(Unicode)

ကိုယ်ဝန်က (၆) လရှိပါပြီ။အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက အာမခံ မရခဲ့တဲ့ ဇနီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ သြဂုတ်လ(၁၂)ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ ဇနီးဖြစ်သူအတွက် အာမခံ လျှောက်ထားခဲ့ပေမယ့် အာမခံမရခဲ့တဲ့အပေါ် သူ့ရဲ့ သဘောထားကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။



“သမီးနဲ့ သားလည်း အပြင်မှာ ဒုက္ခရောက်နေတာဆိုတော့ မိန်းမအတွက် အာမခံလျှောက်ထားတာ အခုချိန်ထိ အာမခံ မရပါဘူး။အာမခံကိစ္စကို ပယ်လိုက်တဲ့ အချိန်မှာ စိတ်မကောင်းပါဘူး။ကျွန်တော်တို့ မိသားစုက ကျွန်တော့်ကို မှီခိုနေရတာဆိုတော့ စိတ်မကောင်းဘူး။ ကျွန်တော် မရှိလည်း မိန်းမရှိနေမှ ဖြစ်မှာလေ။ သားနဲ့ သမီးရဲ့စားဝတ်နေရေး၊ ကျောင်းသွားဖို့တွေကလည်း အဲဒါတွေ အဆင်ပြေမှ ရမှာပါ။ ကိုယ်ဝန်နဲ့ကျတော့ အထဲမှာနေရတာ အဆင်မပြေဘူး” ဒီနေ့ သြဂုတ်လ(၁၂) ရက်နေ့ ရုံးချိန်း အပြီး အချုပ်ကားပေါ် ကနေ ပြောခဲ့တာဖြစ်ပါတယ်။



ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က ရုံးချိန်းတက်ရောက်မလာပြန်ဘူးလို့ မင်းရာဇာက ဆိုပါတယ်။သူ့အနေနဲ့ အမှန်တရားကို အမြန်ဆုံး ဖြေရှင်းသင့်နေပြီလို့လည်း ပြောခဲ့ပါသေးတယ်။“သားက သိပ်နေမကောင်းဘူး။သမီးလေးကတော့ လွမ်းဖျား ဖျားနေတယ်။ ဒီတစ်ပတ်မှာလည်း တရားလို မလာဘူးဗျာ။ သူတို့ အိမ်တွေဘာတွေ ပြောင်းသွားတယ်လို့တော့ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ အမှန်အတိုင်းဖြေရှင်းဖို့ သင့်ပါတယ်။အခုဆို ကျွန်တော့် မိန်းမရဲ့ ကိုယ်ဝန်ကလည်း အခုဆို (၅) လကျော်လို့ (၆) လထဲရောက်နေပါပြီ။”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။



အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။


(Zawgyi)


ကိုယ္ဝန္က (၆) လရွိပါၿပီ။အိမ္အကူမိန္းကေလးအား ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာက အာမခံ မရခဲ့တဲ့ ဇနီးျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္ရတယ္လို႔ ဆိုပါတယ္။အိမ္အကူမိန္းကေလးအား ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈတိုနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ ၾသဂုတ္လ(၁၂)ရက္က ေျမာက္ဥကၠလာတရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ ဇနီးျဖစ္သူအတြက္ အာမခံ ေလွ်ာက္ထားခဲ့ေပမယ့္ အာမခံမရခဲ့တဲ့အေပၚ သူ႔ရဲ႕ သေဘာထားကို မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။



“သမီးနဲ႔ သားလည္း အျပင္မွာ ဒုကၡေရာက္ေနတာဆိုေတာ့ မိန္းမအတြက္ အာမခံေလွ်ာက္ထားတာ အခုခ်ိန္ထိ အာမခံ မရပါဘူး။အာမခံကိစၥကို ပယ္လိုက္တဲ့ အခ်ိန္မွာ စိတ္မေကာင္းပါဘူး။ကြၽန္ေတာ္တို႔ မိသားစုက ကြၽန္ေတာ့္ကို မွီခိုေနရတာဆိုေတာ့ စိတ္မေကာင္းဘူး။ ကြၽန္ေတာ္ မရွိလည္း မိန္းမရွိေနမွ ျဖစ္မွာေလ။ သားနဲ႔ သမီးရဲ႕စားဝတ္ေနေရး၊ ေက်ာင္းသြားဖို႔ေတြကလည္း အဲဒါေတြ အဆင္ေျပမွ ရမွာပါ။ ကိုယ္ဝန္နဲ႔က်ေတာ့ အထဲမွာေနရတာ အဆင္မေျပဘူး” ဒီေန႔ ၾသဂုတ္လ(၁၂) ရက္ေန႔ ႐ုံးခ်ိန္း အၿပီး အခ်ဳပ္ကားေပၚ ကေန ေျပာခဲ့တာျဖစ္ပါတယ္။



ဒီေန႔ ႐ုံးခ်ိန္းမွာလည္း တရားလိုဘက္က ႐ုံးခ်ိန္းတက္ေရာက္မလာျပန္ဘူးလို႔ မင္းရာဇာက ဆိုပါတယ္။သူ႔အေနနဲ႔ အမွန္တရားကို အျမန္ဆုံး ေျဖရွင္းသင့္ေနၿပီလို႔လည္း ေျပာခဲ့ပါေသးတယ္။“သားက သိပ္ေနမေကာင္းဘူး။သမီးေလးကေတာ့ လြမ္းဖ်ား ဖ်ားေနတယ္။ ဒီတစ္ပတ္မွာလည္း တရားလို မလာဘူးဗ်ာ။ သူတို႔ အိမ္ေတြဘာေတြ ေျပာင္းသြားတယ္လို႔ေတာ့ ၾကားတယ္။ ဘယ္လိုျဖစ္တာလဲ ဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ အမွန္အတိုင္းေျဖရွင္းဖို႔ သင့္ပါတယ္။အခုဆို ကြၽန္ေတာ့္ မိန္းမရဲ႕ ကိုယ္ဝန္ကလည္း အခုဆို (၅) လေက်ာ္လို႔ (၆) လထဲေရာက္ေနပါၿပီ။”လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

သ႐ုပ္ေဆာင္မင္းရာဇာဟာ ဇူလိုင္လ(၂၂) ရက္ေန႔ ႐ုံးခ်ိန္းတုန္းက တရားလို မိန္းကေလးရဲ႕ နာမည္အရင္းကို မီဒီယာေတြ အေရွ႕မွာ ထုတ္ေဖာ္ေျပာျပခဲ့ ပါေသးတယ္။အဲဒီလို ထုတ္ေဖာ္ေျပာဆိုလာတဲ့ အတြက္ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္မ်ား အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ ၿငိစြန္းတယ္လို႔ တရားလိုဘက္က ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာျပခဲ့ဖူးပါတယ္။ ေျမာက္ဥကၠလာတရား႐ုံးမွာ ျပဳလုပ္တဲ့ ႐ုံးခ်ိန္းေတြမွာ မင္းရာဇာ ေျဖဆိုခဲ့တဲ့ စကားတိုင္းကို တရားလိုဘက္က မွတ္တမ္းတင္ထားတယ္လို႔လည္း သိရပါတယ္။



အိမ္အကူအမ်ိဳးသမီးငယ္အား ညႇင္းပန္းႏွိပ္စက္မႈနဲ႔ သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအးက တရား႐ုံးမွာ ေငြက်ပ္ ၁၀ သိန္းျဖင့္ အာမခံရရွိခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။

Post a Comment

Previous Post Next Post