(Unicode)

မြန်မာနိုင်ငံမှာ ကြားဖြတ်လူဦးရေသန်းခေါင်းစာရင်းကို ၂၀၁၉ နိုဝင်ဘာလကနေ ၂၀၂၀ ဖေဖော်ဝါရီ အထိ နိုင်ငံတဝန်း စာရင်းကောက် ကွက်ပေါင်း ၃၉၆၀ နဲ့ လူဦးရေ ၅ သိန်းကျော်ကို မေးမြန်းကောက်ယူခဲ့တာပါ။ လူဦးရေ ဆိုင်ရာအချက်အလက်တွေ ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေ ပညာရေးနဲ့ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းစတဲ့ လူဦးရေပြောင်းလဲခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းအချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တကိုယ်ရည်သန့်ရှင်း အညွှန်းကိန်းဆိုင်ရာနဲ့ ဘဏ်စနစ်အသုံးပြုလာခြင်း ဆိုင်ရာကိစ္စတွေ စတဲ့ အချက်အလက်ပေါင်းများစွာလည်း အစီရင်ခံစာမှာပါရှိပြီး အရင် ၂၀၁၄ သန်းခေါင်စာရင်းထက် တွေ့ရှိချက်တွေ ပိုမို ပါဝင်လာပါတယ်။၁၀ နှစ်တစ်ကြိမ် ကောက်ခံဖို့သတ်မှတ်ထားတဲ့ ပင်မသန်းခေါင်းစာရင်းရဲ့ ကြားကာလ ဖြစ်တဲ့ ၅ နှစ်အတွင်း ပြောင်းလဲမှု တွေကို သိရှိနိုင်ဖို့ ကြိုတင် ကောက်ခံထားတာဖြစ်ပါတယ်။

အခုရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ပြီးနောက် ပိုမိုအသေးစိတ်တွက်ချက်ထားတဲ့ ပင်မအစီရင်ခံစာကို အခုနှစ်မကုန်ခင် ဆက်လက်ထုတ်ပြန် သွားမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ ရဲ့ လူဦးရေဟာ ၅၄ ဒသမ ၇၆၈ သန်းလောက်ရှိပြီး အမျိုးသားဦးရေ ကျဆင်းနေတယ်လို့ ဒီကနေ့ ဩဂုတ် ၃၁ ရက်မှာထုတ်ပြန်တဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာအရ သိရပါတယ်။မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်းစာရင်းအရ အမျိုးသမီး ၁၀၀ ဦးမှာ အမျိုးသား ၉၈ ဦးနှုန်းရှိပြီး ။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လူ ဦးရေသန်းခေါင်းစာရင်း အရတော့ အမျိုးသမီး ၁၀၀ ဦးမှာ အမျိုးသား ၉၃ ဦးနှုန်းနဲ့ ကျဆင်းသွားခဲ့ပါတယ်။အခု ၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်းမှာတော့ အမျိုးသမီး ၁၀၀ ဦးမှာ ၊ အမျိုးသား ၈၈ ဦးနှုန်းအထိဆက်လက် ကျဆင်းခဲ့နေတယ်လို့ ပြည် သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။“ဒီလိုအမျိုးသားဦးရေ လျော့နည်းလာတာက ရွှေ့ပြောင်းလုပ် ကိုင်မှုမျာတာကြောင့် ဖြစ်နိုင်သလို သေဆုံးမှုများလို့ဆိုတဲ့အကြောင်း နှစ်မျိုးကြောင့်ပဲ ဖြစ်နိုင်ပါတယ်။



ဒီအပြင်ကလေးမွေးဖွားနှုန်း ကျဆင်းနေလို့ နောင်တချိန်မှာ လုပ်သားအင်အား ရှားပါးတဲ့ ပြဿနာကို ကြုံရနိုင်ပြီး စိုးရိမ်စရာဖြစ်တယ်” လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါတုံ့ပြန် ကုစားရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ဖို့ ဌာန ဆိုင်ရာအဖွဲ့အစည်းတွေက လိုအပ်နေတဲ့ စာရင်းအင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ဖို့ အခုလို အစီရင်ခံစာ ထုတ်ပြန်ပေးတာလို့ အလုပ် သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒုတိယ ဝန်ကြီးက ပြောပါတယ်။


CRD: SHWE WIKI


(Zawgyi)



ျမန္မာႏိုင္ငံမွာ ၾကားျဖတ္လူဦးေရသန္းေခါင္းစာရင္းကို ၂၀၁၉ ႏိုဝင္ဘာလကေန ၂၀၂၀ ေဖေဖာ္ဝါရီ အထိ ႏိုင္ငံတဝန္း စာရင္းေကာက္ ကြက္ေပါင္း ၃၉၆၀ နဲ႔ လူဦးေရ ၅ သိန္းေက်ာ္ကို ေမးျမန္းေကာက္ယူခဲ့တာပါ။ လူဦးေရ ဆိုင္ရာအခ်က္အလက္ေတြ ၊ လူမႈစီးပြားဆိုင္ရာ အခ်က္အလက္ေတြ ပညာေရးနဲ႔ လုပ္သားအင္အား၊ ေမြးဖြားျခင္း၊ ေသဆုံးျခင္း၊ ေ႐ႊ႕ေျပာင္းသြားလာျခင္းစတဲ့ လူဦးေရေျပာင္းလဲျခင္းကို ျဖစ္ေပၚေစတဲ့အေၾကာင္းအခ်က္ေတြ ပါဝင္ပါတယ္။

ဒါ့အျပင္ အိမ္အေၾကာင္းအရာ၊ ေရ၊ ပတ္ဝန္းက်င္သန႔္ရွင္းေရးနဲ႔ တကိုယ္ရည္သန႔္ရွင္း အၫႊန္းကိန္းဆိုင္ရာနဲ႔ ဘဏ္စနစ္အသုံးျပဳလာျခင္း ဆိုင္ရာကိစၥေတြ စတဲ့ အခ်က္အလက္ေပါင္းမ်ားစြာလည္း အစီရင္ခံစာမွာပါရွိၿပီး အရင္ ၂၀၁၄ သန္းေခါင္စာရင္းထက္ ေတြ႕ရွိခ်က္ေတြ ပိုမို ပါဝင္လာပါတယ္။၁၀ ႏွစ္တစ္ႀကိမ္ ေကာက္ခံဖို႔သတ္မွတ္ထားတဲ့ ပင္မသန္းေခါင္းစာရင္းရဲ႕ ၾကားကာလ ျဖစ္တဲ့ ၅ ႏွစ္အတြင္း ေျပာင္းလဲမႈ ေတြကို သိရွိႏိုင္ဖို႔ ႀကိဳတင္ ေကာက္ခံထားတာျဖစ္ပါတယ္။

အခုေရွ႕ေျပးအစီရင္ခံစာထုတ္ျပန္ၿပီးေနာက္ ပိုမိုအေသးစိတ္တြက္ခ်က္ထားတဲ့ ပင္မအစီရင္ခံစာကို အခုႏွစ္မကုန္ခင္ ဆက္လက္ထုတ္ျပန္ သြားမယ္လို႔ သိရပါတယ္။ျမန္မာႏိုင္ငံ ရဲ႕ လူဦးေရဟာ ၅၄ ဒသမ ၇၆၈ သန္းေလာက္ရွိၿပီး အမ်ိဳးသားဦးေရ က်ဆင္းေနတယ္လို႔ ဒီကေန႔ ဩဂုတ္ ၃၁ ရက္မွာထုတ္ျပန္တဲ့ ၂၀၁၉ ၾကားျဖတ္သန္းေခါင္စာရင္း ေရွ႕ေျပးအစီရင္ခံစာအရ သိရပါတယ္။ျမန္မာႏိုင္ငံမွာ ၁၉၈၃ ခုႏွစ္က ေကာက္ယူခဲ့တဲ့ လူဦးေရသန္းေခါင္းစာရင္းအရ အမ်ိဳးသမီး ၁၀၀ ဦးမွာ အမ်ိဳးသား ၉၈ ဦးႏႈန္းရွိၿပီး ။

ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္လူ ဦးေရသန္းေခါင္းစာရင္း အရေတာ့ အမ်ိဳးသမီး ၁၀၀ ဦးမွာ အမ်ိဳးသား ၉၃ ဦးႏႈန္းနဲ႔ က်ဆင္းသြားခဲ့ပါတယ္။အခု ၂၀၁၉ ၾကားျဖတ္သန္းေခါင္းစာရင္းမွာေတာ့ အမ်ိဳးသမီး ၁၀၀ ဦးမွာ ၊ အမ်ိဳးသား ၈၈ ဦးႏႈန္းအထိဆက္လက္ က်ဆင္းခဲ့ေနတယ္လို႔ ျပည္ သူ႔အင္အား ဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခိုင္ခိုင္စိုးက ေျပာပါတယ္။“ဒီလိုအမ်ိဳးသားဦးေရ ေလ်ာ့နည္းလာတာက ေ႐ႊ႕ေျပာင္းလုပ္ ကိုင္မႈမ်ာတာေၾကာင့္ ျဖစ္ႏိုင္သလို ေသဆုံးမႈမ်ားလို႔ဆိုတဲ့အေၾကာင္း ႏွစ္မ်ိဳးေၾကာင့္ပဲ ျဖစ္ႏိုင္ပါတယ္။

ဒီအျပင္ကေလးေမြးဖြားႏႈန္း က်ဆင္းေနလို႔ ေနာင္တခ်ိန္မွာ လုပ္သားအင္အား ရွားပါးတဲ့ ျပႆနာကို ႀကဳံရႏိုင္ၿပီး စိုးရိမ္စရာျဖစ္တယ္” လို႔ ေဒါက္တာခိုင္ခိုင္စိုးက ေျပာပါတယ္။လက္ရွိအေျခအေနအရ ကိုဗစ္-၁၉ ေရာဂါတုံ႔ျပန္ ကုစားေရးလုပ္ငန္းစဥ္ေတြမွာ အသုံးျပဳႏိုင္ဖို႔ ဌာန ဆိုင္ရာအဖြဲ႕အစည္းေတြက လိုအပ္ေနတဲ့ စာရင္းအင္းအခ်က္အလက္ေတြ ပံ့ပိုးေပးႏိုင္ဖို႔ အခုလို အစီရင္ခံစာ ထုတ္ျပန္ေပးတာလို႔ အလုပ္ သမားလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဒုတိယ ဝန္ႀကီးက ေျပာပါတယ္။


CRD: SHWE WIKI

Post a Comment

Previous Post Next Post