(Unicode)

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၃၀ ရက်) နံနက် ၈ နာရီနာရီထုတ်ပြန်ချက်တွင် ပါဝင်လာသော ကိုဗစ်အတည်ပြု လူနာ (၃) ဦးတွင် ယာဉ်မောင်းတစ်ဦးနှင့်အရောင်း စာရေးလုပ် ကိုင်နေသူတစ်ဦး ပါဝင်ပြီး ကျန်တစ်ဦးမှာ အိမ်ယာမဲ့ဖြစ်ကာ ရပ်ကွက် ကင်းတဲတွင် နေထိုင်သူ ဖြစ်ကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြုသည်။

ကိုဗစ်လူနာအမှတ် (၇၄၀) အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသည် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် နေထိုင်သူဖြစ်ပြီး၊ လူနာအမှတ် (၇၄၂) အသက် ၂၅ နှစ်အရွယ်နှင့် လူနာအမှတ် (၇၄၃) အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်းတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။



“အမျိုးသားတစ်ဦးက ကုမ္ပဏီတစ်ခုမှာ ကားမောင်းတယ်လို့ပြောတယ်။ ကောင်မလေးကတော့ ဆိုင်တစ် ဆိုင်မှာ အရောင်းစာရေးမပေါ့။ တစ်ယောက်က အိမ်ခြေမဲ့ဆိုတာက အိုးပိုင် အိမ်ပိုင် မရှိဘူးပေါ့ ။ ကင်းတဲမှာ နေတဲ့ တစ်ယောက် ပေါ့နော်။ သူတို့က ရက်ပိုင်းအတွင်းမှာ အင်းစိန်ဆေးရုံကို ရောက်လာကြတာဖြစ်ပြီး စောင့်ကြည့်လူနာ အဖြစ်နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟု ဦးဝေဖြိုးဟန်က ပြောသည်။



အဆိုပါ ကိုဗစ်အတည်ပြု လူနာများသည် ပြည်ပသို့ ခရီးသွားလာမှု ရာဇဝင်မရှိ ၊ ရောဂါပိုးရှိသူ နှင့် ဆက်စပ်မှုများ မရှိဘဲ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။



ပိုးတွေ့နေထိုင်သူများ၏ လမ်းသွယ်နှင့် ဆိုင်အား Lock down ပြုလုပ်ခဲ့ပြီး အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စူပါဆန်ဒေးပါရဟိတအဖွဲ့တို့မှ ပိုးသတ်ဆေးဖြန်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များရုံး၊ အင်းစိန်မြို့နယ်(ပြန်ကြားရေး)၏ ထုတ်ပြန်ချက်အရသိရသည်။



လက်ရှိတွင် ထိုကိုဗစ်အတည်ပြုလူနာများ နှင့် ဆက်စပ်သူများကို စာရင်းပြုစုထားသည့်မှာ ၃၀ ဦးခန့် ရှိပြီး တိုင်းကျန်းမားရေးဌာန အစီအစဉ်ဖြင့် ကွာရတင်းစင်တာ ပို့ဆောင်သွားမည်ဖြစ်သည်။


(Zawgyi)


က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ ယေန႔ (ၾသဂုတ္လ ၃၀ ရက္) နံနက္ ၈ နာရီနာရီထုတ္ျပန္ခ်က္တြင္ ပါဝင္လာေသာ ကိုဗစ္အတည္ျပဳ လူနာ (၃) ဦးတြင္ ယာဥ္ေမာင္းတစ္ဦးႏွင့္အေရာင္း စာေရးလုပ္ ကိုင္ေနသူတစ္ဦး ပါဝင္ၿပီး က်န္တစ္ဦးမွာ အိမ္ယာမဲ့ျဖစ္ကာ ရပ္ကြက္ ကင္းတဲတြင္ ေနထိုင္သူ ျဖစ္ေၾကာင္း တိုင္းေဒသႀကီးလြတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က အတည္ျပဳသည္။

ကိုဗစ္လူနာအမွတ္ (၇၄၀) အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ ႐ြာမအေနာက္ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမႀကီးေပၚတြင္ ေနထိုင္သူျဖစ္ၿပီး၊ လူနာအမွတ္ (၇၄၂) အသက္ ၂၅ ႏွစ္အ႐ြယ္ႏွင့္ လူနာအမွတ္ (၇၄၃) အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသားႏွစ္ဦးမွာ ေအာင္ဆန္းရပ္ကြက္၊ သစၥာဝါဒီလမ္းတြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။



“အမ်ိဳးသားတစ္ဦးက ကုမၸဏီတစ္ခုမွာ ကားေမာင္းတယ္လို႔ေျပာတယ္။ ေကာင္မေလးကေတာ့ ဆိုင္တစ္ ဆိုင္မွာ အေရာင္းစာေရးမေပါ့။ တစ္ေယာက္က အိမ္ေျခမဲ့ဆိုတာက အိုးပိုင္ အိမ္ပိုင္ မရွိဘူးေပါ့ ။ ကင္းတဲမွာ ေနတဲ့ တစ္ေယာက္ ေပါ့ေနာ္။ သူတို႔က ရက္ပိုင္းအတြင္းမွာ အင္းစိန္ေဆး႐ုံကို ေရာက္လာၾကတာျဖစ္ၿပီး ေစာင့္ၾကည့္လူနာ အျဖစ္နဲ႔ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္” ဟု ဦးေဝၿဖိဳးဟန္က ေျပာသည္။



အဆိုပါ ကိုဗစ္အတည္ျပဳ လူနာမ်ားသည္ ျပည္ပသို႔ ခရီးသြားလာမႈ ရာဇဝင္မရွိ ၊ ေရာဂါပိုးရွိသူ ႏွင့္ ဆက္စပ္မႈမ်ား မရွိဘဲ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာမ်ား ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။



ပိုးေတြ႕ေနထိုင္သူမ်ား၏ လမ္းသြယ္ႏွင့္ ဆိုင္အား Lock down ျပဳလုပ္ခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္ၾကက္ေျခနီတပ္ဖြဲ႕ႏွင့္ စူပါဆန္ေဒးပါရဟိတအဖြဲ႕တို႔မွ ပိုးသတ္ေဆးျဖန္းျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံး၊ အင္းစိန္ၿမိဳ႕နယ္(ျပန္ၾကားေရး)၏ ထုတ္ျပန္ခ်က္အရသိရသည္။



လက္ရွိတြင္ ထိုကိုဗစ္အတည္ျပဳလူနာမ်ား ႏွင့္ ဆက္စပ္သူမ်ားကို စာရင္းျပဳစုထားသည့္မွာ ၃၀ ဦးခန႔္ ရွိၿပီး တိုင္းက်န္းမားေရးဌာန အစီအစဥ္ျဖင့္ ကြာရတင္းစင္တာ ပို႔ေဆာင္သြားမည္ျဖစ္သည္။

Post a Comment

Previous Post Next Post