(Zawgyi)











Yin Khat Pan

(Unicode)


အောင်ဘာလေဆုပေးပွဲရဲ့ သိန်း ၁၅၀၀၀ ဆုကြီး တွေကို နယ်ဘက်တွေမှာသာ အပေါက်များပြီး ရန်ကုန်မှာ ပေါက်တဲ့သူနည်းပါးခဲ့ပေမယ့်ယခုလရဲ့ သိန်း ၁၅၀၀၀ ဆုကြီးကိုတော့ တာမွေမြို့နယ်က ကိုကျော်စွာ ကဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။


ယုန်လေးကတော့ ယခုလရဲ့ သိန်း ၁၅၀၀၀ ကံထူးရှင်ဟာ သူ့သူငယ်ချင်းဖြစ်လို့ သွားရောက် ဂုဏ်ပြုခဲ့တဲ့ အကြောင်း လူမှုကွန်ယက်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။


ယုန်လေးက ” ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီ… ကျွန်တော်မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း … ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ …. ကိုယ်တွေများ (၅) သောင်း ဆုကို (၂) နှစ် နေလောက်မှ တစ်ခါပေါက်တယ်…. သူနားနည်းနည်း သွားပြီး ကံကောင်းတဲ့ ဓာတ်တွေ လာယူတာ .ဂုဏ် ယူပါတယ် . ကံထူးရှင်ကြီး ကိုကျော်စွာ ” ဆိုတဲ့စာသားလေးနဲ့အတူ သူငယ်ချင်းဖြစ်သူနဲ့ ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။


ယုန်လေးကတော့ သိန်း ၁၅၀၀၀ ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူအတွက် ပျော်ရွှင်နေတာပါ ပရိသတ်ကြိးရေ….။အားလုံးပဲ ယုန်လေးနဲ့အတူ အပျော်တွေရော ကံကောင်းခြင်းတွေပါကူးစက်သွားစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်။


Yin Khat Pan

Post a Comment

Previous Post Next Post