(Unicode)

၂၀၁၇ ခုနှစ်က ဒေါ့လမ်ရှိ အိန္ဒိယ-တရုတ်-ဘူတန် သုံးနိုင်ငံ နယ်စပ်တွင် ထိတွေ့မှုများ ဖြစ်ပွားပြီးနေက် ၂၀၁၈ ခုနှစ် မတ်တွင် ရေဒါ စခန်း တစ်ခုတည်ဆောက် ခဲ့ကြောင်း ရေဒါစခန်းပုံရိပ်များဖော်ပြထားသည့် သတင်းတွင် ပါ ဝင်သည်။ ရေဒါစခန်းကို မြန်မာနယ်စပ် မှ ၃ ကီလို မီတာသာကွာသည့် နေရာတွင် တည်ဆောက် ထားပြီး အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်း ရှိ အဗ္ဗဒူကျွန်း စမ်းသပ် စခန်းနှင့် တက်ဇ်ပူရ် လေ ယာဉ်ကွင်းတို့ကို မျက်နှာပေးထား ကြောင်းလည်း သိရသည်။

ပုံများအရ စခန်းသည် ၂၀၁၈ ခုနှစ် ကျူးဟိုင်လေကြောင်းပြပွဲ၌ ခင်းကျင်းပြသခဲ့သည့်Type-609 ရေဒါနှ င့်ဆင်တူသည့် phased array ရေဒါဖြစ်နိုင်သည့် ၁၃ မီတာကျယ်သည့် ရေဒါတစ်ခုဖြစ်သည်။ထိုရေဒါကို တရုတ်အီလက်ထရောနစ် နည်းပညာအုပ်စု ကော်ပိုရေးရှင်း (CTEC) ၏ ၁၄ ခုမြောက် အဖွဲ့အစည်းကထုတ်လုပ်ခြင်းဖြစ်ပြီးလေကြောင်းပျံသန်းမှုသတ်မှတ်ချက်အောက်ပျံသန်းလာသည့် ပဲ့ထိန်းဒုံး ကျည်များနှင့်ကိုယ်ပျောက်လေယာဉ်များကို ထောက်လှမ်းနိုင်သည်ဟုဆိုသည်

တရုတ်နိုင်ငံ သည် အိန္ဒိယနိုင်ငံ၏ အရှေ့စွန်းမှ မဟာဗျူဟာမြေ ာက်အဆောက် အအုံများ ကိုမျက်စိဒေါက် ထောက်ကြည့် နေကြောင်း India Today သတင်းစာကဖော်ပြသည်။ အာသံပြည်နယ် ရှိ တက်ဇ်ပူရ်လေတပ အခြေစိုက်စခန်းနှင့် သြရစ်သျှပြည်နယ်ရှိအဗ္ဗဒူ ကာလမ် ကျွန်းစုများကို ဖြစ်နိုင်ကြောင်းလည်း ပါဝင်သည်။သြဂုတ် ၂၀ ရက်မှ ၂၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အတွင်း လက်တွေ့ပျံသန်း မှုသရုပ်ပြ လေယာဉ်များမိတ်ဆက် ပျံသန်းရန် လေတပ်ကို သတိပေးချက် (NOTAM) ထုတ်ပြန်ပြီးနောက် အဆိုပါသတင်းဖော်ပြခဲ့သည်။


စမ်းသပ်ပျံသန်း မည့် နေရာသည် သြရစ်သျှ ကမ်းရိုးတန်းမှ ကီလိုမီတာ ၅၅၀ အကွာဖြစ်ပြီး ထိုနေရာသည် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံက အသံထက် မြန်နည်းပညာသရုပ်ပြလေယာဉ်(HSTDV)ကိုအိန္ဒိယနိုင်ငံအောင် အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့သည့်နေရာဖြစ်သည်HSTDV စီမံကိန်းသည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ကာကွယ်ရေးသုတေ သနနှင့် ဖွံ့ဖြိုးရေးအသင်းမှ စီမံလည်ပတ်ခြင်း ဖြစ် ပြီးBrahMos-2 စီမံကိန်းအပါအဝင် အနာဂတ်အသံထက် မြန်လက်နက်များ ဖြန့်ချိရေးလမ်းကြောင်းအတွက်ဖြစ်သည်။

အရှေ့ဘက်ကမ်းရိုးတန်းအပြင် အာသံပြည်နယ်မှ တက်ဇ်ပူရ်လေကြောင်း အခြေစိုက်စခန်းသည် အရပ်ဘက်-စစ်ဘက် ပူးပေါင်းလေယာဉ် ကွင်းဖြစ်ပြီး အိန္ဒိလေတပ်မှ Su-30 MKI လေယာဉ်များ ပါဝင်သည့် အမှတ် ၂ နှင့် အမှတ် ၁၀၆ လေယာဉ်အုပ်စုများရှိသည့်စခန်းဖြစ်သည်။ အိန္ဒိယလေတပ်သည် နိုင်ငံအရှေ့ပိုင်းနယ်နိမိတ် တစ်လျှောက် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပြီ း တက်ဇ်ပူရ် လေယာဉ်ကွင်းသည် ထိုဒေသတွင် အရေးအကြီးဆုံး လေယာဉ်ကွင်းများထဲမှ တစ်ကွင်းဖြစ်သည်။



အများပြည်သူ သိထောက်လှမ်းရေး အချက်အလက်များ ခွဲခြမ်း စိတ်ဖြာရေးအဖွဲ့က မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန် ပြည်နယ်တွင် ရေဒါနှင့်စောင့် ကြည့်ရေးအဆောက်အအုံ များ တရုတ်နိုင်ငံက ထားရှိ နေသည်ကို ဂြိုဟ်တုဓာတ်ပုံများ အရမြင်တွေ့ခဲ့ရ ကြောင်း India Today သတင်းတွင် ဖော်ပြသည်။ အိန္ဒိယကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ လေကြောင်း ပိုင်နက်ကို အသုံးပြုရန် တရုတ်နိုင်ငံက ရှက်ရွံ့နေမည် မဟုတ်ကြောင်းလည်း သတင်းတွင်ပါဝင်သည်။

REF: PeopleMedia


(Zawgyi)


၂၀၁၇ ခုႏွစ္က ေဒါ့လမ္ရွိ အိႏၵိယ-တ႐ုတ္-ဘူတန္ သုံးႏိုင္ငံ နယ္စပ္တြင္ ထိေတြ႕မႈမ်ား ျဖစ္ပြားၿပီးေနက္ ၂၀၁၈ ခုႏွစ္ မတ္တြင္ ေရဒါ စခန္း တစ္ခုတည္ေဆာက္ ခဲ့ေၾကာင္း ေရဒါစခန္းပုံရိပ္မ်ားေဖာ္ျပထားသည့္ သတင္းတြင္ ပါ ဝင္သည္။ ေရဒါစခန္းကို ျမန္မာနယ္စပ္ မွ ၃ ကီလို မီတာသာကြာသည့္ ေနရာတြင္ တည္ေဆာက္ ထားၿပီး အိႏၵိယ အေရွ႕ဘက္ကမ္း႐ိုးတန္း ရွိ အဗၺဒူကြၽန္း စမ္းသပ္ စခန္းႏွင့္ တက္ဇ္ပူရ္ ေလ ယာဥ္ကြင္းတို႔ကို မ်က္ႏွာေပးထား ေၾကာင္းလည္း သိရသည္။

ပုံမ်ားအရ စခန္းသည္ ၂၀၁၈ ခုႏွစ္ က်ဴးဟိုင္ေလေၾကာင္းျပပြဲ၌ ခင္းက်င္းျပသခဲ့သည့္Type-609 ေရဒါႏွ င့္ဆင္တူသည့္ phased array ေရဒါျဖစ္ႏိုင္သည့္ ၁၃ မီတာက်ယ္သည့္ ေရဒါတစ္ခုျဖစ္သည္။ထိုေရဒါကို တ႐ုတ္အီလက္ထေရာနစ္ နည္းပညာအုပ္စု ေကာ္ပိုေရးရွင္း (CTEC) ၏ ၁၄ ခုေျမာက္ အဖြဲ႕အစည္းကထုတ္လုပ္ျခင္းျဖစ္ၿပီးေလေၾကာင္းပ်ံသန္းမႈသတ္မွတ္ခ်က္ေအာက္ပ်ံသန္းလာသည့္ ပဲ့ထိန္းဒုံး က်ည္မ်ားႏွင့္ကိုယ္ေပ်ာက္ေလယာဥ္မ်ားကို ေထာက္လွမ္းႏိုင္သည္ဟုဆိုသည္

တ႐ုတ္ႏိုင္ငံ သည္ အိႏၵိယႏိုင္ငံ၏ အေရွ႕စြန္းမွ မဟာဗ်ဴဟာေျမ ာက္အေဆာက္ အအုံမ်ား ကိုမ်က္စိေဒါက္ ေထာက္ၾကည့္ ေနေၾကာင္း India Today သတင္းစာကေဖာ္ျပသည္။ အာသံျပည္နယ္ ရွိ တက္ဇ္ပူရ္ေလတပ အေျခစိုက္စခန္းႏွင့္ ၾသရစ္သွ်ျပည္နယ္ရွိအဗၺဒူ ကာလမ္ ကြၽန္းစုမ်ားကို ျဖစ္ႏိုင္ေၾကာင္းလည္း ပါဝင္သည္။ၾသဂုတ္ ၂၀ ရက္မွ ၂၂ ရက္အတြင္း ဘဂၤလားပင္လယ္ေအာ္ အတြင္း လက္ေတြ႕ပ်ံသန္း မႈသ႐ုပ္ျပ ေလယာဥ္မ်ားမိတ္ဆက္ ပ်ံသန္းရန္ ေလတပ္ကို သတိေပးခ်က္ (NOTAM) ထုတ္ျပန္ၿပီးေနာက္ အဆိုပါသတင္းေဖာ္ျပခဲ့သည္။


စမ္းသပ္ပ်ံသန္း မည့္ ေနရာသည္ ၾသရစ္သွ် ကမ္း႐ိုးတန္းမွ ကီလိုမီတာ ၅၅၀ အကြာျဖစ္ၿပီး ထိုေနရာသည္ ၂၀၁၉ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံက အသံထက္ ျမန္နည္းပညာသ႐ုပ္ျပေလယာဥ္(HSTDV)ကိုအိႏၵိယႏိုင္ငံေအာင္ ေအာင္ျမင္ျမင္စမ္းသပ္ႏိုင္ခဲ့သည့္ေနရာျဖစ္သည္HSTDV စီမံကိန္းသည္ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ခံ ကာကြယ္ေရးသုေတ သနႏွင့္ ဖြံ႕ၿဖိဳးေရးအသင္းမွ စီမံလည္ပတ္ျခင္း ျဖစ္ ၿပီးBrahMos-2 စီမံကိန္းအပါအဝင္ အနာဂတ္အသံထက္ ျမန္လက္နက္မ်ား ျဖန႔္ခ်ိေရးလမ္းေၾကာင္းအတြက္ျဖစ္သည္။

အေရွ႕ဘက္ကမ္း႐ိုးတန္းအျပင္ အာသံျပည္နယ္မွ တက္ဇ္ပူရ္ေလေၾကာင္း အေျခစိုက္စခန္းသည္ အရပ္ဘက္-စစ္ဘက္ ပူးေပါင္းေလယာဥ္ ကြင္းျဖစ္ၿပီး အိႏၵိေလတပ္မွ Su-30 MKI ေလယာဥ္မ်ား ပါဝင္သည့္ အမွတ္ ၂ ႏွင့္ အမွတ္ ၁၀၆ ေလယာဥ္အုပ္စုမ်ားရွိသည့္စခန္းျဖစ္သည္။ အိႏၵိယေလတပ္သည္ ႏိုင္ငံအေရွ႕ပိုင္းနယ္နိမိတ္ တစ္ေလွ်ာက္ တင္းတင္းၾကပ္ၾကပ္ခ်ဳပ္ကိုင္ထားၿပီ း တက္ဇ္ပူရ္ ေလယာဥ္ကြင္းသည္ ထိုေဒသတြင္ အေရးအႀကီးဆုံး ေလယာဥ္ကြင္းမ်ားထဲမွ တစ္ကြင္းျဖစ္သည္။

အမ်ားျပည္သူ သိေထာက္လွမ္းေရး အခ်က္အလက္မ်ား ခြဲျခမ္း စိတ္ျဖာေရးအဖြဲ႕က ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနသည့္ ယူနန္ ျပည္နယ္တြင္ ေရဒါႏွင့္ေစာင့္ ၾကည့္ေရးအေဆာက္အအုံ မ်ား တ႐ုတ္ႏိုင္ငံက ထားရွိ ေနသည္ကို ၿဂိဳဟ္တုဓာတ္ပုံမ်ား အရျမင္ေတြ႕ခဲ့ရ ေၾကာင္း India Today သတင္းတြင္ ေဖာ္ျပသည္။ အိႏၵိယကို ဆန႔္က်င္သည့္လႈပ္ရွားမႈမ်ား လုပ္ေဆာင္ရာတြင္ ျမန္မာႏိုင္ငံ ေလေၾကာင္း ပိုင္နက္ကို အသုံးျပဳရန္ တ႐ုတ္ႏိုင္ငံက ရွက္႐ြံ႕ေနမည္ မဟုတ္ေၾကာင္းလည္း သတင္းတြင္ပါဝင္သည္။

REF: PeopleMedia

Post a Comment

Previous Post Next Post