(Unicode)

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေး ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာ ရရှိထားပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်

ခြူးလေးက ဇာတ်လမ်းတွဲတွေမှာ စတင် သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီးပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် သူမ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ က အကြိုက်တွေ့နေတာလည်း ဖြစ်ပါတယ်



လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ် ရောဂါကူးစပ်ပြန့်ပွားနေတဲ့ ကိစ္စလေးတွေကြောင့် ကားရိုက်တွေကို ရပ်နားထားရတဲ့ ခြူးလေးက လာရောက် ကမ်းလှမ်းတဲ့ ကြော်ငြာလေးတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူး ပေးနေတာလည်းဖြစ်ပါတယ်

သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခဏဆိသလို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ ခြူးလေး ယနေ့မှာလည်း မွန်မြတ်တဲ့ အလှူဒါန တစ်ခုပြုလုပ်ခဲ့တဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်



ခြူးလေးက ဒီကနေ့ ဩဂုတ်လ (၂၇) ရက်နေ့တွင် ရန်ကုန်အလိုတော်ပြည့် ဘုန်းကြီးကျောင်းတိုက် မှ သံဃာတော်များအား ကျန်းမာရေးသုံး Mask များ လှူဒါန်းခဲ့ကြပါတယ် ရခိုင် ဒေသအတွင်း ဖြစ်ပွားနေသော COVID-19 ရောဂါပိုး ကာကွယ် တားဆီးရေးမှာ

လိုအပ်တဲ့ ပိုးသတ်ဆေးဖြန်းစက် (၅)လုံးဝယ်ယူနိုင်ရန် အတွက် ခြူးလေး က ငွေကျပ် (၇) သိန်း လှူဒါန်းခဲ့ပါတယ်ရှင့် အစစအရာရာ အတွက် လိုက်ပါကူညီးပေးတဲ့



သူငယ်ချင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ် ရှင့် ဆိုပြီး သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်

Crd မူရင်းရေးသားသူ

(Zawgyi)














Crd မူရင်းရေးသားသူ

Post a Comment

Previous Post Next Post