(Zawgyi)

အကယ္ဒမီ မ်ိဳးသႏၲာထြန္းကေတာ့ ယခုထက္တိုင္ ပရိသတ္အားေပးမႈကို ဆက္တိုက္ရရွိေနဆဲျဖစ္သလိုကိုယ္ပိုင္မိသားစုဘဝေလးနဲ႔ ေအးေဆးစြာ ဘဝကို ျဖတ္သန္းေနခဲ့တာပါ။သူမဟာ အႏုပညာလုပ္ငန္းေတြကိုလည္း ရပ္နားထားတာျဖစ္ၿပီးကိုယ္ပိုင္အထပ္သားစက္႐ုံလုပ္ငန္းကိုပဲ လုပ္ကိုင္လွ်က္ရွိတယ္လို႔ သိရပါတယ္။



ရာဘာကေန အထပ္သားထုတ္လုပ္တဲ့ အထပ္သားစက္႐ုံကိုလည္း ျမန္မာျပည္မွာပထမဆုံးအေနနဲ႔ စတင္တည္ေထာင္ခဲ့ပုံကိုလည္း မ်ိဳးသႏၲာထြန္းကအခုလိုပဲေျပာျပလာခဲ့တာပါ။



“ရာဘာကေန plywood အထပ္သားစထုတ္တာက မ်ိဳးတို႔ ဒီေအာင္ဦးအထပ္သားစက္႐ုံက ပထမဆုံးစထုတ္တာပါ။Water Resistant ဆိုေတာ့ သူကေရစိုလည္းခံတယ္။မိုးေရထဲမွာ ႀကိဳက္သေလာက္ပစ္ထားလိုက္ လုံး၀ ပြသြားတာ ကြာသြားတာ မ်ိဳးလုံးဝမရွိဘူး။ေဈးကြက္ထဲမျဖန္႔ခင္ မွာလည္း ကိုယ္တိုင္ေရစိမ္ၾကည့္ၿပီး ကြာသြား ပြသြားတာေတြမရွိမွပဲေဈးကြက္ထဲကို ျဖန္႔တာပါ။ Quality ကို အဓိကထားတာေပါ့။အခုေတာ့ ျမန္မာတျပည္လုံးနီးပါးမွာ ရေနပါၿပီ” လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္။သူမနဲ႔သူမအမ်ိဳးသားအေနနဲ႔ ၂၀၁၅ မွစတင္ကာအသုံးမဝင္လို႔ အုတ္ဖုတ္ရာမွာအသုံးျပဳေနရတဲ့ ရာဘာသစ္ပင္ေတြကို အသုံးျပဳကာ အထပ္သားထုတ္လုပ္ႏိုင္ရန္တစ္ႏွစ္တိတိ စမ္းသပ္ေလ့လာၿပီးမွထုတ္လုပ္ခဲ့တာျဖစ္တယ္လို႔လည္း ရွင္းျပလာခဲ့တာပါ။



အႏုပညာလႈပ္ရွားမႈေတြနဲ႔ပတ္သတ္ၿပီးလည္း မ်ိဳးသႏၲာထြန္းက “ဒီလုပ္ငန္းကၾကေတာ့ မ်ိဳးက အမ်ိဳးသားကို ေနာက္ကပံ့ပိုးေပးရတဲ့ဟာပါ။ဒါကိုထဲထဲဝင္ဝင္ႀကီး လုပ္တာေတာ့မဟုတ္ဘူးေလ။ အႏုပညာကၾကေတာ့ ကိုယ္ကသိတတ္စအ႐ြယ္ကတည္းက ဝါသနာပါတာျဖစ္တဲ့အတြက္ အဲဒါကဘယ္လိုမွ ေဖ်ာက္ဖ်က္လို႔မရဘူး။ ေမ့လို႔လည္းမရဘူး”လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္။



ဒါကေတာ့မ်ိဳးသႏၲာထြန္းးရွင္းျပလာခဲ့တဲ့သူမရဲ႕ ကိုယ္ပိုင္အထပ္သားစက္႐ုံအေၾကာင္းပဲျဖစ္ပါတယ္ပရိသတ္ႀကီးေရ….ပရိသတ္ႀကီးရဲ႕ အျမင္ကိုလည္း မွ်ေဝေပးခဲ့ၾကပါအုန္းေနာ္။


(Unicode)


အကယ်ဒမီ မျိုးသန္တာထွန်းကတော့ ယခုထက်တိုင် ပရိသတ်အားပေးမှုကို ဆက်တိုက်ရရှိနေဆဲဖြစ်သလိုကိုယ်ပိုင်မိသားစုဘဝလေးနဲ့ အေးဆေးစွာ ဘဝကို ဖြတ်သန်းနေခဲ့တာပါ။သူမဟာ အနုပညာလုပ်ငန်းတွေကိုလည်း ရပ်နားထားတာဖြစ်ပြီးကိုယ်ပိုင်အထပ်သားစက်ရုံလုပ်ငန်းကိုပဲ လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။



ရာဘာကနေ အထပ်သားထုတ်လုပ်တဲ့ အထပ်သားစက်ရုံကိုလည်း မြန်မာပြည်မှာပထမဆုံးအနေနဲ့ စတင်တည်ထောင်ခဲ့ပုံကိုလည်း မျိုးသန္တာထွန်းကအခုလိုပဲပြောပြလာခဲ့တာပါ။



“ရာဘာကနေ plywood အထပ်သားစထုတ်တာက မျိုးတို့ ဒီအောင်ဦးအထပ်သားစက်ရုံက ပထမဆုံးစထုတ်တာပါ။Water Resistant ဆိုတော့ သူကရေစိုလည်းခံတယ်။မိုးရေထဲမှာ ကြိုက်သလောက်ပစ်ထားလိုက် လုံး၀ ပွသွားတာ ကွာသွားတာ မျိုးလုံးဝမရှိဘူး။ဈေးကွက်ထဲမဖြန့်ခင် မှာလည်း ကိုယ်တိုင်ရေစိမ်ကြည့်ပြီး ကွာသွား ပွသွားတာတွေမရှိမှပဲဈေးကွက်ထဲကို ဖြန့်တာပါ။ Quality ကို အဓိကထားတာပေါ့။အခုတော့ မြန်မာတပြည်လုံးနီးပါးမှာ ရနေပါပြီ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။သူမနဲ့သူမအမျိုးသားအနေနဲ့ ၂၀၁၅ မှစတင်ကာအသုံးမဝင်လို့ အုတ်ဖုတ်ရာမှာအသုံးပြုနေရတဲ့ ရာဘာသစ်ပင်တွေကို အသုံးပြုကာ အထပ်သားထုတ်လုပ်နိုင်ရန်တစ်နှစ်တိတိ စမ်းသပ်လေ့လာပြီးမှထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း ရှင်းပြလာခဲ့တာပါ။



အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီးလည်း မျိုးသန္တာထွန်းက “ဒီလုပ်ငန်းကကြတော့ မျိုးက အမျိုးသားကို နောက်ကပံ့ပိုးပေးရတဲ့ဟာပါ။ဒါကိုထဲထဲဝင်ဝင်ကြီး လုပ်တာတော့မဟုတ်ဘူးလေ။ အနုပညာကကြတော့ ကိုယ်ကသိတတ်စအရွယ်ကတည်းက ဝါသနာပါတာဖြစ်တဲ့အတွက် အဲဒါကဘယ်လိုမှ ဖျောက်ဖျက်လို့မရဘူး။ မေ့လို့လည်းမရဘူး”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။



ဒါကတော့မျိုးသန္တာထွန်းးရှင်းပြလာခဲ့တဲ့သူမရဲ့ ကိုယ်ပိုင်အထပ်သားစက်ရုံအကြောင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ….ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း မျှဝေပေးခဲ့ကြပါအုန်းနော်။


Credit Shwe Yaung Myanmar

Post a Comment

Previous Post Next Post