(Unicode)
“စစ်တွေမြို့တွင် ကြက်ဥ၊ ဘဲဥများ အရောင်းပြတ်”
ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်ဈေးနှန်းများမြင့်တက်ခဲ့ပြီး ယခုအခါ ကြက်ဥ နှင့်ဘဲဥမှာ ဝယ်ယူ၍မရတော့ကြောင်းကို စစ်တွေမြို့ရှိ ရခိုင်ပြည် ကိုစ်-၁၉ စောင့်ကြ့ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းကပြောသည်။
“ကုန်ဈေးနှုန်းတွေကတော့ ရောဂါပိုးစတွေ့တဲ့နေ့ကစပြီး တဖြည်းဖြည်းမြင့်တက်လာတာပါ။ အပြင်မထွက်ရ အမိန့်လည်းထုတ်ရော ဒေသခံတွေက စားသောက်ကုန်တွေဝယ်စုကြတယ်။ အဲဒီမှာဈေးနှုန်းတွေတအားမြင့်တက်သွားတာ ကြက်ဥတစ်လုံးကျပ် ၅၀၀ ခန့်ထိဖြစ်ခဲ့တယ်။ အခုကျတော့ ကြက်ဥ၊ ဘဲဥဝယ်လို့တောင်မရတော့ဘူး” ဟု ကိုဇော်လှိုင်ထွန်းကပြောသည်။
ဆေးပစ္စည်းများမှာလည်း လက်ရှိဆေးဆိုင်များပိတ်ထားသည့်အတွက် ဝယ်ယူမရသောကြောင့် ဒေသခံများအခက်အခဲဖြစ်နေကြောင်းကို ယင်းကထပ်မံပြောကြားခဲ့သည်။
(Zawgyi)
“စစ္ေတြၿမိဳ႕တြင္ ၾကက္ဥ၊ ဘဲဥမ်ား အေရာင္းျပတ္”
ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ကုန္ေဈးႏွန္းမ်ားျမင့္တက္ခဲ့ၿပီး ယခုအခါ ၾကက္ဥ ႏွင့္ဘဲဥမွာ ဝယ္ယူ၍မရေတာ့ေၾကာင္းကို စစ္ေတြၿမိဳ႕ရွိ ရခိုင္ျပည္ ကိုစ္-၁၉ ေစာင့္ၾက့ေရးအဖြဲ႕မွ ကိုေဇာ္လႈိင္ထြန္းကေျပာသည္။
“ကုန္ေဈးႏႈန္းေတြကေတာ့ ေရာဂါပိုးစေတြ႕တဲ့ေန႔ကစၿပီး တျဖည္းျဖည္းျမင့္တက္လာတာပါ။ အျပင္မထြက္ရ အမိန႔္လည္းထုတ္ေရာ ေဒသခံေတြက စားေသာက္ကုန္ေတြဝယ္စုၾကတယ္။ အဲဒီမွာေဈးႏႈန္းေတြတအားျမင့္တက္သြားတာ ၾကက္ဥတစ္လုံးက်ပ္ ၅၀၀ ခန႔္ထိျဖစ္ခဲ့တယ္။ အခုက်ေတာ့ ၾကက္ဥ၊ ဘဲဥဝယ္လို႔ေတာင္မရေတာ့ဘူး” ဟု ကိုေဇာ္လႈိင္ထြန္းကေျပာသည္။
ေဆးပစၥည္းမ်ားမွာလည္း လက္ရွိေဆးဆိုင္မ်ားပိတ္ထားသည့္အတြက္ ဝယ္ယူမရေသာေၾကာင့္ ေဒသခံမ်ားအခက္အခဲျဖစ္ေနေၾကာင္းကို ယင္းကထပ္မံေျပာၾကားခဲ့သည္။
Post a Comment