(Zawgyi)

ဆ ရာမ မ်ား က်ဴရွင္မသင္ ရန္ ခံဝန္ထိုးထားရၿပီး၊ သင္ပါက ကိုဗစ္ဥပေဒနဲ႔ ေထာင္ (၆) လ ခ်မ ည္

ကိုဗစ္ ကာလမတိုင္မီအခ်ိန္က က်ဴရွင္သင္တဲ့ အေပၚ တိုင္ၾကားမႈေတြနဲ႔ပတ္သက္ၿပီး ကနဦး စုံစမ္းစစ္ေဆးေရးျပဳလုပ္ၿပီး ဌာနဆိုင္ရာ စုံစမ္းစစ္ေဆးေရး အဆင့္ဆင့္ျပဳလုပ္ကာ အေရးယူေနတာျဖစ္ပါတယ္။ ျပစ္ဒဏ္ကိုေတာ့ က်ဴးလြန္တဲ့ လုပ္ရပ္အေပၚမူတည္ခ်မွတ္တာျဖစ္ ၿပီး ေက်ာင္းသားအခ်င္းခ်င္း ခြဲျခားဆက္ဆံတာ၊ က်ဴရွင္သင္တာ မွန္ကန္ရင္ ကနဦး အျဖစ္စာနဲ႔သတိေပးၿပီး ထပ္မံက်ဴးလြန္ခဲ့ရင္ျဖစ္ေစ၊ ေက်ာင္းသူေက်ာင္းသားအေပၚ ျပင္းထန္တဲ့လုပ္ရပ္တစ္ခုခုလုပ္ခဲ့ရင္ ရာထူးေလၽွာ့ျခင္း ၊ ႏွစ္တိုးရပ္ျခင္း ၊ ေနရာေျပာင္းျခင္းစတဲ့ ျပစ္ဒဏ္ ေတြခ်မွတ္တယ္လို႔သိရပါတယ္။


က်ဴရွင္သင္တဲ့အေပၚ ဌာနဆိုင္စုံစမ္း စစ္ေဆးေရးအဆင့္ဆင့္ျပဳလုပ္ကာ အေရးယူေနတာျဖစ္ပါတယ္။ ေက်ာင္းခ်ိန္ျပင္ပမွာ က်ဴရွင္သင္ ၾကားတဲ့ ပညာေရးဝန္ထမ္းေက်ာင္းဆရာ/ဆရာမေတြကို ကိုဗစ္ကာလထုတ္ျပန္ညႊန္ၾကားခ်က္နဲ႔ အညီသဘာဝေဘးအႏၲရာယ္ကာကြယ္ တားဆီးေရးဥပေဒအရ အေရးယူသြားမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာနက သိရပါတယ္။ ေက်ာင္းအုပ္ေတြအေနနဲ႔လည္း သက္ဆိုင္ရာ ပညာေရးဝန္ထမ္းဆရာ/ဆရာမေတြ က်ဳရွင္သင္ၾကားပါက သဘာဝေဘးအႏၲရာယ္ကာကြယ္တားဆီးေရး ဥပေဒအရ အေရးယူျခင္း ခံရမယ့္ဆိုတာကို သိရွိၿပီးလိုက္နာ ေဆာင္ရြက္မယ့္အေၾကာင္း ဝန္ခံကတိ လက္မွတ္ေရးထိုးရမွာ ျဖစ္ပါတယ္။



သိရွိလိုက္နာမည္ ျဖစ္ေၾကာင္းကိုေတာ့ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးကို ျပန္လည္ေပးပို႔ရမယ္လို႔သိရပါတယ္။ က်ဴရွင္ ျပႆနာက အဓိကၿမိဳ႕ႀကီးေတြ မွာျဖစ္တယ္။ ပမာဏကို ၾကည့္မယ္ဆိုရင္ ေတာကနည္းတယ္။ ရန္ကုန္ဆိုတိုင္စာေရာက္တယ္ ေက်ာင္း သားကို က်ဴရွင္မတက္လို႔ဆိုၿပီး တိုင္စာတက္တယ္။ အဲ့ဒါမ်ိဳးေတြ အေရးယူရတယ္။ ပညာေရးဝန္ႀကီးဌာန ကေတာ့ က်ဴရွင္သင္တာကို အားမေပးပါဘူး။ က်ဴရွင္မတက္လို႔ ခြဲျခားဆက္ဆံတယ္ သင္ၾကားရမယ့္ဟာေတြကို မသင္ၾကားေပးဘူး လုပ္တယ္ဆိုၿပီး မိဘက တိုင္ၾကားလာ ရင္ အေရးယူတာေတြရွိတယ္။ ခုလည္းရွိတယ္။ ခုကိုဗစ္ကာလမွာေတာ့ ပိုတင္းၾကပ္လိုက္ တာျဖစ္တယ္။”လို႔။

အေျခခံပညာဦးစီးဌာနက ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။ က်ဴရင္ ျပႆနာဟာ ေက်းလက္ေတာရြာေတြမွာ အရင္ကထက္ ေလ်ာ့နည္းသြားေပမယ့္ ၿမိဳ႕ႀကီးျဖစ္တဲ့ ရန္ကုန္အပါအဝင္ မႏၲေလး ၊ ခရိုင္အလိုက္ ၿမိဳ႕နယ္ေတြမွာေတာ့ခုခ်ိန္ အထိ မေပ်ာက္ေသး ဘူးလို႔ ဆိုပါတယ္။ “က်ဴရွင္ကို အားေပးတာေတာ့မဟုတ္ဘူး။ ဒါ ေပမယ့္ ခုက ကိုဗစ္ျဖစ္ေတာ့ ေက်ာင္းကလည္း မဖြင့္ေသးဘူး။ ဆရာမက လည္းက်ဴရွင္ဖြင့္ေနၿပီ ကေလးေတြက တက္ခ်င္ေနေတာ့ ထားလိုက္ တယ္။တစ္လကို ၅၀၀၀ ေပးရတယ္။ အန္တီေျမးေလးက ၄ တန္း တက္ရမွာပါ။”လို႔ ျပည္ၿမိဳ႕နယ္ ေက်းရြာတစ္ခုမွ ေဒၚသန္းသန္း ကေျပာပါတယ္။


(Unicode)


ဆ ရာမ များ ကျူရှင်မသင် ရန် ခံဝန်ထိုးထားရပြီး၊ သင်ပါက ကိုဗစ်ဥပဒေနဲ့ ထောင် (၆) လ ချမ ည်

ကိုဗစ် ကာလမတိုင်မီအချိန်က ကျူရှင်သင်တဲ့ အပေါ် တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကိုတော့ ကျူးလွန်တဲ့ လုပ်ရပ်အပေါ်မူတည်ချမှတ်တာဖြစ် ပြီး ကျောင်းသားအချင်းချင်း ခွဲခြားဆက်ဆံတာ၊ ကျူရှင်သင်တာ မှန်ကန်ရင် ကနဦး အဖြစ်စာနဲ့သတိပေးပြီး ထပ်မံကျူးလွန်ခဲ့ရင်ဖြစ်စေ၊ ကျောင်းသူကျောင်းသားအပေါ် ပြင်းထန်တဲ့လုပ်ရပ်တစ်ခုခုလုပ်ခဲ့ရင် ရာထူးလျှော့ခြင်း ၊ နှစ်တိုးရပ်ခြင်း ၊ နေရာပြောင်းခြင်းစတဲ့ ပြစ်ဒဏ် တွေချမှတ်တယ်လို့သိရပါတယ်။


ကျူရှင်သင်တဲ့အပေါ် ဌာနဆိုင်စုံစမ်း စစ်ဆေးရေးအဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ ကျောင်းချိန်ပြင်ပမှာ ကျူရှင်သင် ကြားတဲ့ ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမတွေကို ကိုဗစ်ကာလထုတ်ပြန်ညွှန်ကြားချက်နဲ့ အညီသဘာဝဘေးအန္တရာယ်ကာကွယ် တားဆီးရေးဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။ ကျောင်းအုပ်တွေအနေနဲ့လည်း သက်ဆိုင်ရာ ပညာရေးဝန်ထမ်းဆရာ/ဆရာမတွေ ကျုရှင်သင်ကြားပါက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဥပဒေအရ အရေးယူခြင်း ခံရမယ့်ဆိုတာကို သိရှိပြီးလိုက်နာ ဆောင်ရွက်မယ့်အကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။



သိရှိလိုက်နာမည် ဖြစ်ကြောင်းကိုတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ မြို့နယ်ပညာရေးမှူးရုံးကို ပြန်လည်ပေးပို့ရမယ်လို့သိရပါတယ်။ ကျူရှင် ပြဿနာက အဓိကမြို့ကြီးတွေ မှာဖြစ်တယ်။ ပမာဏကို ကြည့်မယ်ဆိုရင် တောကနည်းတယ်။ ရန်ကုန်ဆိုတိုင်စာရောက်တယ် ကျောင်း သားကို ကျူရှင်မတက်လို့ဆိုပြီး တိုင်စာတက်တယ်။ အဲ့ဒါမျိုးတွေ အရေးယူရတယ်။ ပညာရေးဝန်ကြီးဌာန ကတော့ ကျူရှင်သင်တာကို အားမပေးပါဘူး။ ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုပြီး မိဘက တိုင်ကြားလာ ရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ ခုကိုဗစ်ကာလမှာတော့ ပိုတင်းကြပ်လိုက် တာဖြစ်တယ်။”လို့။

အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ကျူရင် ပြဿနာဟာ ကျေးလက်တောရွာတွေမှာ အရင်ကထက် လျော့နည်းသွားပေမယ့် မြို့ကြီးဖြစ်တဲ့ ရန်ကုန်အပါအဝင် မန္တလေး ၊ ခရိုင်အလိုက် မြို့နယ်တွေမှာတော့ခုချိန် အထိ မပျောက်သေး ဘူးလို့ ဆိုပါတယ်။ “ကျူရှင်ကို အားပေးတာတော့မဟုတ်ဘူး။ ဒါ ပေမယ့် ခုက ကိုဗစ်ဖြစ်တော့ ကျောင်းကလည်း မဖွင့်သေးဘူး။ ဆရာမက လည်းကျူရှင်ဖွင့်နေပြီ ကလေးတွေက တက်ချင်နေတော့ ထားလိုက် တယ်။တစ်လကို ၅၀၀၀ ပေးရတယ်။ အန်တီမြေးလေးက ၄ တန်း တက်ရမှာပါ။”လို့ ပြည်မြို့နယ် ကျေးရွာတစ်ခုမှ ဒေါ်သန်းသန်း ကပြောပါတယ်။

Post a Comment

Previous Post Next Post