(Unicode)


အိမ်အကူမိန်းကလေးအား ညှင်းပန်း နှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက လက်ရှိရင်ဆိုင်နေရတဲ့ အမှုကို အမြန်ဆုံး အမှန်အတိုင်းဖြစ်စေချင်ပြီလို့ ဆိုလာပါတယ်။ အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (သြဂုတ်လ ၁၉ ရက်)က မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ဒီနေ့ ရုံးချိန်းမှာတော့ မင်းရာဇာဟာ သူရင်ဆိုင်နေရတဲ့ အမှုကို အမြန်ဆုံးပြီးချင်နေပြီလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။အမှုကို အမှန်အတိုင်းပေါ်စေချင်တယ်ဆိုရင် အမှုကို အမှန်အတိုင်း ပေါ်ဖို့မြန်မြန်စစ်စေချင်တယ်။မိန်းမကလည်း ကိုယ်ဝန် နဲ့ဆိုတော့ ကလေးတွေလည်း ဒုက္ခရောက်တယ်၊ မိန်းမကလည်း နေမကောင်းဘူးဗျာ။ တကယ်လို့ အမှန်အတိုင်း သိစေချင်တယ်ဆိုရင် သူတို့ဘက်ကလည်း အမှန်အတိုင်းဖြစ်စေချင်တယ်ဆိုရင် မြန်မြန်လာစေချင်ပါတယ်” လို့ သူကဆိုပါတယ်။



မင်းရာဇာရဲ့ ဇနီးဖြစ်သူကတော့ အခုချိန်မှာ တတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပြီး ကိုယ်ဝန်(၅) လရှိပြီလို့ သိရပါတယ်။ ကိုယ်ဝန်ကြီးနဲ့ အကျဉ်းကျခံနေရတဲ့ ဇနီးဖြစ်သူကို အာမခံရစေချင်တယ်လို့ မင်းရာဇာက ဆိုပါတယ်။“ကျွန်တော်တို့ ပိုပြီးတော့ ဒုက္ခရောက်ပါတယ်ခင်ဗျာ။ ကျွန်တော့် မိန်းမကိုတော့ အာမခံရစေချင်ပါတယ်။ အိမ်မှာ ကလည်း ကျွန်တော်နဲ့ ကျွန်တော့် မိန်းမကိုပဲ မှီခိုပြီးနေရတာဆိုတော့ ကလေးတွေ အရမ်း ဒုက္ခရောက်တာပေါ့ဗျာ” ဆိုပြီးတော့ သြဂုတ်လ(၁၉) ရက်နေ့ ရုံးချိန်းမှာ ပြောခဲ့တာပါ။ သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်း တုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကိုမီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။



အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။



အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၄ ဦးကို မေရ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။


Duwun


(Zawgyi)


အိမ္အကူမိန္းကေလးအား ညႇင္းပန္း ႏွိပ္စက္မႈ၊ မုဒိန္းမႈေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာက လက္ရွိရင္ဆိုင္ေနရတဲ့ အမႈကို အျမန္ဆုံး အမွန္အတိုင္းျဖစ္ေစခ်င္ၿပီလို႔ ဆိုလာပါတယ္။ အိမ္အကူမိန္းကေလးအား ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈတိုနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ (ၾသဂုတ္လ ၁၉ ရက္)က ေျမာက္ဥကၠလာ တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ မင္းရာဇာဟာ သူရင္ဆိုင္ေနရတဲ့ အမႈကို အျမန္ဆုံးၿပီးခ်င္ေနၿပီလို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။အမႈကို အမွန္အတိုင္းေပၚေစခ်င္တယ္ဆိုရင္ အမႈကို အမွန္အတိုင္း ေပၚဖို႔ျမန္ျမန္စစ္ေစခ်င္တယ္။မိန္းမကလည္း ကိုယ္ဝန္ နဲ႔ဆိုေတာ့ ကေလးေတြလည္း ဒုကၡေရာက္တယ္၊ မိန္းမကလည္း ေနမေကာင္းဘူးဗ်ာ။ တကယ္လို႔ အမွန္အတိုင္း သိေစခ်င္တယ္ဆိုရင္ သူတို႔ဘက္ကလည္း အမွန္အတိုင္းျဖစ္ေစခ်င္တယ္ဆိုရင္ ျမန္ျမန္လာေစခ်င္ပါတယ္” လို႔ သူကဆိုပါတယ္။



မင္းရာဇာရဲ႕ ဇနီးျဖစ္သူကေတာ့ အခုခ်ိန္မွာ တတိယေျမာက္ ရင္ေသြးေလးကို ကိုယ္ဝန္လြယ္ထားရတာ ျဖစ္ၿပီး ကိုယ္ဝန္(၅) လရွိၿပီလို႔ သိရပါတယ္။ ကိုယ္ဝန္ႀကီးနဲ႔ အက်ဥ္းက်ခံေနရတဲ့ ဇနီးျဖစ္သူကို အာမခံရေစခ်င္တယ္လို႔ မင္းရာဇာက ဆိုပါတယ္။“ကြၽန္ေတာ္တို႔ ပိုၿပီးေတာ့ ဒုကၡေရာက္ပါတယ္ခင္ဗ်ာ။ ကြၽန္ေတာ့္ မိန္းမကိုေတာ့ အာမခံရေစခ်င္ပါတယ္။ အိမ္မွာ ကလည္း ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ မိန္းမကိုပဲ မွီခိုၿပီးေနရတာဆိုေတာ့ ကေလးေတြ အရမ္း ဒုကၡေရာက္တာေပါ့ဗ်ာ” ဆိုၿပီးေတာ့ ၾသဂုတ္လ(၁၉) ရက္ေန႔ ႐ုံးခ်ိန္းမွာ ေျပာခဲ့တာပါ။ သ႐ုပ္ေဆာင္မင္းရာဇာဟာ ဇူလိုင္လ(၂၂) ရက္ေန႔ ႐ုံးခ်ိန္း တုန္းက တရားလို မိန္းကေလးရဲ႕ နာမည္အရင္းကိုမီဒီယာေတြ အေရွ႕မွာ ထုတ္ေဖာ္ေျပာျပခဲ့ ပါေသးတယ္။



အဲဒီလို ထုတ္ေဖာ္ေျပာဆိုလာတဲ့ အတြက္ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္မ်ား အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ ၿငိစြန္းတယ္လို႔ တရားလိုဘက္က ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာျပခဲ့ဖူးပါတယ္။ ေျမာက္ဥကၠလာတရား႐ုံးမွာ ျပဳလုပ္တဲ့ ႐ုံးခ်ိန္းေတြမွာ မင္းရာဇာ ေျဖဆိုခဲ့တဲ့ စကားတိုင္းကို တရားလိုဘက္က မွတ္တမ္းတင္ထားတယ္လို႔လည္း သိရပါတယ္။



အိမ္အကူအမ်ိဳးသမီးငယ္အား ညႇင္းပန္းႏွိပ္စက္မႈနဲ႔ သ႐ုပ္ေဆာင္ မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမရ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအးက တရား႐ုံးမွာ ေငြက်ပ္ ၁၀ သိန္းျဖင့္ အာမခံရရွိခဲ့ပါတယ္။မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။


Duwun

Post a Comment

Previous Post Next Post