(Unicode)
အဖြစ်ကတော့ ဒီလိုပါ။ကျွန်တော် တောင်ကြီးကနေ ပြန်လာပါတယ် ဟိုမှာလဲ အေးအေးချမ်း လည်ပတ်ခဲ့ပါတယ်၊ Public နဲ့သုံးတာမို့ ကြည့်နိုင်ပါတယ်၊ရန်ကုန် မန်းလေး အမြန်လမ်း ရန်ကုန်ပြန်တဲ့ဘက် (mile 245 ) မှာ စဖစ်တာပါ၊ ရပ်ပီး အပေါ့လဲ မသွားပါဘူး တောက် လျောက်မောင်းလာတာပါ၊ ၂၄၅ မိုင် လဲရောက်ရော ရုတ်တရက်ကားက ဝိတ်တင်သလို ညိမ့်ခန အိကြသွားပါတယ်၊အာ့ချိန် ကျတော် သတိ ထားမိတာနဲ့ လက်ကဖုန်းကိုယူပီးတရားခွေဖွင့်မလို့ လုပ်တဲ့ချိန်မှာ လတ်တလော လှုပ်ရှားလို့မရတော့သလိုလေးလံသွားပါတယ် … ပီး တော့ တကိုယ်လုံးခေါင်းတွေကြီး ကြက်သီးမွှေးညင်းထပီး နူန်းချိလာပါတယ်။
အသံကလဲ အတော်နဲ့ထွက်မလာသလို တကိုယ်လုံးတုန်နေလာပါတယ်၊အာ့ချိန် နောက်ကနေ လည်ပင်းကို စဆွဲချပါတယ် ကြုံဖူးရင်တော့ သိလာမှာပါ အာ့ခံစားချက်ကို။ လန့်ဖြန့်ပီး နောက်လှည့်ကြည့်တဲ့အခါ နောက်ခန်းမှာ ဆံပင်ဖားလားနဲ့ မိန်းမတယောက် ကားပေါ် (ရိုးရိုး ထိုင်တာမဟုတ်ပဲ) ငုတ်တုတ်ကြီး ထိုင်နေတာတွေ့လိုက်ရပါတယ်၊ (မျက်လုံးထဲ မြင်ကြည့်ကြပါ ဘယ်လိုသေလောက်အောင်သွေးပျက် စေမလဲဆိုတာ)ကျတော် အာ့ကြောင့်ဝူးဝူးဝါးဝါး အော်မိပါတယ်၊ အမေရေ လုပ်ပါအုန်း ကားပေါ်ဘာကြီးလဲဟ ဆိုပိး… တမိနစ်လောက် ပဲ ရှိပါတယ်ကားမောင်းရင်း ရှေ့ကြည့်ရမလို နောက်ကဟာကြီးကလဲ အနောက်မှာ။
ပါလာတော့ ဘာလုပ်ရမာလဲ ဆိုတာ (အာ့ချိန် တကယ့် ငရဲပါ သွေးအပျက်ဆုံး အချိန်ပါ)ရှေ့ကိုကြည့်ရင်း နောက်ဘက်မှန်ကိုလဲကြည့်တော့ ဆံပင်ဖားလျားနဲ့အတိုင်းသားကြိး မြင်နေရတုန်းပါ ၊ ဟွန်းကိုဖိတီး စိတ်ကဘုရားစာရွတ် ဘေးမှာ မုန့်ဆိုင် မီးလေးလဲမြင်တာနဲ့ တခါထဲ ထိုးဆင်း ကားပေါ်ကခုန်ဆင်းပီး ဆိုင်ထဲပြေးကူညီစ တောင်းပါတယ်၊ အာ့ချိန် အသံကလဲလေး လူကလဲ ပျော့ခွေနေပါပီ တကယ့်စိတ်ပျကိ စရာတွေပါ၊ဆိုင်က လူတွေကရေမန်း တွေတိုက် ကားကိုလဲပက် ဘုရားစာတွေ ရွတ် လူလဲမတပ်တောင် မရပ်နိူင်တော့ထိ ဆိုးဆိုးဝါးဝါးကြုံ ခဲ့ ရတာပါ၊ နောက်လူတွေ ခရိးသွားရင် တရားခွေဖွင့်ပါ ဘုရားပုံတော်ချိတ်ဆွဲကြပါနော်ဆိုပြီး မျှဝေထားတာကို ဖော်ပြပေးလိုက်ပါတယ်။
အမြန်လမ်းမှာ ကားပေါ်ကို မကောင်းဆိုးဝါး တက်လာလို့ အကူအညီတောင်းပြီး ကားပေါ်က ဆင်းပြေးခဲ့ရသူရဲ့ အဖြစ်ကို ကာယကံရှင်က အခုလိုမျှဝေထားတာ ဖြစ်ပါတယ် ” ဘဝရဲ့ အမှတ်တရပါ … ဝိုင်းပီးစိတ်ပူပေးကြတဲ့ ညီကိုတွေ အစ စရာ ကူညီပေးကြတဲ့ လုပ်ဖော် ကိုင် ဘက်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ လောဆယ်တော့ မိုင်တိုင် (242.7 ဖာလုံမှာပဲ ရှိနေပါသေးတယ်၊ နေပြည်တော် လူကိုတိုင် ကူ ညီတဲ့ HanNyiHJ ThuYa အကုန့် အကုန်လုံး ကျေးဇူး အထူးတကယ် တင်ပါတယ်။ဖုန်းမကိုင်မိတာရော comm မပြန်နိူင်တာရော ဖြစ် စဉ်အပီးလေးမှာ ခွင့်လွတ်ပေးကြပါနော် … မိတ္ထီလာ ကဆင်းလာတဲ့ အကိုတွေနဲ့ စောင့် ပီးပြန် လိုက်သွားမှာပါ၊
အားလုံး သတိထားရအောင် ဖြစ်စဉ် အသေးစိတ် ခုလိုရေးမှာပါ၊ ပီးတော့ ၂၄၅ မိုင်မှာ လူသူံးယောက် သေထားပါ တယ် ။မိန်းခလေး ကျန်း မာရေး ဝန်ထမ်း နှစ်ယောက် ရပ်ရွာက ယောက်ကျားလေးတယောက်ပါ၊ ကျတော်လို ကြုံသူတွေလဲ ခနခန ဖြစ် တဲ့ကြောင်းကို စခန်းမှူး တွေ ကလဲ ပြောပြထား ပါတယ်၊ အရက်သေစာ မသောက်ထားဘဲ ကားမောင်းခဲ့တာ ဖြစ်ပါတယ်။
Credit to လင်း ခ အိမ်
(Zawgyi)
ပါလာတော့ ဘာလုပ်ရမာလဲ ဆိုတာ (အာ့ချိန် တကယ့် ငရဲပါ သွေးအပျက်ဆုံး အချိန်ပါ)ရှေ့ကိုကြည့်ရင်း နောက်ဘက်မှန်ကိုလဲကြည့်တော့ ဆံပင်ဖားလျားနဲ့အတိုင်းသားကြိး မြင်နေရတုန်းပါ ၊ ဟွန်းကိုဖိတီး စိတ်ကဘုရားစာရွတ် ဘေးမှာ မုန့်ဆိုင် မီးလေးလဲမြင်တာနဲ့ တခါထဲ ထိုးဆင်း ကားပေါ်ကခုန်ဆင်းပီး ဆိုင်ထဲပြေးကူညီစ တောင်းပါတယ်၊ အာ့ချိန် အသံကလဲလေး လူကလဲ ပျော့ခွေနေပါပီ တကယ့်စိတ်ပျကိ စရာတွေပါ၊ဆိုင်က လူတွေကရေမန်း တွေတိုက် ကားကိုလဲပက် ဘုရားစာတွေ ရွတ် လူလဲမတပ်တောင် မရပ်နိုင်တော့ထိ ဆိုးဆိုးဝါးဝါးကြုံ ခဲ့ ရတာပါ၊ နောက်လူတွေ ခရိးသွားရင် တရားခွေဖွင့်ပါ ဘုရားပုံတော်ချိတ်ဆွဲကြပါနော်ဆိုပြီး မျှဝေထားတာကို ဖော်ပြပေးလိုက်ပါတယ်။
Credit to လင်း ခ အိမ်
Post a Comment
Previous Post Next Post