(Unicode)

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဖွင့်ကာ မိဘမဲ့ကလေးငယ်တွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မနေ့က သမီးလေးတစ်ယောက်ထပ်မံရရှိခဲ့ပါတယ်။ နေရာအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကြောင့် ကလေးငယ်(၃၄)ယောက် မှာပဲ ရပ်ထားပြီး


ထပ်ပြီးလက်မခံဖို့ ဆုံးဖြတ်ထားတဲ့မေမေခိုင်နှင်းဝေကတော့ ကိုယ်တိုင်လာပေးတဲ့ မိခင်တစ်ယောက်ကြောင့် မလွှဲသာမရှောင်သာ သမီးလေးတစ်ယောက် ထပ်မံမွေးစားခဲ့ရတယ်လို့ ဆိုရမှာပါ။


ဒီနေ့မှာတော့ ဒီသမီးအသစ်လေးအတွက် နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ မိသားစုလေးက သုံးသိန်းလာရောက်လှူဒါန်းပေးခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ကတော့ ကိုယ်တိုင်လည်း ရင်သွေးလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်သလို ခိုင်နှင်းဝေဂေဟာက ကလေးတွေအတွက်လည်း စာနာစိတ်နဲ့ မကြာခဏဆိုသလို လှူဒါန်းပေးလေ့ရှိသူတွေပါ ပရိသတ်ကြီးရေ…


စိတ်ထားပြည့်ဝပြီး ချစ်ဖို့ကောင်းတဲ့အောင်သူတို့ဇနီးမောင်နှံရဲ့ အလှူလေးကိုတော့ ခိုင်နှင်းဝေက ” သမီးအသစ်ကလေး အတွက် သားသမီးချင်းကိုယ်ချင်းစာနာပြီး မိခင်စိတ်အပြည့်နဲ့ ကျွန်မ ပရဟိတမှာရော ကလေးတွေအတွက် အမြဲလှူပေးတဲ့အတွက် သာဓုခေါ်ပါတယ်” ဆိုပြီး အလှူလေးကို သာဓုခေါ်ဆိုကာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။။


(Zawgyi)


ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာဖြင့္ကာ မိဘမဲ့ကေလးငယ္ေတြကို ရင္အုပ္မကြာေစာင့္ေရွာက္ေပးေနတဲ့ ခိုင္ႏွင္းေဝကေတာ့ မေန႔က သမီးေလးတစ္ေယာက္ထပ္မံရရွိခဲ့ပါတယ္။ ေနရာအခက္အခဲနဲ႔ ကုန္က်စရိတ္ေတြေၾကာင့္ ကေလးငယ္(၃၄)ေယာက္ မွာပဲ ရပ္ထားၿပီး



ထပ္ၿပီးလက္မခံဖို႔ ဆုံးျဖတ္ထားတဲ့ေမေမခိုင္ႏွင္းေဝကေတာ့ ကိုယ္တိုင္လာေပးတဲ့ မိခင္တစ္ေယာက္ေၾကာင့္ မလႊဲသာမေရွာင္သာ သမီးေလးတစ္ေယာက္ ထပ္မံေမြးစားခဲ့ရတယ္လို႔ ဆိုရမွာပါ။


ဒီေန႔မွာေတာ့ ဒီသမီးအသစ္ေလးအတြက္ ႏိုင္ငံေက်ာ္ေဘာလုံးသမားေအာင္သူနဲ႔ သ႐ုပ္ေဆာင္ပိုးအိအိခန္႔တို႔ မိသားစုေလးက သုံးသိန္းလာေရာက္လႉဒါန္းေပးခဲ့ေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ ေအာင္သူနဲ႔ ပိုးအိအိခန္႔တို႔ကေတာ့ ကိုယ္တိုင္လည္း ရင္ေသြးေလးတစ္ေယာက္ပိုင္ဆိုင္ေနၿပီျဖစ္သလို ခိုင္ႏွင္းေဝေဂဟာက ကေလးေတြအတြက္လည္း စာနာစိတ္နဲ႔ မၾကာခဏဆိုသလို လႉဒါန္းေပးေလ့ရွိသူေတြပါ ပရိသတ္ႀကီးေရ…


စိတ္ထားျပည့္ဝၿပီး ခ်စ္ဖို႔ေကာင္းတဲ့ေအာင္သူတို႔ဇနီးေမာင္ႏွံရဲ႕ အလႉေလးကိုေတာ့ ခိုင္ႏွင္းေဝက ” သမီးအသစ္ကေလး အတြက္ သားသမီးခ်င္းကိုယ္ခ်င္းစာနာၿပီး မိခင္စိတ္အျပည့္နဲ႔ ကြၽန္မ ပရဟိတမွာေရာ ကေလးေတြအတြက္ အၿမဲလႉေပးတဲ့အတြက္ သာဓုေခၚပါတယ္” ဆိုၿပီး အလႉေလးကို သာဓုေခၚဆိုကာ မွ်ေဝေပးခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။။

Credit San Kyi Par

Post a Comment

Previous Post Next Post