတွေ သွားပြီးတော့ မစစ်ရသေးရင် စစ်ကြပါဦးလို့ ကျနော် သတိပေးတာပါ။ ၇ ရက်နေ့အထိပဲ စစ်လို့ရတယ်လို့လည်း ကြားပါတယ်။ ၇ ရက်နေ့နောက်ပိုင်းဆိုရင် ကိုယ့်နာမည် ပါမလာခဲ့သည်ရှိသော် ဘာမှပြန်လုပ်ပေးလို့ မရတော့ဘူး။ တကယ် မဲပေးချိန်ရောက်ရင် မဲပေးခွင့် မရှိတော့မှာစိုးလို့ပါ။ အဲဒါဆိုရင်တော့ အင်မတန် နစ်နာတယ်ပေါ့” လို့ ဇဏ်ခီက ပြောပါတယ်။


လာမယ့် ရွေးကောက်ပွဲမှာတော့ အသက်ပြည့်သွား၍ မဲပေးရမယ့် လူဦးရေ ၅ သန်းနီးပါး ရှိနေပြီး အဆိုပါ ၅ သန်းသော ပြည်သူများကိုလည်း မဲပေးရန် တိုက်တွန်းခဲ့ပါတယ်။ “ဒီတခေါက်ဆိုရင် ပထမဆုံးအကြိမ် မဲပေးမယ့်သူ၊ အသက်ပြည့်သွားလို့ မဲပေးရမယ့်သူ ၅ သန်းနီးပါးလောက် ရှိတယ် ကြားပါတယ်။ ၅ သန်းသော လူများကိုလည်း တိုက်တွန်းပါတယ်။ နှိုးဆော်ပါတယ်။ မဲစာရင်း သွားစစ်ကြပါ။ မဲသွားပေးဖြစ်အောင် ပေးကြပါ” လို့ ဇဏ်ခီက ပြောပါတယ်။ အခုလို ဒီမိုကရေစီစနစ် ဖြစ်လာရန်အတွက် မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာ ဖြစ်သွားစေရန်အတွက် လုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

“ဒီလိုမျိုး မဲပေးပြီးတော့ ကိုယ့်မိသားစုအတွက် ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်ပေးမယ့်အစိုးရကို ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်ရမယ်။ ဒီလိုမျိုး ဒီမိုကရေစီစနစ် ဖြစ်လာဖို့ကို မျိုးဆက်ပေါင်းများစွာ ကြိုးစားပြီးတော့မှ စတာ ဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာဖြစ်သွားဖို့ အင်မတန်မှ တက်တက်ကြွကြွနဲ့ လုပ်ဆောင်ဖို့အရေးကြီးတယ်။ ဒီစနစ်ကို ကျင့်သုံးဖို့ အရေးကြီးတယ်” လို့ ဇဏ်ခီက ပြောပါတယ်။ အဆိုပါ အကြောင်းအရာများကိုတော့ ဇဏ်ခီက သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပရိသတ်များကို ကိုယ်တိုင် ပြောပြထားတာ ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post