(Zawgyi)


ဒီေန႔ ၾသဂုတ္လ ၅ရက္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိုလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ အလုပ္သမား ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ဦးျမင့္ႏိုင္ ၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရဲ႕ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးထက္ေအာင္တို႔က COVID-19 ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရးကာလတြင္ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားနဲ႔စပ္လ်ဥ္းၿပီး အြန္လိုင္း ေဆြးေႏြးပြဲျပဳလုပ္ခဲ့ၾက ပါတယ္ ။

ငါးႏွစ္မွာမွတစ္ရက္အခ်ိန္ေပးရတဲ့တာဝန္ကိုေက်ပြန္ေအာင္ႏိုင္ငံသားတိုင္းက လုပ္ဖို႔လိုပါတယ္တယ္ လို႔လည္း အတိုင္ပင္ခံက ေျပာခဲ့ပါ ေသးတယ္။လူတို႔ရဲ႕သက္တမ္းကို ႏွစ္၈၀နဲ႔ တြက္ရင္ေတာင္ ဆႏၵမဲေပးပိုင္ခြင့္ အလြန္ဆုံး ၁၂ႀကိမ္သာရွိတဲ့အတြက္ ဒီအခြင့္အေရးကို အသုံး ခ်ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရး အြန္လိုင္း ေဆြးေႏြးပြဲမွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

“ကြၽန္မတြက္တယ္ ။ လူတစ္ေယာက္ရဲ႕ ဘဝမွာ အသက္၁၈ႏွစ္ကေနစၿပီး မဲေပးမယ္ ။ ေ႐ြးေကာက္ပြဲ ကို ၅ႏွစ္ တစ္ႀကိမ္လုပ္မယ္ဆိုရင္ အသက္၈၀အထိ ေနရင္ေတာင္မွ ၁၂ႀကိမ္ပဲ မဲေပးပိုင္ခြင့္ရွိပါတယ္ ။ အဲဒီေတာ့ စဥ္းစားလိုက္မယ္ဆိုရင္ အသက္၈၀အတြင္းမွာ ၁၂ရက္ပဲ ကိုယ့္ႏိုင္ငံရဲ႕ အနာဂတ္အတြက္၊ ကိုယ့္ႏိုင္ငံရဲ႕ တိုးတက္မႈအတြက္ ေ႐ြးေကာက္ပြဲအရလုပ္ပိုင္ခြင့္အရ ၁၂ႀကိမ္ပဲ။ ဒီ၁၂ႀကိမ္မွာ ၁၂ရက္ ေလးကို အသုံးခ်ေစခ်င္တယ္ ။ အေကာင္းဆုံးအသုံးခ်ႏိုင္ေအာင္လည္း ကြၽန္မတို႔အစိုးရက ကူညီေပးဖို႔ ၊ အေျခအေနေတြ စီစဥ္ေပးဖို႔။



တာဝန္ရွိပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္ ။ COVID-19 ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရးကာလမွာ ေ႐ြးေကာက္ပြဲ က်င္းပေအာင္ျမင္ခဲ့တဲ့ စကၤာပူ ၊ ကိုရီးယားႏိုင္ငံေတြလိုပဲ ေ႐ြးေကာက္ပြဲေအာင္ျမင္ဖို႔ဆိုတာ ေငြေၾကးခ်မ္းသာႂကြယ္ဝမႈအေပၚ အေျခမ တည္ဘဲ ျမန္မာႏိုင္ငံသားတို႔ရဲ႕ တာဝန္ ၊ စည္းကမ္း ၊ သစၥာတရားမ်ားနဲ႔ ျပသခ်င္တယ္လို႔ အတိုင္ပင္ခံက ဆိုပါတယ္။အခု ျမန္မာႏိုင္ငံမွာ အခုထိက ကိုဗစ္ကို ထိန္းခ်ဳပ္ႏိုင္တယ္။ ဆက္ၿပီးေတာ့လည္း ဘယ္ေလာက္ ခရီးရွည္ဦးမလဲ မသိဘူး ။

အဲဒီၾကားထဲ ေ႐ြးေကာက္ပြဲက ပါလာေတာ့ ကြၽန္မကေတာ့ ျပည္သူျပည္သားေတြရဲ႕အခြင့္အေရးနဲ႔ တာဝန္အရေရာ ၊ ကြၽန္မတို႔ ႏိုင္ငံရဲ႕ သိကၡာအရေရာ ဒီေ႐ြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္နဲ႔ က်န္းမာေရးအရေရာ လုံလုံၿခဳံၿခဳံက်င္းပႏိုင္တယ္ဆိုတာ ျပခ်င္တယ္ ။ ကြၽန္မ တို႔ရဲ႕ တာဝန္သိမႈ ၊ ကြၽန္မတို႔ရဲ႕ စည္းကမ္းထိန္းသိမ္းမႈ ၊ ကြၽန္မတို႔ရဲ႕ ႏိုင္ငံအေပၚမွာ သစၥာေစာင့္သိမႈ ဒီအေပၚမွာ အေျခခံၿပီး ေအာင္ျမင္ ေအာင္ လုပ္သြားႏိုင္တယ္ဆိုတာ ျပခ်င္ပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္ ။

REF: Daw Aung San Suu Kyi facebook


(Unicode)


ဒီနေ့ သြဂုတ်လ ၅ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့က COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကာလတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနဲ့စပ်လျဉ်းပြီး အွန်လိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြ ပါတယ် ။

ငါးနှစ်မှာမှတစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင်နိုင်ငံသားတိုင်းက လုပ်ဖို့လိုပါတယ်တယ် လို့လည်း အတိုင်ပင်ခံက ပြောခဲ့ပါ သေးတယ်။လူတို့ရဲ့သက်တမ်းကို နှစ်၈၀နဲ့ တွက်ရင်တောင် ဆန္ဒမဲပေးပိုင်ခွင့် အလွန်ဆုံး ၁၂ကြိမ်သာရှိတဲ့အတွက် ဒီအခွင့်အရေးကို အသုံး ချကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အွန်လိုင်း ဆွေးနွေးပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ကျွန်မတွက်တယ် ။ လူတစ်ယောက်ရဲ့ ဘဝမှာ အသက်၁၈နှစ်ကနေစပြီး မဲပေးမယ် ။ ရွေးကောက်ပွဲ ကို ၅နှစ် တစ်ကြိမ်လုပ်မယ်ဆိုရင် အသက်၈၀အထိ နေရင်တောင်မှ ၁၂ကြိမ်ပဲ မဲပေးပိုင်ခွင့်ရှိပါတယ် ။ အဲဒီတော့ စဉ်းစားလိုက်မယ်ဆိုရင် အသက်၈၀အတွင်းမှာ ၁၂ရက်ပဲ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက်၊ ကိုယ့်နိုင်ငံရဲ့ တိုးတက်မှုအတွက် ရွေးကောက်ပွဲအရလုပ်ပိုင်ခွင့်အရ ၁၂ကြိမ်ပဲ။ ဒီ၁၂ကြိမ်မှာ ၁၂ရက် လေးကို အသုံးချစေချင်တယ် ။ အကောင်းဆုံးအသုံးချနိုင်အောင်လည်း ကျွန်မတို့အစိုးရက ကူညီပေးဖို့ ၊ အခြေအနေတွေ စီစဉ်ပေးဖို့။

တာဝန်ရှိပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကာလမှာ ရွေးကောက်ပွဲ ကျင်းပအောင်မြင်ခဲ့တဲ့ စင်္ကာပူ ၊ ကိုရီးယားနိုင်ငံတွေလိုပဲ ရွေးကောက်ပွဲအောင်မြင်ဖို့ဆိုတာ ငွေကြေးချမ်းသာကြွယ်ဝမှုအပေါ် အခြေမ တည်ဘဲ မြန်မာနိုင်ငံသားတို့ရဲ့ တာဝန် ၊ စည်းကမ်း ၊ သစ္စာတရားများနဲ့ ပြသချင်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။အခု မြန်မာနိုင်ငံမှာ အခုထိက ကိုဗစ်ကို ထိန်းချုပ်နိုင်တယ်။ ဆက်ပြီးတော့လည်း ဘယ်လောက် ခရီးရှည်ဦးမလဲ မသိဘူး ။

အဲဒီကြားထဲ ရွေးကောက်ပွဲက ပါလာတော့ ကျွန်မကတော့ ပြည်သူပြည်သားတွေရဲ့အခွင့်အရေးနဲ့ တာဝန်အရရော ၊ ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာအရရော ဒီရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာရေးအရရော လုံလုံခြုံခြုံကျင်းပနိုင်တယ်ဆိုတာ ပြချင်တယ် ။ ကျွန်မ တို့ရဲ့ တာဝန်သိမှု ၊ ကျွန်မတို့ရဲ့ စည်းကမ်းထိန်းသိမ်းမှု ၊ ကျွန်မတို့ရဲ့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိမှု ဒီအပေါ်မှာ အခြေခံပြီး အောင်မြင် အောင် လုပ်သွားနိုင်တယ်ဆိုတာ ပြချင်ပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။

REF: Daw Aung San Suu Kyi facebook

Post a Comment

Previous Post Next Post