(Unicode)
Hip Hop အဆိုတော်ကျော်ထွဋ်ဆွေ နဲ့ မော်ဒယ်လ်သရုပ်ဆောင် နန်းသူဇာတို့ကတော့မြန်မာနိုင်ငံရဲ့ ဆယ်လီစုံတွဲတစ်တွဲပါ။ အမြဲပျော်ပျော်နေတတ်ပြီး တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိတဲ့ပုံစံတွေကြောင့် ပရိသတ်တွေအားကျရဲ့စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။အခုအခါမှာတော့ နားလည်မှုတွေအပြည့်နဲ့တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ကိုးနှစ်နဲ့ငါးလ ပြည့်မြောက်ခဲ့ပါပြီလို့သိရပါတယ်။
ဒီအကြောင်းကိုကျော်ထွဋ်ဆွေက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ပို့စ်တစ်ခုတင်ပြီးရေးသားထားတာပါ။” Relationshipတစ်ခု ရေရှည် တည်မြဲဖို့ဆိုတာ စကားအတည်ကြီးတွေ သိပ်မပြောဘဲ တစ်ဦးကိုတစ်ဦး မျက်ခွက်ပြောင်နေဖို့ပဲ လိုပါတယ်။ Happy 9Yrs5mths ” ဆိုပြီး ဝေမျှခဲ့ပါတယ်။သရုပ်ဆောင်နန်းသူဇာကလည်းအဆိုပါပို့စ်ရဲ့အောက်မှာ “ဟုတ် မျက်နှာ လဲ ပြောင်တယ်။နဖူးလဲပြောင်ပါတယ်။အဲတော့ ပိုချစ်ပါကွယ် ” လို့ c omment ဝင်ရောက်ရေးသားပြီးအရွှန်းဖောက်ခဲ့ပါသေးတယ်။
သူတို့နှစ်ဦးဟာ ငယ်စဉ်ကတည်းက ချစ်ခဲ့ကြပြီး လက်ရှိအချိန်ထိလည်း သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့ကြတာ တကယ်ကိုအားကျစရာ ပါပဲ။ အချိန်တွေပိုပြီး ကြာလာလေလေ အချစ်တွေပိုပြီး တိုးလာလေလေဆိုတာတော့ ငြင်းမရပါဘူး ပရိတ်သတ်ကြီးရေ။
Mg Kaung
(Zawgyi)
Mg Kaung
Post a Comment
Previous Post Next Post