(Zawgyi)







REF: ပြည်မြန်မာ

(Unicode)


သူရဦးရွှေမန်းတည်ထောင်ထားသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီUBP ပါတီအနေဖြင့် မြို့နယ်ပေါင်း ၂၆၀ ကျော်တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းပေါင်း ၉၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း လည်း သိရသည်။

နိုဝ်ဘာလတွင် ကျင်းပတော့မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း သူ့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ဥက္ကဌ သူရဦးရွှေမန်းက ယနေ့(ဩဂုတ်လ ၈) ရက်တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်း လင်းပွဲက တစ်ဆင့် ပြောကြားလိုက်ကြောင်း သိရသည်။

ဘာကြောင့်လဲဆိုတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားတဲ့ မြို့နယ်သုံးလေးခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများစွာ ပေါ်ပေါက်လာပါတယ်။ အဲဒါတွေကို သေချာလေ့လာသုံးသပ်ပြီး ရပ်ရွာဒေသ တွေမှာရှိကြတဲ့ပုဂ္ဂိုလ်များရဲ့ သဘောထားအရ မိမိက မိမိရွေးချယ်စဉ်းစားထားတဲ့ မြို့နယ်တွေမှာ ဝင်မပြိုင်ခြင်း ဖြစ်ပါတယ်၊

ပါတီဥက္ကဌတစ်ယောက်အနေနဲ့ ပါတီအောင်နိုင်ရေးအတွက် မိမိတစ်ယောက်တည်း အောင်နိုင်ရေးထက် ပါတီအောင်နိုင်ရေးအတွက် အဓိ ကထားစဉ်းစားပြီး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ် “ဟု ၎င်းက ပြောဆိုကြောင်း သိရသည်။

REF: ပြည်မြန်မာ

Post a Comment

Previous Post Next Post