(Unicode)

မန္တလေးကျုံးအတွင်း အပေါ့စွန့်သူများအားဖမ်းဆီးမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက သိရသည်။



“ဒီနေ့မနက် ၉နာရီကျော်က လမ်း၈၀ ကျုံးဘေး ပလက်ဖောင်းမှာ ကျုံးအတွင်း အပေါ့စွန့်သူတစ်ယောက် တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။အရေးပေါ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လမ်း ၈၀x ၂၄ လမ်းထိပ် နဲ့ ၇၃လမ်း ၁၂လမ်းထိပ်မှာ အများသုံး သန့်စင်ခန်းတွေကို ပြည်သူတွေအတွက်တည်ဆောက်ပြီးဖြစ်ပါတယ်။ကျုံးရေက မြို့တော်ရေဖြန့်ဖြူးရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်လို့ စည်ပင်ရဲတပ်ဖွဲ့မှတရားလိုပြုလုပ်ပြီး အမှတ် ၄ ရဲစခန်းမှာ ရဲအက် ၄၇ နဲ့ သြဂုတ်လ ၁၁ ရက် မနက်ဖြန် အောင်မြေသာဇံတရားရုံးမှာတရားစွဲဆို အရေးယူသွားပါမယ်။




ကျုံးဘေးမှာ အခြေအနေမဲ့နေထိုင်သူတွေ တွေ့လာရလို့ ဒီနေ့မနက်စောစောကပဲ သက်ဆိုင်ရာ စည်ပင်ဌာန ကိုရှင်းလင်းဖယ်ရှားဖို့ ညွှန်ကြားခဲ့ ပါသေးတယ်”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ယင်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ မန္တလေးတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖွင့်လှစ်ခဲ့သော ၇၃လမ်း ၁၁ လမ်း ၁၂ လမ်းကြားနှင့် ၈၆ လမ်း ၄၀-၄၁ လမ်းကြား တွင်တည်ဆောက်ပြီးစီးခဲ့သော သန့်စင်ခန်းနှင့်ဆိုလျှင် အဆင့်မီ သန့်စင်ခန်း စုစုပေါင်း ၉ခု ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Pyi Myanmar


(Zawgyi)


မႏၱေလးက်ဳံးအတြင္း အေပါ့စြန္႔သူမ်ားအားဖမ္းဆီးမည္ ျဖစ္ေၾကာင္း မႏၱေလးၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီက သိရသည္။

“ဒီေန႔မနက္ ၉နာရီေက်ာ္က လမ္း၈၀ က်ဳံးေဘး ပလက္ေဖာင္းမွာ က်ဳံးအတြင္း အေပါ့စြန္႔သူတစ္ေယာက္ ေတြ႕ရွိဖမ္းဆီးခဲ့ပါတယ္။အေရးေပၚျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ လမ္း ၈၀x ၂၄ လမ္းထိပ္ နဲ႔ ၇၃လမ္း ၁၂လမ္းထိပ္မွာ အမ်ားသုံး သန္႔စင္ခန္းေတြကို ျပည္သူေတြအတြက္တည္ေဆာက္ၿပီးျဖစ္ပါတယ္။က်ဳံးေရက ၿမိဳ႕ေတာ္ေရျဖန္႔ျဖဴးေရးရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့အတြက္ ထိထိေရာက္ေရာက္အေရးယူသြားမွာျဖစ္လို႔ စည္ပင္ရဲတပ္ဖြဲ႕မွတရားလိုျပဳလုပ္ၿပီး အမွတ္ ၄ ရဲစခန္းမွာ ရဲအက္ ၄၇ နဲ႔ ၾသဂုတ္လ ၁၁ ရက္ မနက္ျဖန္ ေအာင္ေျမသာဇံတရား႐ုံးမွာတရားစြဲဆို အေရးယူသြားပါမယ္။



က်ဳံးေဘးမွာ အေျခအေနမဲ့ေနထိုင္သူေတြ ေတြ႕လာရလို႔ ဒီေန႔မနက္ေစာေစာကပဲ သက္ဆိုင္ရာ စည္ပင္ဌာန ကိုရွင္းလင္းဖယ္ရွားဖို႔ ၫႊန္ၾကားခဲ့ ပါေသးတယ္”ဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ေဒါက္တာရဲလြင္က ယင္း၏လူမွဳကြန္ရက္တြင္ ေရးသားထားသည္။ မႏၱေလးတြင္ ၿပီးခဲ့သည့္ ရက္ပိုင္းက ဖြင့္လွစ္ခဲ့ေသာ ၇၃လမ္း ၁၁ လမ္း ၁၂ လမ္းၾကားႏွင့္ ၈၆ လမ္း ၄၀-၄၁ လမ္းၾကား တြင္တည္ေဆာက္ၿပီးစီးခဲ့ေသာ သန္႔စင္ခန္းႏွင့္ဆိုလွ်င္ အဆင့္မီ သန္႕စင္ခန္း စုစုေပါင္း ၉ခု ရွိသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

Pyi Myanmar

Post a Comment

Previous Post Next Post