(Zawgyi)


တ႐ုပ္နိုင္ငံက ၁၁ ႏွစ္အရြယ္ ကေလးငယ္ဟာ ထမင္းဟင္းေတြကို ေန႔စဥ္ ျပန္ေႏႊးစားရတာေၾကာင့္ ကင္ဆာေရာဂါခံစားေနရၿပီး ေရာဂါ၏ ေနာက္ဆုံးအဆင့္ကို ေရာက္ေနၿပီျဖစ္ေၾကာင္း ဆရာဝန္ေတြက အတည္ျပဳေျပာၾကားလိုက္ပါတယ္။အေနာက္တိုင္း ေဆးသိပၸံပညာရွင္မ်ားရဲ့ ေလ့လာေတြ႕ရွိခ်က္အရ ကင္ဆာေရာဂါ ခံစားေနရသူမ်ားထဲမွ သုံးပုံတစ္ပုံဟာ အစားအေသာက္ စားေသာက္တဲ့ အေလ့အထ စနစ္မမွန္လို႔ ျဖစ္ရတယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ မွန္ မမွန္ဆိုတာကို အခုအသက္ ၁၁ ႏွစ္နဲ႔ ကင္ဆာျဖစ္ေနတဲ့ ကေလးငယ္ရဲ့ အျဖစ္ပ်က္က သက္ေသပဲျဖစ္ပါတယ္။



ကေလးရဲ့ မိဘႏွစ္ပါးဟာ သူငယ္စဥ္ထဲက အိမ္ေထာင္ကြဲခဲ့ၾကၿပီး ကေလးက မိခင္ျဖစ္သူနဲ႔ အတူေနပါတယ္။ စီးပြားေရးက်ပ္တည္းၿပီး ဆင္းရဲတာေၾကာင့္ မိခင္ ကေလးကို အိမ္မွာထားခဲ့ၿပီး တစ္ေနကုန္ အလုပ္ထြက္လုပ္ရပါတယ္။ အစားအေသာက္ကိုလည္း ခြဲမခ်က္နိုင္ေတာ့ပဲ တစ္ေပါင္းတည္း မနက္ည တစ္ေနကုန္စာ တစ္ခါတည္း ခ်က္ထားလိုက္ပါတယ္။ ထမင္းစားခ်ိန္ေရာက္မွ ခ်က္ထားတာေတြကို ျပန္ေႏႊးစားပါတယ္။ ဒီလိုနဲ႔ ကေလးဟာ ထမင္းဟင္းျပန္ေႏႊးစားရတဲ့ အေျခအေနမွာ ေနသားက်ေနခဲ့ၿပီး သူ႔အသက္ ၆ ႏွစ္ေလာက္မွာေတာ့ ကိုယ္တိုင္ပဲ ခ်က္ၿပီးသား ထမင္း၊ ေခါက္ဆြဲ စတာေတြကို ျပန္ေႏႊးစားတတ္ေနပါၿပီ။ ဒီလိုနဲ႔ သူ႔ဘဝတစ္ေလၽွာက္လုံး အစားအစာေတြကို ေန႔တိုင္းျပန္ေႏႊးစားခဲ့ရပါတယ္။



အသက္ ၁၁ ႏွစ္အရြယ္ေရာက္ၿပီး တစ္ရက္မွာေတာ့ ဗိုက္က မခံမရပ္နိုင္ေအာင္ နာလာတဲ့အတြက္ ေဆး႐ုံသြားျပခဲ့ပါတယ္။ ေဆးစစ္အၿပီးမွာေတာ့ ဆရာဝန္ေတြကိုယ္တိုင္ အံ့ၾသသြားေလာက္ေအာင္ ကေလးမွာ အစာအိမ္ကင္ဆာျဖစ္ေနၿပီး ေရာဂါအေျခအေနမွာလည္း ေနာက္ဆုံးအဆင့္ ေရာက္ေနၿပီဆိုတာ သိလိုက္ရပါတယ္။ ဆရာဝန္ေတြက အစအဆုံးကို စစ္ေဆးေမးျမန္ၿပီးတဲ့အခါမွာ အခုလို ကင္ဆာျဖစ္ရတာဟာ ႏွစ္ရွည္လမ်ား ေန႔စဥ္ အစားအစာေတြကို ထပ္ခါထပ္ခါေႏႊးၿပီး စားေသာက္ခဲ့ရလို႔ျဖစ္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။ကင္ဆာေရာဂါကၽြမ္းက်င္သူေတြရဲ့ အဆိုအရ ခ်က္ျပဳတ္ထားၿပီးသား အစားအစာေတြကို အပူေပးကာ ျပန္ေႏႊးတိုင္း ကာဆီနိုဂ်င္ လို႔ ေခၚတဲ့ ကင္ဆာျဖစ္ေစတတ္တဲ့ အရာေတြ ထုတ္လုပ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စာဖတ္သူေတြအေနနဲ႔လည္း အစားအေသာက္ေတြကို အႀကိမ္ႀကိမ္ ျပန္ေႏႊးစားျခင္းကေန အတတ္နိုင္ဆုံး ေရွာင္က်ဥ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit-Po Po Lay

(Unicode)

တရုပ်နိုင်ငံက ၁၁ နှစ်အရွယ် ကလေးငယ်ဟာ ထမင်းဟင်းတွေကို နေ့စဉ် ပြန်နွှေးစားရတာကြောင့် ကင်ဆာရောဂါခံစားနေရပြီး ရောဂါ၏ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုပြောကြားလိုက်ပါတယ်။အနောက်တိုင်း ဆေးသိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ကင်ဆာရောဂါ ခံစားနေရသူများထဲမှ သုံးပုံတစ်ပုံဟာ အစားအသောက် စားသောက်တဲ့ အလေ့အထ စနစ်မမှန်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီအချက် မှန် မမှန်ဆိုတာကို အခုအသက် ၁၁ နှစ်နဲ့ ကင်ဆာဖြစ်နေတဲ့ ကလေးငယ်ရဲ့ အဖြစ်ပျက်က သက်သေပဲဖြစ်ပါတယ်။



ကလေးရဲ့ မိဘနှစ်ပါးဟာ သူငယ်စဉ်ထဲက အိမ်ထောင်ကွဲခဲ့ကြပြီး ကလေးက မိခင်ဖြစ်သူနဲ့ အတူနေပါတယ်။ စီးပွားရေးကျပ်တည်းပြီး ဆင်းရဲတာကြောင့် မိခင် ကလေးကို အိမ်မှာထားခဲ့ပြီး တစ်နေကုန် အလုပ်ထွက်လုပ်ရပါတယ်။ အစားအသောက်ကိုလည်း ခွဲမချက်နိုင်တော့ပဲ တစ်ပေါင်းတည်း မနက်ည တစ်နေကုန်စာ တစ်ခါတည်း ချက်ထားလိုက်ပါတယ်။ ထမင်းစားချိန်ရောက်မှ ချက်ထားတာတွေကို ပြန်နွှေးစားပါတယ်။ ဒီလိုနဲ့ ကလေးဟာ ထမင်းဟင်းပြန်နွှေးစားရတဲ့ အခြေအနေမှာ နေသားကျနေခဲ့ပြီး သူ့အသက် ၆ နှစ်လောက်မှာတော့ ကိုယ်တိုင်ပဲ ချက်ပြီးသား ထမင်း၊ ခေါက်ဆွဲ စတာတွေကို ပြန်နွှေးစားတတ်နေပါပြီ။ ဒီလိုနဲ့ သူ့ဘဝတစ်လျှောက်လုံး အစားအစာတွေကို နေ့တိုင်းပြန်နွှေးစားခဲ့ရပါတယ်။



အသက် ၁၁ နှစ်အရွယ်ရောက်ပြီး တစ်ရက်မှာတော့ ဗိုက်က မခံမရပ်နိုင်အောင် နာလာတဲ့အတွက် ဆေးရုံသွားပြခဲ့ပါတယ်။ ဆေးစစ်အပြီးမှာတော့ ဆရာဝန်တွေကိုယ်တိုင် အံ့သြသွားလောက်အောင် ကလေးမှာ အစာအိမ်ကင်ဆာဖြစ်နေပြီး ရောဂါအခြေအနေမှာလည်း နောက်ဆုံးအဆင့် ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ဆရာဝန်တွေက အစအဆုံးကို စစ်ဆေးမေးမြန်ပြီးတဲ့အခါမှာ အခုလို ကင်ဆာဖြစ်ရတာဟာ နှစ်ရှည်လများ နေ့စဉ် အစားအစာတွေကို ထပ်ခါထပ်ခါနွှေးပြီး စားသောက်ခဲ့ရလို့ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ကင်ဆာရောဂါကျွမ်းကျင်သူတွေရဲ့ အဆိုအရ ချက်ပြုတ်ထားပြီးသား အစားအစာတွေကို အပူပေးကာ ပြန်နွှေးတိုင်း ကာဆီနိုဂျင် လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတတ်တဲ့ အရာတွေ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့လည်း အစားအသောက်တွေကို အကြိမ်ကြိမ် ပြန်နွှေးစားခြင်းကနေ အတတ်နိုင်ဆုံး ရှောင်ကျဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit-Po Po Lay

Post a Comment

Previous Post Next Post