(Zawgyi)


အသက္အ႐ြယ္ကြာဟေပမယ့္ အခ်စ္ေတြထပ္တူက်ခဲ့တဲ့ ဒါ႐ိုက္တာဏႀကီးနဲ႔ ပိုင္ၿဖိဳးသုတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ အိမ္ေထာင္ရွင္ဘဝကို ပိုင္ဆိုင္ထားၾကၿပီး ႏွစ္ေယာက္သားရဲ႕ အႏုပညာအေပၚမွာ ႀကိဳးစားမႈေတြဟာလည္း အရာထင္ခဲ့ပါတယ္။ ပရိသတ္ အားေပးမႈ အခိုင္အမာရရွိထားသလို ၾကည့္ရတာတန္ေစမယ့္ ဇာတ္ကားေကာင္းေတြကိုလည္း အတူတူဖန္တီးခဲ့ၾကပါေသးတယ္။



အၿမဲတမ္းခ်စ္စရာေကာင္းတဲ့ စာေလးေတြေရးတတ္တဲ့သုသုတစ္ေယာက္ သူမတို႔ႏွစ္ေယာက္ရဲ႕ ႐ိုဆန္ဆန္ပုံရိပ္ေလးေတြကိုလည္း ဇာတ္လမ္းေလးနဲ႔ ခ်စ္စဖြယ္ပုံေဖာ္ေရးသားခဲ့ပါေသးတယ္။ ဦးေရခဲႀကီးကို အရည္ေပ်ာ္ေအာင္ေဖ်ာ္ႏိုင္ခဲ့တဲ့ ခ်စ္စရာမင္းသမီးေလးဟာ လုပ္ယူထားတာေတြ မပါဘဲ ပင္ကိုစ႐ိုက္ေလးကိုက ခ်စ္ဖို႔ေကာင္းေနတာေတာ့အမွန္ပါပဲ။



သူမတို႔ႏွစ္ေယာက္ရဲ႕ ၾကည္ႏူးစရာပုံရိပ္ေလးေတြကို ” First step အေနနဲ႔ေရခဲမုန႔္ေလး စားခ်င္လို႔ပါလို႔ပူဆာ ေနာက္ေတာ့လမ္းႀကဳံလို႔ဓါတ္ပုံေလး ႐ိုက္လိုက္မယ္ေနာ္လို႔ေျပာ ဦးဏႀကီးက ေက်ာေလးလက္ေလးေလာက္ပဲပါမွာပါလို႔ညာၿပီးေခၚ႐ိုက္ ႐ိုက္လက္စနဲ႔ထူးပါဘူး မ်က္ႏွာေလးပါထည့္႐ိုက္ လိုက္မယ္ေလ မဟုတ္ရင္မင္းသားေခ်ာေခ်ာတစ္ေယာက္ ေခၚ႐ိုက္ရမွာလားလို႔ ၿခိမ္းေျခာက္ၿပီး႐ိုက္ျဖစ္ခဲ့ေသာဓါတ္ပုံမ်ား ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။


Happy – Cele Zone
Photo – Paing Phyoe Thu


(Unicode)


အသက်အရွယ်ကွာဟပေမယ့် အချစ်တွေထပ်တူကျခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်ရှင်ဘဝကို ပိုင်ဆိုင်ထားကြပြီး နှစ်ယောက်သားရဲ့ အနုပညာအပေါ်မှာ ကြိုးစားမှုတွေဟာလည်း အရာထင်ခဲ့ပါတယ်။ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားသလို ကြည့်ရတာတန်စေမယ့် ဇာတ်ကားကောင်းတွေကိုလည်း အတူတူဖန်တီးခဲ့ကြပါသေးတယ်။


အမြဲတမ်းချစ်စရာကောင်းတဲ့ စာလေးတွေရေးတတ်တဲ့သုသုတစ်ယောက် သူမတို့နှစ်ယောက်ရဲ့ ရိုဆန်ဆန်ပုံရိပ်လေးတွေကိုလည်း ဇာတ်လမ်းလေးနဲ့ ချစ်စဖွယ်ပုံဖော်ရေးသားခဲ့ပါသေးတယ်။ ဦးရေခဲကြီးကို အရည်ပျော်အောင်ဖျော်နိုင်ခဲ့တဲ့ ချစ်စရာမင်းသမီးလေးဟာ လုပ်ယူထားတာတွေ မပါဘဲ ပင်ကိုစရိုက်လေးကိုက ချစ်ဖို့ကောင်းနေတာတော့အမှန်ပါပဲ။



သူမတို့နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ” First step အနေနဲ့ရေခဲမုန့်လေး စားချင်လို့ပါလို့ပူဆာ နောက်တော့လမ်းကြုံလို့ဓါတ်ပုံလေး ရိုက်လိုက်မယ်နော်လို့ပြော ဦးဏကြီးက ကျောလေးလက်လေးလောက်ပဲပါမှာပါလို့ညာပြီးခေါ်ရိုက် ရိုက်လက်စနဲ့ထူးပါဘူး မျက်နှာလေးပါထည့်ရိုက် လိုက်မယ်လေ မဟုတ်ရင်မင်းသားချောချောတစ်ယောက် ခေါ်ရိုက်ရမှာလားလို့ ခြိမ်းခြောက်ပြီးရိုက်ဖြစ်ခဲ့သောဓါတ်ပုံများ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။


Happy – Cele Zone
Photo – Paing Phyoe Thu

Post a Comment

Previous Post Next Post