(Unicode)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် က ပြည်သူတွေအနေနဲ့ Stay Home အစီအစဉ်နဲ့နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ကြေညာလိုက်ပါတယ်။

ဒါကြောင့် အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ အိမ်မှာပဲနေထိုင်ရမှာဖြစ်သလို မဖြစ်မနေဈေးဝယ်ထွက်ရင် တစ်ယောက်ထဲသွားဖို့လည်း စည်းကမ်းချက်ထုတ်လိုက်ပါတယ်။

ဒါ့အပြင် ဆေးရုံဆေးခန်းသွားတဲ့အခါ တစ်အိမ်ကို(၂)ယောက်ပဲသွားဖို့ နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်း (Mask)တပ်ဖို့နဲ့ ဝန်ထမ်းကြိုပို့ယာဉ်တွေ ရပ်ကွက်ကျော်လွန်မသွားလာဖို့လည်း စည်းကမ်းချက်တွေမှာ ပါရှိပါတယ်။

အခုအမိန့်တွေကို မလိုက်နာရင်တော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာ ဖြစ်ပြီး အမိန့်ဟာ ဒီနေ့ဩဂုတ်လ (၂၀)ရက်နေ့ ၊ ည(၈)နာရီကနေစပြီး သက်ရောက်မှာ ဖြစ်ပါတယ်။



ဩဂုတ်လ(၁၆)ရက်နေ့ကစပြီး ပြည်တွင်းကူးစက်မှုအဖြစ် စစ်တွေမှာ ကိုဗစ်လူနာ(၉)ယောက်တွေ့လို့ အစိုးရက အခုလို အမိန့်ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

Credit


(Zawgyi)







Credit

Post a Comment

Previous Post Next Post