(Zawgyi)


လိပ္ သိုၿမိဳ႕တြင္ ကို ဗစ္ေ ထာက္ပံ့ေငြ အျပည့္မေပး သည့္ ေက်း႐ြာ အုပ္စုအုပ္ ခ်ဳပ္ေရး မႉး တိုင္ၾကားခံရ

က ရင္ျပည္န ယ္၊ လိပ္သိုၿမိဳ႕၊ ရွမ္းလယ္ျပင္ေက်း႐ြာအုပ္စုမွာ ပုံမွန္ဝင္ေငြမရွိတဲ့ အ‌ေျခခံလူတန္းစားေတြအတြက္ ႏိုင္ငံေတာ္ကေပးအပ္တဲ့ ကိုဗစ္ေထာက္ပံ့ေငြေတြကို ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးက ျပည့္ျပည့္ဝဝျပန္လည္ မေပးအပ္တဲ့အတြက္ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးထံ တင္ျပတိုင္ၾကားထားပါတယ္။ ရွမ္းလယ္ျပင္ေက်း႐ြာအုပ္စုအတြင္းမွာ ႏိုင္ငံေတာ္က ေပးအပ္တဲ့ေထာက္ပံ့ေငြထဲက တစ္အိမ္ေထာင္ကို ေငြက်ပ္ ၁၀၀၀ အျပင္ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြကို ေထာက္ပံ့ေပးအပ္ေငြထဲက ႐ြာသားတစ္ဦးကို က်ပ္ ၅၀၀၀ ႏႈန္းေကာက္ခံခဲ့လို႔ တိုင္ၾကားထားတာလို႔ သံေတာင္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) ကရင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေဂ်ေအဝင္းျမင့္က ေျပာပါတယ္။



“အုပ္ခ်ဳပ္ေရး နဲ႔ပတ္သက္လာလို႔ သူတို႔ကိုတိုင္ၾကားစာပို႔တယ္။ သူရဲ႕ ေအာက္ေျခဝန္ထမ္းေတြ ကို ဆက္လက္အေရးယူမလား။ မယူဘူးလားဆိုတာ ေမးထားတာရွိတယ္။ တကယ္လို အေရးမယူဘူးဆိုရင္ တဆင့္တဆင့္တက္သြားမွာ” တိုင္ၾကားစာနဲ႔ပတ္သက္ၿပီး ေခၚယူစစ္ေဆးမႈေတြ ေဆာင္႐ြက္ေနသလို႔ စစ္ေဆးေပၚေပါက္ခဲ့ ရင္ အေရးယူေဆာင္႐ြက္တဲ့အပိုင္းကို ၿမိဳ႕နယ္က ေဆာင္႐ြက္သြားမယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။ လိပ္သိုၿမိဳ႕၊ အုပ္ခ်ဳပ္ေရးမႉး ဦးေစာျမတ္ေက်ာ္က “အခုလက္ရွိ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕ၿပီးေတာ့ေဆာင္႐ြက္ဖို႔ရွိတယ္။ ေလာေလာဆယ္ သူ႔ကို ကနဦးစစ္ေဆးခ်က္ေတြ ယူထားတယ္။ တိုင္ၾကားသူေတြကိုလည္း စစ္ဖို႔ရွိတယ္။ အေရးယူတာကေတာ့ က်ေနာ္တို႔က ၿမိဳ႕အဆင့္ျဖစ္ေတာ့ သံေတာင္ႀကီးၿမိဳ႕နယ္ကို ဆက္သြယ္ေမးျမန္းမွရမယ္”လို႔ ေျပာပါတယ္။



ရွမ္းလယ္ျပင္ေက်း႐ြာအုပ္စုအတြင္းမွာ ေက်း႐ြာေပါင္း ၁၈ ႐ြာရွိၿပီး ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစား အိမ္ေျခေပါင္း ၄၀၀ အတြက္ က်ပ္သိန္းေပါင္း ၈၀ ထဲက တစ္အိမ္ေထာင္ကို က်ပ္ ၁၀၀၀ ႏႈန္းနဲ႔ ျဖတ္ေတာက္ေကာက္ခံတယ္လို႔ ပဆိုါတယ္။ အလားတူ ႏိုင္ငံေတာ္ကကိုယ္ဝန္ေဆာင္မိခင္နဲ႔ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးျမႇင့္တင္ဖို႔ ေထာက္ပံ့ေပးအပ္ေငြ ၃၀၀၀၀ က်ပ္ကေန တစ္ဦးကို ၅၀၀၀ ႏႈန္း ေကာက္ခံခဲ့သလို လူကယ္ျပန္ဌာနက ေထာက္ပံ့ေၾကးရရွိသူ စာရင္းေတာင္းခံရမွာလည္း ဒီကေန႔အထိ ေပးအပ္တာမရွိဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

၂၀၁၉ ေမလ ၂၃ ရက္ေန႔က ဘားအံၿမိဳ႕၊ ဇြဲကပင္ခန္းမမွာျပဳလုပ္တဲ့ ႏိုင္ငံေတာ္က ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြအတြက္ ဒုတိယအႀကိမ္ေထာက္ပံ့ေငြ ေပးအပ္ပြဲအခမ္းအနားမွာ ေထာက္ပံ့ေပးအပ္ေငြနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူေတြက ျပည့္ျပည့္ဝဝ ျပန္လည္မေပးအပ္ရင္ ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္မယ္လို႔ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေျပာၾကားထားပါတယ္။

ဒီဗြီဘီ

(Unicode)


လိပ် သိုမြို့တွင် ကို ဗစ်ေ ထာက်ပံ့ငွေ အပြည့်မပေး သည့် ကျေးရွာ အုပ်စုအုပ် ချုပ်ရေး မှူး တိုင်ကြားခံရ

က ရင်ပြည်န ယ်၊ လိပ်သိုမြို့၊ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အ‌ခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ကပေးအပ်တဲ့ ကိုဗစ်ထောက်ပံ့ငွေတွေကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြည့်ပြည့်ဝဝပြန်လည် မပေးအပ်တဲ့အတွက် မြို့အုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်ကြားထားပါတယ်။ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းမှာ နိုင်ငံတော်က ပေးအပ်တဲ့ထောက်ပံ့ငွေထဲက တစ်အိမ်ထောင်ကို ငွေကျပ် ၁၀၀၀ အပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ပေးအပ်ငွေထဲက ရွာသားတစ်ဦးကို ကျပ် ၅၀၀၀ နှုန်းကောက်ခံခဲ့လို့ တိုင်ကြားထားတာလို့ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်က ပြောပါတယ်။



“အုပ်ချုပ်ရေး နဲ့ပတ်သက်လာလို့ သူတို့ကိုတိုင်ကြားစာပို့တယ်။ သူရဲ့ အောက်ခြေဝန်ထမ်းတွေ ကို ဆက်လက်အရေးယူမလား။ မယူဘူးလားဆိုတာ မေးထားတာရှိတယ်။ တကယ်လို အရေးမယူဘူးဆိုရင် တဆင့်တဆင့်တက်သွားမှာ” တိုင်ကြားစာနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမှုတွေ ဆောင်ရွက်နေသလို့ စစ်ဆေးပေါ်ပေါက်ခဲ့ ရင် အရေးယူဆောင်ရွက်တဲ့အပိုင်းကို မြို့နယ်က ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ လိပ်သိုမြို့၊ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က “အခုလက်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ဆောင်ရွက်ဖို့ရှိတယ်။ လောလောဆယ် သူ့ကို ကနဦးစစ်ဆေးချက်တွေ ယူထားတယ်။ တိုင်ကြားသူတွေကိုလည်း စစ်ဖို့ရှိတယ်။ အရေးယူတာကတော့ ကျနော်တို့က မြို့အဆင့်ဖြစ်တော့ သံတောင်ကြီးမြို့နယ်ကို ဆက်သွယ်မေးမြန်းမှရမယ်”လို့ ပြောပါတယ်။



ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းမှာ ကျေးရွာပေါင်း ၁၈ ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ခြေပေါင်း ၄၀၀ အတွက် ကျပ်သိန်းပေါင်း ၈၀ ထဲက တစ်အိမ်ထောင်ကို ကျပ် ၁၀၀၀ နှုန်းနဲ့ ဖြတ်တောက်ကောက်ခံတယ်လို့ ပဆိုါတယ်။ အလားတူ နိုင်ငံတော်ကကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြှင့်တင်ဖို့ ထောက်ပံ့ပေးအပ်ငွေ ၃၀၀၀၀ ကျပ်ကနေ တစ်ဦးကို ၅၀၀၀ နှုန်း ကောက်ခံခဲ့သလို လူကယ်ပြန်ဌာနက ထောက်ပံ့ကြေးရရှိသူ စာရင်းတောင်းခံရမှာလည်း ဒီကနေ့အထိ ပေးအပ်တာမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

၂၀၁၉ မေလ ၂၃ ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ နိုင်ငံတော်က ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားမှာ ထောက်ပံ့ပေးအပ်ငွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြည့်ပြည့်ဝဝ ပြန်လည်မပေးအပ်ရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

ဒီဗွီဘီ

Post a Comment

Previous Post Next Post