(Zawgyi)

ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)”Music Video ထဲမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကို ျပန္ၿပီးလုပ္ႀကံရတဲ့ အေနအ ထား ပုံစံမ်ိဳး ျဖစ္သြားတဲ့အတြက္ စိတ္မေကာင္းဘူးလို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ဦးဝင္းၿမိဳင္က ဆိုပါတယ္။က်ေနာ္တို႔ ေလးစားရတဲ့ အေမစုကို ျပန္ၿပီး လုပ္ႀကံရတဲ့ အေနအထားပုံစံမ်ိဳး ျဖစ္သြားတဲ့အတြက္ စိတ္မေကာင္းဘူး။ ဒါေပမဲ့ ကိုယ့္ရင္ထဲမွာေတာ့ အႏုပညာလုပ္တာပဲလို႔ ေျဖပါတယ္။ ႐ိုက္ကူးခြင့္တင္တာက ႐ုပ္ရွင္နဲ႔ ဗီဒီယို ၂ ခုပဲ။

က်န္တဲ့ ဇာတ္လမ္းတိုတို႔၊ Music Video တို႔ကေတာ့ ႐ိုက္ကူးခြင့္ တင္စရာ မလိုဘူး။ တာဝန္ယူမႈ၊ တာဝန္ခံမႈေတာ့ ရွိပါတယ္” ကိုယ့္ဘာ သာကိုယ္ တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ ႐ိုက္၊ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းၫႊန္မႈေတြအတိုင္း လိုက္နာၿပီးေတာ့ ႐ိုက္ တာေပါ့။ ႐ိုက္တဲ့အခ်ိန္မွာလည္း အကုန္လုံး Mask ေတြ တပ္၊ လက္ေတြ ေဆးၾကပါတယ္။ ကိုယုန္ေလးကို ေျပာခ်င္တာက ေနာက္ေနာင္ ကိုယ့္ေၾကာင့္ အႏုပညာရွင္ေတြ အဆဲခံ၊ အမုန္းခံရမယ့္ အလုပ္မ်ိဳး မလုပ္ဖို႔ ဆင္ျခင္ေပးပါ”လို႔ ဦးဝင္းၿမိဳင္က ေျပာပါတယ္။

အဆိုေတာ္ ယုန္ေလး ႐ိုက္ကူးထားတဲ့ “ငါတို႔ အားလုံးရဲ႕ ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)” Music Video မွာ စီးပြားေရး လုပ္ငန္းရွင္ တေယာက္အေနနဲ႔ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ ဦးဝင္းၿမိဳင္က ပါဝင္ျဖစ္ပုံကို အခုလိုပဲ ဆိုပါတယ္။က်ေနာ္နဲ႔ ယုန္ေလးက အစကတည္းက ခင္ပါတယ္။ သူ ဒါ႐ိုက္တာလုပ္ၿပီး ႐ိုက္တဲ့ ကားေတာ္ေတာ္မ်ားမ်ားမွာလည္း သံေယာဇဥ္ရွိရွိနဲ႔ ေခၚေပးပါတယ္။ Music Video မွာလည္း ႐ိုက္ေပးဖို႔ ေျပာတယ္။ သီခ်င္းမွာလည္း ႏိုင္ငံစည္းလုံးဖို႔ ေျပာတဲ့ သီခ်င္း၊ သီခ်င္းနာမည္ကလည္း ေကာင္းတယ္။



တခန္းေလာက္ ပါေပးပါဆိုတာနဲ႔ ပါဝင္ျဖစ္တာ။ ကူညီေပးပါဆိုေတာ့ ကူညီေပးခဲ့တယ္”ကူညီေပးတဲ့ ေနရာမွာ ခ႐ိုနီတေယာက္အေနနဲ႔ ပါဝင္ေပးပါဆိုလို႔ ႐ိုက္ျဖစ္တယ္။ ဒီ Music Video ကို ဇူလိုင္လဆန္းတုန္းက ႐ိုက္ခဲ့တာပါ”လို႔ ဦးဝင္းၿမိဳင္က ေျပာပါတယ္။အဆိုပါ Music Video ကို ေဝဖန္မႈမ်ား ရွိေနတဲ့အေပၚလည္း အျပစ္မျမင္ဘူးလို႔ ဆိုပါတယ္။ခံစားရတဲ့ လူေတြက ေဝဖန္ေနတာေတြကိုေတာ့ အျပစ္မျမင္ ပါဘူး။ ဆဲသင့္တဲ့ အေနအထားပါ။ ဆဲတာကို ေဗြမယူပါဘူး။

ေရရွည္မွာေတာ့ အႏုပညာသမားေတြက ဒီလိုလူမ်ိဳးေတြပါလား ဆိုတာကိုေတာ့ ျမင္သြားမွာကိုေတာ့ စိုးတယ္။ အႏုပညာသမားေတြက အားလုံးက ပရိသတ္ ျပည္သူေတြရဲ႕အားေပးမႈနဲ႔ ရပ္တည္ေနၾကတာ။ ပရိသတ္မုန္းမွာကိုေတာ့ ေၾကာက္တယ္”လို႔ ဦးဝင္းၿမိဳင္က ေျပာ ပါတယ္။ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)” Music Video ကိုေတာ့ ၾသဂုတ္လ ၄ ရက္ေန႔ မနက္ပိုင္းက “Original Gangster” Page မွာ တင္ခဲ့တာ ျဖစ္ပါတယ္။

REF: ဧရာ၀တီ

(Unicode)



ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)”Music Video ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြန်ပြီးလုပ်ကြံရတဲ့ အနေအ ထား ပုံစံမျိုး ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဘူးလို့ ရုပ်ရှင်သရုပ်ဆောင်ဦးဝင်းမြိုင်က ဆိုပါတယ်။ကျနော်တို့ လေးစားရတဲ့ အမေစုကို ပြန်ပြီး လုပ်ကြံရတဲ့ အနေအထားပုံစံမျိုး ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာတော့ အနုပညာလုပ်တာပဲလို့ ဖြေပါတယ်။ ရိုက်ကူးခွင့်တင်တာက ရုပ်ရှင်နဲ့ ဗီဒီယို ၂ ခုပဲ။

ကျန်တဲ့ ဇာတ်လမ်းတိုတို့၊ Music Video တို့ကတော့ ရိုက်ကူးခွင့် တင်စရာ မလိုဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိပါတယ်” ကိုယ့်ဘာ သာကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ရိုက်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုတွေအတိုင်း လိုက်နာပြီးတော့ ရိုက် တာပေါ့။ ရိုက်တဲ့အချိန်မှာလည်း အကုန်လုံး Mask တွေ တပ်၊ လက်တွေ ဆေးကြပါတယ်။ ကိုယုန်လေးကို ပြောချင်တာက နောက်နောင် ကိုယ့်ကြောင့် အနုပညာရှင်တွေ အဆဲခံ၊ အမုန်းခံရမယ့် အလုပ်မျိုး မလုပ်ဖို့ ဆင်ခြင်ပေးပါ”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

အဆိုတော် ယုန်လေး ရိုက်ကူးထားတဲ့ “ငါတို့ အားလုံးရဲ့ မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video မှာ စီးပွားရေး လုပ်ငန်းရှင် တယောက်အနေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်က ပါဝင်ဖြစ်ပုံကို အခုလိုပဲ ဆိုပါတယ်။ကျနော်နဲ့ ယုန်လေးက အစကတည်းက ခင်ပါတယ်။ သူ ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတော်တော်များများမှာလည်း သံယောဇဉ်ရှိရှိနဲ့ ခေါ်ပေးပါတယ်။ Music Video မှာလည်း ရိုက်ပေးဖို့ ပြောတယ်။ သီချင်းမှာလည်း နိုင်ငံစည်းလုံးဖို့ ပြောတဲ့ သီချင်း၊ သီချင်းနာမည်ကလည်း ကောင်းတယ်။

တခန်းလောက် ပါပေးပါဆိုတာနဲ့ ပါဝင်ဖြစ်တာ။ ကူညီပေးပါဆိုတော့ ကူညီပေးခဲ့တယ်”ကူညီပေးတဲ့ နေရာမှာ ခရိုနီတယောက်အနေနဲ့ ပါဝင်ပေးပါဆိုလို့ ရိုက်ဖြစ်တယ်။ ဒီ Music Video ကို ဇူလိုင်လဆန်းတုန်းက ရိုက်ခဲ့တာပါ”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။အဆိုပါ Music Video ကို ဝေဖန်မှုများ ရှိနေတဲ့အပေါ်လည်း အပြစ်မမြင်ဘူးလို့ ဆိုပါတယ်။ခံစားရတဲ့ လူတွေက ဝေဖန်နေတာတွေကိုတော့ အပြစ်မမြင် ပါဘူး။ ဆဲသင့်တဲ့ အနေအထားပါ။ ဆဲတာကို ဗွေမယူပါဘူး။

ရေရှည်မှာတော့ အနုပညာသမားတွေက ဒီလိုလူမျိုးတွေပါလား ဆိုတာကိုတော့ မြင်သွားမှာကိုတော့ စိုးတယ်။ အနုပညာသမားတွေက အားလုံးက ပရိသတ် ပြည်သူတွေရဲ့အားပေးမှုနဲ့ ရပ်တည်နေကြတာ။ ပရိသတ်မုန်းမှာကိုတော့ ကြောက်တယ်”လို့ ဦးဝင်းမြိုင်က ပြော ပါတယ်။ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကိုတော့ သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

REF: ဧရာဝတီ

Post a Comment

Previous Post Next Post