(Zawgyi)


ေတာင္က်ေခ်ာင္းေရေၾကာင့္ အင္းေတာ္ၿမိဳ႕နယ္တြင္ တံတားႏွစ္စင္း ပ်က္စီးမူျဖစ္ပြား


စစ္ကိုင္းတိုင္းေဒသႀကီးတြင္ မိုးသည္းထန္စြာ႐ြာသြန္းမူေၾကာင့္ ၾသဂုတ္လ ၈ ရက္ နံနက္ပိုင္းက အင္းေတာ္ၿမိဳ႕ နယ္ နားဖာ-ဆားေမွာ္ေက်း႐ြာခ်င္းဆက္ သစ္သားတံတားႏွင့္ နမီး-ကြင္းငို႔ ေက်း႐ြာခ်င္းဆက္ ပ်ဥ္ခင္းတံတား သည္ ေတာင္က်ေရေၾကာင့္ ေမွ်ာပါပ်က္စီးမူျဖစ္ပြားခဲ့ေၾကာင္း့ အင္းေတာ္ၿမိဳ႕နယ္ မီးသတ္စခန္းမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းခဲ့သျဖင့္ နမီးေခ်ာင္းအတြင္း ေတာင္က်ေရမ်ား စီးဝင္လာကာ ေခ်ာင္းေရလွ်ံမႈ ျဖစ္ပြားၿပီး တံတားမ်ားေမွ်ာပါ ပ်က္စီးခဲ့ျခင္းျဖစ္ကာ ေက်း႐ြာအတြင္းမွ လူႏွင့္တိရစာၦန္မ်ား ထိခိုက္ပ်က္စီးဆုံးရႈံးမႈ မရွိ ေၾကာင္း သိရသည္။



နားဖာ-ဆားေမွာ္ ေက်း႐ြာခ်င္းဆက္ သစ္သားတံတားသည္ အရွည္ ၂၂၀ ေပ၊ အက်ယ္ ၁၂ ေပ၊ အျမင့္ ၃၅ ေပ အရွည္ရွိၿပီး၊ ေပ ၁၅၀ ခန႔္ ေရထဲေမွ်ာပါသြားခဲ့သျဖင့္ ခန႔္မွန္းဆုံးရႈံးမႈတန္ဖိုး က်ပ္သိန္း ၁၈၀ ခန႔္ ရွိခဲ့ေၾကာင္းႏွင့္ နမီး-ကြင္းငို႔ ေက်း႐ြာခ်င္းဆက္ ၿငိမ္းခ်မ္းေရးစုေပါင္းညီညာ အုတ္ခုံခံ ပ်ဥ္ခင္း တံတားသည္ အက်ယ္ ၁၇၀ ေပ၊ အက်ယ္ ၁၃ ေပ၊ အျမင့္ ၃၅ ေပ ရွိၿပီး အရွည္ေပ ၁၄၀ ခန႔္ ေရထဲေမွ်ာပါသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။




နမီး-ကြင္းငို႔ ေက်း႐ြာခ်င္းဆက္ ၿငိမ္းခ်မ္းေရးစုေပါင္းညီညာ တံတားသည္ နမီးေက်း႐ြာအုပ္စု ျမစိမ္းေရာင္ ရန္ပုံေငြမွ အတိုး စုေဆာင္းရရွိေငြ က်ပ္ ၇၄ သိန္း၊ ျပည္သူလူထုထည့္ဝင္ေငြ က်ပ္ ၄၇၆ သိန္း တို႔ျဖင့္ ေဆာင္႐ြက္ထားျခင္းျဖစ္ၿပီး၊ ေရထဲေမွ်ာပါမႈေၾကာင့္ စုစုေပါင္း က်ပ္ သိန္း ၅၅၀ တန္ဖိုးခန႔္ ပ်က္စီး ဆုံးရႈံးခဲ့ေၾကာင္းသိရသည္။


(Unicode)


တောင်ကျချောင်းရေကြောင့် အင်းတော်မြို့နယ်တွင် တံတားနှစ်စင်း ပျက်စီးမူဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းမူကြောင့် သြဂုတ်လ ၈ ရက် နံနက်ပိုင်းက အင်းတော်မြို့ နယ် နားဖာ-ဆားမှော်ကျေးရွာချင်းဆက် သစ်သားတံတားနှင့် နမီး-ကွင်းငို့ ကျေးရွာချင်းဆက် ပျဉ်ခင်းတံတား သည် တောင်ကျရေကြောင့် မျှောပါပျက်စီးမူဖြစ်ပွားခဲ့ကြောင်း့ အင်းတော်မြို့နယ် မီးသတ်စခန်းမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နမီးချောင်းအတွင်း တောင်ကျရေများ စီးဝင်လာကာ ချောင်းရေလျှံမှု ဖြစ်ပွားပြီး တံတားများမျှောပါ ပျက်စီးခဲ့ခြင်းဖြစ်ကာ ကျေးရွာအတွင်းမှ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိ ကြောင်း သိရသည်။

နားဖာ-ဆားမှော် ကျေးရွာချင်းဆက် သစ်သားတံတားသည် အရှည် ၂၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃၅ ပေ အရှည်ရှိပြီး၊ ပေ ၁၅၀ ခန့် ရေထဲမျှောပါသွားခဲ့သဖြင့် ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၈၀ ခန့် ရှိခဲ့ကြောင်းနှင့် နမီး-ကွင်းငို့ ကျေးရွာချင်းဆက် ငြိမ်းချမ်းရေးစုပေါင်းညီညာ အုတ်ခုံခံ ပျဉ်ခင်း တံတားသည် အကျယ် ၁၇၀ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ၃၅ ပေ ရှိပြီး အရှည်ပေ ၁၄၀ ခန့် ရေထဲမျှောပါသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


နမီး-ကွင်းငို့ ကျေးရွာချင်းဆက် ငြိမ်းချမ်းရေးစုပေါင်းညီညာ တံတားသည် နမီးကျေးရွာအုပ်စု မြစိမ်းရောင် ရန်ပုံငွေမှ အတိုး စုဆောင်းရရှိငွေ ကျပ် ၇၄ သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၄၇၆ သိန်း တို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ရေထဲမျှောပါမှုကြောင့် စုစုပေါင်း ကျပ် သိန်း ၅၅၀ တန်ဖိုးခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

Post a Comment

Previous Post Next Post