(Unicode)

အမရပူရမြို့ရှိ မဟာ ဂန္ဓာရုံကျောင်းတိုက်သို့ သွားရာလမ်းဘေး တစ်နေရာတွင် နာမည်ကြီးသည့် အကြော်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုအကြော်ဆိုင်လေးသည် နံနက်လင်းပြီဆိုသည်နှင့် အကြော်ဝယ်လာသူအပေါင်းဖြင့် အုံခဲကာစည်ကားနေလေ့ရှိသည်။ ဘုန်းကြီးဆွမ်းလောင်းရန်ဖြစ်စေ၊ နံနက်ခင်းအဆာပြေစားသုံးရန်ဖြစ်စေ လာဝယ်ကြသူများရှိသကဲ့သို့ အမရပူရမြို့လေး ရှိ နံနက်ခင်းဖွင့် မုန့်တီ၊ ခေါက်ဆွဲသုပ်ဆိုင်လေးများကလည်း ထိုအကြော်ဆိုင်လေးမှတစ်ဆင့် ဖောက်သည်ယူကာ ပြန်လည်ရောင်းချကြသည်။ ထိုသို့ လက်လီလက်ကား ဝယ်ယူသူများဖြင့် စည်ကားနေသည့် အကြော်ဆိုင်လေးကို ဆရာမအကြော်ဆိုင်ဟု လူသိများလေသည်။ဆရာမအကြော်ဆိုင်ဟု လူသိများ ရခြင်းမှာ အကြောင်းရှိသည်။ အကြော်ကြော်ရောင်းနေသူ မျက်နှာပြုံးရွှင်ရွှင် အသားအရေ ခပ်ဝင်းဝင်းဖြင့် ရုပ်ရည်ရူပကာအဆင်းခံ့ညားလှသူ အသက် (၅၀)ခန့် အမျိုးသမီးကြီးမှာ အကြော်သည်အများစုလို အတန်းပညာ ကောင်းစွာမသင်ယူခဲ့ရသူ တစ်ယောက်မဟုတ်ပေ။ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဖြင့် B.Sc ဘွဲ့ရခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံ ပြောရမည်ဆိုလျှင် လက်ရှိတွင် အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်နေလေသည်။ ထို့ကြောင့် ကျောင်းဆရာမတစ်ယောက်ရောင်းသည့် အကြော်ဆိုင်လေးဖြစ်၍ ဆရာမအကြော်ဆိုင်ဟု လူသိများနေရခြင်းဖြစ်သည်။ အကြော်ကြော်နေသူ ဆရာမကြီးမှာ ဒေါ်ခင်နွယ်ဦးဟု အမည်ရပါသည်။ အသက်မှာတော့ (၄၉)နှစ်ရှိပြီဖြစ်ပြီး ယခုလက်ရှိ အမရပူရမြို့နယ် ကတ္တီပါရွာရှိ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်နေသည်။ ဆရာမကြီး၏ ပညာရေးလုပ်သက်မှာ နှစ်(၃၀)ပြည့်တော့မည်ဖြစ်ပြီး ကျောင်းအုပ်သက်တမ်းမှာ ၁၂ နှစ်ရှိပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့် ၁၉၈၇ က ကျောင်းအုပ်ဆရာမကြီးဖြစ်လာမည့် ခင်နွယ်ဦးအမည်ရ မြီးကောင်ပေါက်အရွယ်မိန်းမပျိုလေးသည် ဆယ်တန်းအောင်သောအခါ ဝါသနာပါသည့် ကျောင်းဆရာမအလုပ်ကို ဝင်လုပ် ရန် မိဘများထံ ခွင့်ပန်ခဲ့သည်။ အစ်ကိုများထဲတွင် ဘဏ်ဝန်ထမ်း များရှိ၍ ဘဏ်လုပ်ငန်းထဲဝင်ရန် တိုက်တွန်းသော်လည်း ခင်နွယ်ဦးလေးမှာ စိတ်မဝင်စား။ငယ်စဉ် ကတည်းက ကလေးတွေအား စာ သင်ပြရသည်ကို ဝါသနာထုံခဲ့၍ ဆရာမအလုပ်ဝင်လုပ်ရန်သာ စိတ်ဝင်စားကြောင်း ပြတ်ပြတ်သားသားပင် ပြောကြား ခဲ့သည်။ ထို့ နောက်မှာမူ မိဘတွေကလည်း ခွင့်ပြုခဲ့သဖြင့် ခင်နွယ်ဦးမှာ ပညာရေး ဌာနတွင် အထွေထွေလုပ်သား ဝင်လျှောက်ခဲ့သည်။ အထွေထွေ လုပ်သားသည်လည်း ကျောင်း ဆရာမပေပဲမို့ ခင်နွယ်ဦး ပျော်ခဲ့ရသည်။



သူပထမဆုံးတာဝန်ကျ သည်က သူနေထိုင်ရာအရပ်နှင့် တောင်သမန် အင်းခြားသည့် အင်း အရှေ့ဘက်ကမ်း ဆီမီးထွန်းကျေး ရွာ အမကကျောင်းလေးမှာ ဖြစ် သည်။ ဆီမီးထွန်းကျေးရွာ မူလ တန်းကျောင်းလေးတွင် ကျောင်း ဆရာမလေးခင်နွယ်ဦးဘဝ စတင် ခဲ့လေသည်။ အထွေထွေလုပ်သား ကျောင်းဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ရချိန် ဆရာမလေး ခင်နွယ်ဦးတစ်ယောက် ကျောင်းစိမ်းဝတ်စုံ အဖြူ၊ အစိမ်းထည်လေး ဝတ်ရသည်။ သို့သော်ကျောင်းသားဘဝက ဝတ်ခဲ့ရသည့် အဖြူ၊ အစိမ်းနှင့် ဆရာမဘဝမှာ ဝတ်ရမည့် အဖြူ၊ အစိမ်းအရောင်ချင်း တူသော်လည်း ခံစားမှုချင်းက မတူညီတော့။ ကလေးတွေကို စာသင်ပြပေးရတော့မည့် အနန္တောအနန္တဂိုဏ်းဝင် ဆရာတစ်ဦးဖြစ်နေလေပြီ။ ထို့အတွက် ကျောင်းသူဘဝတုန်းကလို ဖြစ်သလို ဝတ်ဆင်၍မရ။ အဖြူ၊ အစိမ်း ဆရာမဝတ်စုံလေးနှင့် ကိုက်ညီအောင် ခပ်တိုတိုဆံပင် ဦးခေါင်းနောက်ပိုင်းမှ ကြက်မြီးလေးကိုလည်း ကလစ်တွေဖြင့် ဆံထုံးသဏ္ဌာန်မရရအောင် ထုံးခဲ့ရလေသည်။ အသစ်စက်စက် ကျောင်းဆရာမလေး ခင်နွယ်ဦးသည် တောင်သမန်အင်း တစ်ဖက်ကမ်းဆီမီးထွန်းကျေးရွာက မူလတန်းကျောင်းလေးဆီသို့ ဦးပိန်တံတားကိုဖြတ်ကာ သွားရသည်။ တစ်ခါတစ်ရံ စက်ဘီးဖြင့်၊ တစ်ခါတစ်ရံ ခြေလျင်ခရီး။ ရွာရောက်တော့ မျက်လုံးပြူးရသည်။ အခြားကြောင့်မဟုတ်။ သူငယ်တန်းကနေ လေးတန်းအထိ တန်းခွဲငါးခုရှိသည့် မူလတန်းကျောင်းလေးမှာ ဆရာမလေးခင်နွယ်ဦးနှင့် ကျောင်းအုပ်ဆရာမကြီး နှစ်ယောက်သာ ရှိနေ၍ဖြစ်သည်။ ဆရာမလေး ခင်နွယ်ဦးကတော့ သူ ပထမဆုံးဆရာမနေ့ရက်တွေကို အကောင်းဆုံးဖြတ် ကျော်ခဲ့သည်။ ကျောင်းအဆောက်အအုံပင် မရှိသေးသည့် ဇရပ်ကလေးပေါ်က မူလတန်းကျောင်း ကလေးမှာ မူလတန်းပြ ဆရာ၊ ဆရာမတွေ ကြုံရသည့်အခက်အခဲမျိုးတွေ ဆရာမလေးခင်နွယ်ဦးလည်း ကြုံဆုံခဲ့ရသည်။ ကျောင်းသား၊ ကျောင်းသူတွေက ကျေးလက်နေ ကလေးငယ်တွေမို့ သူတို့အိမ်မှာ၊ အရပ်ထဲမှာနေသလို ဆရာမလေး ကို ဆက်ဆံကြသည်။ သူတို့စိတ်ထဲ အလိုမကျလျှင် ငါချင်းမိုးမွှန်နေအောင် ကိုင်တုတ်သည်။ ဆွဲကုတ်သည်။ ကုန်းကိုက်သည်။ ပေါင်ဆွဲကိုက်တာမျိုးတွေလည်း ရှိသည်။ ထဘီတွေဆွဲကာ အတင်းရုန်းကြတာတွေလည်းပါသည်။သို့သော် ဆရာမလေးကတော့ စိတ်မပျက်။ သူဝါသနာပါ၍ ရွေးချယ်ခဲ့သည့် အလုပ်မဟုတ်လား။ အခြား မူလတန်းပြဆရာမတွေလိုပင် ဆရာမလေးခင်နွယ်ဦးလည်း ကလေးတွေကို စိတ်ရှည်လက်ရှည် သင်ရသည်။

သူငယ် တန်းကလေးတွေဆိုလျှင် ဝလုံးကလေးရေးဖို့ ဆရာမရင်ခွင်ထဲတွင် ပိုက်ကာ လက်ကလေးတွေကိုင် ပြီး သင်ပေးရသည်။ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ်မဟုတ်။ ဝလုံးကလေး ဝိုင်းစက်ဖို့ သုံးလခန့် အချိန်ယူကာ သင်ပြရသည်။ ကလေးတစ်ယောက်သင်နေတုန်း နောက်ကလေးတစ်ယောက်က ကုပ်ပေါ်တက်ခွလိုခွသည်။ သူရေးတာ လှ၊ မလှ ဆရာမအင်္ကျီလှမ်း ဆွဲပြသူ ကလေးငယ်တွေကြောင့် ဆရာမလေးတွေရဲ့ အင်္ကျီဖြူဖြူ ကြေးအထပ်ထပ် ညစ်ပေရသည်။ သို့သော်လည်း ဆရာမလေး ခင် နွယ်ဦး ပျော်ခဲ့သည်။နောက်ထပ် ပျော်ခဲ့ရသည့် ကာလတွေလည်း ရှိဖူးသည်။ ထိုအချိန်က လေးတန်းကျောင်းသား၊ ကျောင်းသူတွေ၏ အတန်းတင်စာမေးပွဲက ဘုတ်စစ်ခေါ် အစိုးရ စစ်စာမေးပွဲဖြစ်သည်။ ဘုတ်စစ် ဖြစ်၍ ကလေးတွေ ခြေချော်လက်ချော်ဖြစ်မှာကို ဆရာမလေးစိတ်ပူသည်။ ထို့ကြောင့်စာမေးပွဲတစ်တွင်းလုံး လေးတန်းကျောင်းသား၊ ကျောင်းသူ ရှစ်ယောက်လောက်ကို သူ့အိမ်ခေါ်ကာ ကျွေးမွေးပြီး စာကျက်စာနွှေး လုပ်ပေးခဲ့သည်။ စာမေးပွဲတစ်တွင်းလုံး ဆရာမနှင့် သူ၏ချစ်တပည့်များ ဦးပိန်တံတားပေါ် ခြေလျင်လျှောက်ပြီး တောင်သမန်အင်းအရှေ့ဘက်ရှိ ဆီမီး ထွန်းကျေးရွာလေးဆီကူးသည်။ စာမေးပွဲဖြေပြီး၍ ညနေပိုင်းဆို လျှင် အင်းအနောက်ဘက် ဆရာမလေး အိမ်ဆီကို တပျော်တပါးကြီး ပြန်ကြသည်။ အောင်စာရင်းထွက်ချိန်မှာတော့ ထိုလေးတန်းကျောင်းသူ၊ ကျောင်းသား ရှစ်ယောက်စလုံး တန်းလုံးကျွတ် အောင်မြင်ခဲ့သဖြင့် ဆရာမလေးက ဝမ်းသာမဆုံး၊ ဂုဏ်ယူမဆုံး တပြုံးပြုံး။ အထွေထွေလုပ်သား ဆရာမဘဝလုပ်ရင်း မန္တလေးတက္ကသိုလ်မှာ ဓာတုဗေဒအထူးပြုဖြင့် ညကျောင်းတက်သည်။ ကျောင်းဆင်းလျှင် အိမ်သို့ ကပျာကယာပြန်သည်။ အဝတ်အစားလဲ ထမင်းစားကာ မန္တလေးတက္ကသိုလ် ညကျောင်းသို့ ဘတ်စ်ကားဖြင့် အပြေးအလွှားသွားတက်သည်။ ည ၁၀ နာရီကျော် ကျောင်းဆင်းတော့ အိမ်ပြန်လာသည်။ တစ်နှစ်လောက်နေတော့ ကျောင်းဆရာမတွေခေါ်သဖြင့် ဝင်လျှောက်ရာ ကျောင်းမပြီးသေးသော်လည်း အလုပ်ရခဲ့သည်။ ထိုသို့ ကျောင်းဆရာမလုပ်ရင်း ည ကျောင်းပြေးတက်ရင်း ငါးနှစ်ကြာတော့ ဘွဲ့ရခဲ့သည်။ မူလတန်းပြဆရာမဘဝဖြစ်ပြီး မကြာမီ ဆရာမလေး အိမ်ထောင်ကျခဲ့သည်။ ဆရာမလေး အမျိုးသားမှာ မီးရထားဝန်ထမ်း ဖြစ်တာမို့ အစိုးရဝန်ထမ်းဘဝထားရာနေ စေရာသွားရတာ ကြောင့် အိမ်ထောင်ကျသော် လည်း မိသားစုအတူတူမနေရ။နောက်ပြီး ဆရာမလေးကလည်း နို့ညှာသမီး၊ မိဘခင်တွယ်သူမို့ အမျိုးသားနှင့်လည်း လိုက်မနေနိုင်။ ထို့ကြောင့် အမရပူရက မူလတန်း ကျောင်းလေးတွေမှာတင် လှည့်လည် တာဝန်ထမ်းဆောင် ရင်း မိဘနဲ့အတူနေထိုင်ခဲ့သည်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး အစိုးရဝန်ထမ်းတွေမို့ ကိုယ်ရှာတာ ကိုယ်လောက်ငရုံ သုံးနိုင်ခဲ့သော်လည်း သားကလေးတစ်ယောက် ရလာချိန်မှာတော့ ရတဲ့ဝင်ငွေဖြင့် မလုံလောက်တော့။ သည်ကြားထဲ အတူနေ ဆရာမလေး၏ မိဘများကလည်း အဆင်ပြေလှသည် မဟုတ်တာကြောင့် ဆရာမလေးမှာ အပိုဝင်ငွေရ အောင် ကြံဆောင်ရတော့သည်။ ထို့အတွက် ဆရာမလေးမှာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ဆိုလျှင် ဆီးပေါင်း၊ ကုလားပဲခွေနှင့် မုန့်မျိုးစုံတို့ကို စက်ဘီးလေးတစ်စီးပေါ် တောင်းကြီး၊ တောင်းငယ် အသွယ်သွယ်ဖြင့် တင်ဆောင်ကာ ဆိုင်တွေဆီ မုန့်လိုက်ပို့လေသည်။



နုနုငယ်ငယ် ဆရာမလေးတစ်ယောက်ဖြစ်သော်လည်း ရှက်ရ ကြောက်ရကောင်းမှန်းလည်းမသိ။ ဆိုင်တကာလှည့်ကာ ငါဆရာမဆိုသည့် မာန်မာနလည်း မရှိဘဲ ဈေးလိုက်ရောင်းသည်။ ရှက်ရွံ့စိတ်တော့ မရှိခဲ့သော်လည်း တစ်ခါကတော့ ကိုယ့်ဘဝကိုယ် အားငယ်ခဲ့ရသည့်ရက်တွေ ဆရာမလေး ဖြတ်သန်းခဲ့ရဖူးသည်။ မိုးတွေကရွာ၊ မုန့်တွေလည်း မိုးတွေစိုရွှဲပြီး စက်ဘီးကြီးဖြင့် မြောင်းထဲပြုတ်ကျတုန်းက ဖြစ်သည်။ ကိုယ့်ဘဝကိုယ် အားငယ်စွာ ဝမ်းနည်းခဲ့ရသည်။ သို့သော် ကိုယ့်မိသားစု စားဝတ်နေရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်တာပဲဟု ကိုယ့်ကိုယ်ကိုယ် ပြန် အားပေးကာ ပြန်ထခဲ့သည်။ မုန့်ပို့ရသည့်အလုပ်က တစ် ပတ်မှနှစ်ရက်ပဲ လုပ်ရသည်မို့ ငွေ က ပြောလောက်အောင်မဝင်။ ထို့ အတွက် ဘာလုပ်ရင်ကောင်းမည် ဆိုတာကို မိဘတွေနှင့် တိုင်ပင်ကြ သည်။ မိခင်ဖြစ်သူက မုန့်မျိုးစုံ လုပ်ရောင်းလာခဲ့သည့် ဈေးသည် မို့ နောက်ဆုံး ကိုယ့်အိမ်ရှေ့တင် အကြော်ကြော်ရောင်းရန် သားအ မိနှစ်ယောက် စဉ်းစားသည်။ ဆရာမလေးက ကောင်းကောင်းမကြော်တတ်သေးပေသိ မိခင်က ကြော်တတ်ပြီးသားမို့ စိတ်ပူရန်မလို။ ဖခင်နှင့် သမီးဖြစ်သူရယ်၊ တခြား မောင်နှမတွေရယ် ဝိုင်းကူကြမည် ဟုဆိုကာ အိမ်ရှေ့မှာ အကြော်ဖိုတဲလေး ထိုးလိုက်ကြသည်။ မနက် ၂ နာရီထိုးလျှင် ဆရာမလေး အိပ်ရာကနေထရပါသည်။မိခင်နှင့်အတူ ပဲကူဆေးပေးရ သည်။ ပဲထောင်းရသည်။ မီးမွှေး ပေးရသည်။ အကြော်ကူကြော်ပေး ရသည်။ လက်ကားမှာသည့် ဆိုင် တွေ လိုက်ပို့ရသည်။ ဆရာမလေး တို့ အကြော်မှာ ချင်း၊ ကြက်သွန် ဖြူ၊ ပဲ ထည့်ရမည့် အချိုးအစားအ တိုင်း မခြိုးမခြံအကုန်ထည့်သဖြင့် စား၍လည်း ကောင်းလှသည်။ ဈေးကလည်း တခြားအကြော်ဆိုင် တွေထက်ပင် သက်သာနေပြန် သည်။ ထို့ကြောင့် စားကောင်းဈေး ချို ဆရာမလေးတို့ အကြော်ဆိုင် လေးကို ဝယ်ယူစားသုံးသူတွေများများလာသည်။ မနက် ၇ နာရီခွဲ ၈ နာရီဆို လျှင်တော့ အကြော်တွေလည်း ကုန်၊ အကြော်ဆိုင်မီးလည်း ငြိမ်း ပြီမို့ ဆရာမလေး ကျောင်းသွားဖို့ ရေမိုးချိုးအဝတ်အစားလဲရသည်။ မနက်စာ ခပ်မြန်မြန်စား၊ ထမင်း ထုပ် ခပ်သွက်သွက်ထုပ်ကာ ကျောင်းချိန်အမီ အပြေးအလွှား သွားရသည်။ ဆရာမလေးအနေဖြင့် နောက်ကျတာမျိုး မဖြစ်ချင်။ ဖြစ်လည်းမဖြစ်ခဲ့။ ကျောင်းရောက် လျှင်တော့ ပင်ပန်းလွန်း၍ စာသင် ချိန်လေး တစ်ချိန်တလေ လွတ် လျှင် ဆရာမလေးမှာ ရုတ်တရက် ငိုက်မိတာမျိုးတွေ ရှိသည်။ သို့သော် ဆရာနှင့်စာလျှင် ကျောင်း သားဦးရေကများနေ၍ တစ်တန်း ပြီးတစ်တန်း တစ်ခန်းပြီးတစ်ခန်း စာသင်ရသည်မို့ အိပ်ချင်စိတ်လည်း ဖျောက်ခနဲဆိုပျောက်။ညနေ ကျောင်းပြန်လျှင် လည်း နောက်တစ်နေ့အတွက် အကြော်ကြော်ရန် ဈေးဝယ်ရသည်။ ပဲတွေ ဘာတွေ ကြိုထောင်းရ သည်။ မနက်အတွက် ပြင်ဆင်ပြီးလျှင် စားသောက်ပြီး ခပ်စောစောပင် အိပ်ရာဝင်ရသည်။ ဒါမှ မနက်စောစော ထနိုင်မည်မဟုတ်လား။ထိုသို့ မနက်ခင်းအစော မိခင်နှင့်အတူ အကြော်ရောင်းလိုက်၊နေ့ခင်း ကျောင်းဆရာမတာဝန်ထမ်းဆောင်လိုက်ဖြင့် အားချိန်၊နားချိန်ပင်မရခဲ့သည့် ဆရာမလေးတစ်ယောက် ပို၍ကြီးလေးသည့် တာဝန်တွေထမ်းဆောင်ရဖို့ အကြောင်းဖန်လာခဲ့သည်။သားတစ်ယောက်၊ သမီးတစ်ယောက်ရပြီးချိန် မိခင်၊ ဖခင်နှင့် အမျိုးသားဖြစ်သူ မီးရထားဝန်ထမ်းတို့မှာ တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်ခဲ့၍ ဖြစ်လေသည်။ကလေးတွေလည်း အတန်း ကြီးတွေရောက်လာချိန် ငွေကုန် ကြေးကျလည်း ပို၍ပို၍သာ များလာခဲ့သည်။ယခင်က မိခင်နှင့်အတူ အကြော်ကြော်ခဲ့ရသော်လည်း မိခင်ကြီးမရှိတော့သည့် နောက်ပိုင်းမှာတော့ ကိုယ်ကိုယ်တိုင် ဦး ဆောင်ကာ ကျောင်းတာဝန်တစ်ဖက်ဖြင့် အကြော်သည် ကျောင်းဆရာမဘဝကို ဆက်လက် လျှောက်လှမ်းခဲ့ရသည်။မူလတန်းကျောင်းအုပ်ဆရာမကြီးအဖြစ် ရာထူးတိုးတော့ ဝိုင်းကူပေးကြသည့် မောင်နှမတွေက အကြော်ရောင်းတဲ့အလုပ် နားဖို့ပြောကြသည်။

ဆရာမလေး မဟုတ်တော့သည့် ဆရာမကြီးကတော့ နားဖို့ကိုလက်မခံ။သားကြီးမှာလည်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် တစ်ခု တက်ရောက်ခဲ့သည်မို့ သူ လိုအပ်သည့် စားစရာ၊ သောက်စရာ အခြောက်အခြမ်းကလေးတွေ ကြော်လှော်ချက်ပြုတ်ကာ ပို့ချင် သည်။ ငွေသားငွေစ မုန့်ဖိုးကလေး တွေ မှန်မှန်ပေးချင်သည်။ သမီးငယ်မှာလည်း အတန်းကြီးဖြစ်လာပြီမို့ ကျောင်းစရိတ် လိုအပ်တာတွေ လုပ်ပေးချင်သည်။ထို့အတွက် ဆရာမကြီး အကြော်သည်ဘဝကို ပြည်ဖုံးကားမချနိုင်ခဲ့။တစ်ဖက်မှာ အိမ်ထောင့်တာဝန် ကျေပွန်ခဲ့သလိုတစ်ဖက်က ကိုယ်ဝါသနာပါ၍ ရွေးချယ်ခဲ့သည့် ကျောင်းဆရာမအလုပ်ကိုလည်း တာဝန်ကျေတာထက်ပင်ပိုအောင် ဆရာမကြီး လုပ်ဆောင်ခဲ့သည်။သူတာဝန်ကျခဲ့သည့် ကျောင်းတွေ မှာ ကလေးတွေကို ကျူရှင် ဘယ်တော့မှမဖွင့်။အခမဲ့အချိန်ပိုသာ ခေါ်သင်ပေးသည်။မိဘတွေကိုလည်း ကလေးတွေကို ကျူရှင်မထားခိုင်းဘဲ ကျောင်းမှန်မှန်သာပို့ပါ၊ မှန်မှန်ပို့ရင် လုံလောက်သည်၊ကျူရှင်ယူရန်မလိုဟု တိုက်တွန်းခဲ့သည်။

ဆရာမကြီးအနေဖြင့် ကျူရှင်အပိုခေါ်ကာ ကလေးတွေဆီက အခကြေးငွေယူရန်လည်း စိတ်မဝင်စားခဲ့။သူ့တွင်ကျူရှင်သင်တာထက်ပင် ပိုရသည့် အကြော်ဆိုင်တစ်ဆိုင်ရှိနေ၍ ဖြစ်လေသည်။ကိုယ်တိုင်က ကျူရှင်မသင်သော်လည်း အခြေအနေအရ ကျူရှင်သင်ပြရသည့် ဆရာတွေအပေါ် ဝေဖန်ကြတာမျိုးဆိုလျှင်တော့ ကိုယ်လည်း ဆရာမပေမို့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ကိုယ်မသိမမြင်နိုင်သည့် ဘဝတွေက အများကြီး မဟုတ်လား။ကတ္တီပါရွာမူလတန်းကျောင်းမှာ ကျောင်းအုပ်ဖြစ်တော့ ကျောင်းအဆောက်အအုံကအစ ကောင်းကောင်းမွန်မွန်ဖြစ်လာဖို့ ဆရာမကြီး ကြံဆောင်သည်။ ကျောင်းချိန် ပြင်ပရောက် ကလေးတွေဆီ ဆိုင်ကယ်တစ်စီးဖြင့် လယ်ထဲ၊ယာထဲအထိ လိုက်မောင်းကာခေါ်ယူသည်။ မိဘတွေကိုလည်း ဖျောင်းဖျရသည်။ တော်တို့ကလေး အိမ်မှာထားတာနှင့် ကျောင်းမှာထားတာ ဘယ်ဟာလုံခြုံသနည်းဟု ခြောက်ကာမေးရသည်။ကလေး ထိန်းရမှာမို့ ကျောင်းမတက်နိုင်ဘူး အကြောင်းပြလျှင်လည်း ထိန်းရမည့် ကလေး ကိုပါ ကျောင်းခေါ်လာခိုင်းသည်။ထိုသို့ဖြင့် ဆရာမကြီး၏ မူလတန်းကျောင်းကလေးမှာ ကျောင်းသားဦးရေက တဖြည်းဖြည်းတိုး၍တိုး၍ လာခဲ့သည်။ရွာကလည်း ဆရာမကြီးဆို ချစ်မှချစ်၊ ရွာတင်မက ဆရာမအချင်းချင်းကလည်း ဆရာမကြီးအပေါ်မေတ္တာရှိကြသည်။အထက် အောက်ဆက်ဆံရေးမျိုးမဟုတ်ဘဲ ညီအစ်မတစ်တွေလို ပေါင်းသင်း ပြောဆိုကြတာမို့ ဒီကျောင်းလေး မှာ ဆရာမတွေပျော်ကြလေသည်။သားကြီး တက္ကသိုလ်တစ်ခုကနေ ကျောင်းဆင်းပြီး နိုင်ငံ့အစွန်အဖျား တာဝန်ထမ်းဆောင်ရတော့လည်း သုံးဖို့စွဲဖို့ အကြော်သည်ဆရာမကြီးက လှမ်းပို့ဖြစ်သည်။ ယခုတော့ သားကြီးလည်း အရာရှိဖြစ်ကာ သူ့လစာနှင့်သူဖြစ်နေပြီ ဆိုတော့ သိပ်ပို့စရာမလိုတော့။



သမီးငယ်မှာလည်းမြန်မာစာဂုဏ် ထူးတန်းကျောင်းသူ ဖြစ်လာ ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာမကြီး အိမ်ရှေ့က အကြော်ဖိုမီး အပြီးတိုင်မငြှိမ်းနိုင်သေး။ အဘယ့်ကြောင့်နည်း။ ကျောင်းဆရာမအလုပ်တစ်ဖက်ဖြင့် အကြော်သည်ဘဝ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသည့် ဆရာမကြီးမှာ မောပန်းနွမ်းနယ်မှုတွေ မရှိဘူးမဟုတ် ရှိနေပါသည်။ သို့သော် အကြော်ရောင်းရသည့် ဝင်ငွေကလေးဖြင့် သူချစ်ရသည့် သားသမီးတွေ ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့နိုင်ခဲ့သည်။ကျောင်းအုပ်ဆရာမတစ်ယောက်မှာရှိသည့် လူမှုပတ်ဝန်း ကျင်အသိုင်းအဝိုင်းကြားမှာ မျက်နှာမငယ်ရအောင် သာရေး၊ နာရေး၊ လူမှုရေးကိစ္စတွေလိုက်နိုင်ခဲ့သည်။ ထို့အတွက် အကြော်သည်ဘဝကို လွယ်လွယ်နှင့် စွန့်လွှတ်၍မဖြစ်သေး။ တစ်ခုတော့ မျှော်လင့်ချက်ရှိသည်။ကျောင်းဆရာမလစာတိုးလာခဲ့လျှင်နှင့် ကလေးတွေအတွက် နောက်ဆံမတင်းရတော့သည့်အချိန် ရောက်လာခဲ့လျှင်တော့ ဆရာမကြီးအကြော်သည်ဘဝ တစ်ခန်းရပ်လိုက်ချင်လေသည်။ အသက်ကလည်း တဖြည်းဖြည်းကြီးလာခဲ့ပြီမို့ နောက်ဆိုအခုလို ပင်ပင်ပန်းပန်း လုပ်နိုင်ဖို့ သိပ်မလွယ်နိုင်တော့။အကြော်သည်တစ်ယောက်ဘဝကို ဂုဏ်ငယ်သည်ဟုတော့ ဆရာမကြီး ဘယ်တော့မှမထင်။ ကိုယ်ဝါသနာပါသည့် ကျောင်းဆရာမအလုပ်ကိုလုပ်ရင်း တစ်ဖက်က ကိုယ့်မိသားစု ဝမ်းစာရေးအတွက် ရိုးသားစွာအကြော်ကြော် ရောင်းရသည်ကို ဆရာမကြီး မရှက်ခဲ့ပါ။ဆရာမကြီးတင်မဟုတ်။ ဆရာမကြီး သားနှင့်သမီးကလည်း တကယ့်မအေတူ တစ်စိတ်တည်း။ မနက်ခင်းဆိုလျှင် ဆရာမကြီးက အကြော်ကြော်ရင်း သမီးဖြစ်သူ ဂုဏ်ထူးတန်းကျောင်းသူကလည်း အကြော်ဝင်ကူ ရောင်းပေးသည်။ဆိုင်တွေလိုက်ပို့သည်။ ရံဖန်ရံခါ အလည်အပတ် ပြန်လာသည့် အရာရှိသားကြီးကလည်း မိခင်အကြော်တဲထဲဝင်ကာ အကြော်ဆယ်ပေး ကူရောင်းပေးကြလေ သည်။မနက် ၈ နာရီကျော်လျှင်တော့ ဆရာမကြီးအကြော်စုံ စား ရဖို့ မလွယ်တော့ပါ။ နံနက်အလင်းရောင် မရခင်အချိန်ကတည်းက တဖွဲဖွဲလာဝယ်ခဲ့ကြသည်မို့ နေလည်းကောင်းကောင်းထွက်ချိန် မှာတော့ ဆရာမအကြော်ဆိုင် လေးလည်း အကြော်တွေကုန်၊ ဆိုင်လည်းသိမ်းပါလေပြီ။ ဆရာမကြီးကလည်း ကျောင်းအဖြူ၊ အစိမ်းဝတ်စုံလေးကို ကြော့နေအောင်ဝတ်၊ သနပ်ခါးအဖွေးသားဖြင့် တာဝန်ကျရာကတ္တီပါရွာမူလတန်းကျောင်းလေးဆီသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အများတကာ အိပ်ကောင်းချိန် မနက် ၂ နာရီလောက်ကတည်းက ဆက်တိုက်အလုပ်လုပ်ခဲ့ရသော်လည်း ဆရာမကြီးမှာ ပင်ပန်းနွမ်းနယ်ဟန်မပြ။မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ဆင်လျက် အကြော်ဆိုင်လေးကို ခေတ္တထားခဲ့ကာ မူလတန်းကျောင်းလေးဆီ ပျော်ပျော်ကြီး ချီတက်သွားပါလေတော့သည်။

Credit:7 days


(Zawgyi)


အမရပူရၿမိဳ႕ရွိ မဟာ ဂႏၶာ႐ုံေက်ာင္းတိုက္သို႔ သြားရာလမ္းေဘး တစ္ေနရာတြင္ နာမည္ႀကီးသည့္ အေၾကာ္ဆိုင္တစ္ဆိုင္ရွိသည္။ ထိုအေၾကာ္ဆိုင္ေလးသည္ နံနက္လင္းၿပီဆိုသည္ႏွင့္ အေၾကာ္ဝယ္လာသူအေပါင္းျဖင့္ အုံခဲကာစည္ကားေနေလ့ရွိသည္။ ဘုန္းႀကီးဆြမ္းေလာင္းရန္ျဖစ္ေစ၊ နံနက္ခင္းအဆာေျပစားသုံးရန္ျဖစ္ေစ လာဝယ္ၾကသူမ်ားရွိသကဲ့သို႔ အမရပူရၿမိဳ႕ေလး ရွိ နံနက္ခင္းဖြင့္ မုန႔္တီ၊ ေခါက္ဆြဲသုပ္ဆိုင္ေလးမ်ားကလည္း ထိုအေၾကာ္ဆိုင္ေလးမွတစ္ဆင့္ ေဖာက္သည္ယူကာ ျပန္လည္ေရာင္းခ်ၾကသည္။ ထိုသို႔ လက္လီလက္ကား ဝယ္ယူသူမ်ားျဖင့္ စည္ကားေနသည့္ အေၾကာ္ဆိုင္ေလးကို ဆရာမအေၾကာ္ဆိုင္ဟု လူသိမ်ားေလသည္။ဆရာမအေၾကာ္ဆိုင္ဟု လူသိမ်ား ရျခင္းမွာ အေၾကာင္းရွိသည္။ အေၾကာ္ေၾကာ္ေရာင္းေနသူ မ်က္ႏွာၿပဳံး႐ႊင္႐ႊင္ အသားအေရ ခပ္ဝင္းဝင္းျဖင့္ ႐ုပ္ရည္႐ူပကာအဆင္းခံ့ညားလွသူ အသက္ (၅၀)ခန႔္ အမ်ိဳးသမီးႀကီးမွာ အေၾကာ္သည္အမ်ားစုလို အတန္းပညာ ေကာင္းစြာမသင္ယူခဲ့ရသူ တစ္ေယာက္မဟုတ္ေပ။ မႏၲေလးတကၠသိုလ္မွ ဓာတုေဗဒအထူးျပဳ ျဖင့္ B.Sc ဘြဲ႕ရခဲ့သူ တစ္ဦးျဖစ္သည္။ ထို႔ထက္ပို၍ ျပည့္ျပည့္စုံစုံ ေျပာရမည္ဆိုလွ်င္ လက္ရွိတြင္ အေျခခံပညာ မူလတန္းေက်ာင္းအုပ္ဆရာမႀကီးတစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ေနသူတစ္ဦးလည္း ျဖစ္ေနေလသည္။ ထို႔ေၾကာင့္ ေက်ာင္းဆရာမတစ္ေယာက္ေရာင္းသည့္ အေၾကာ္ဆိုင္ေလးျဖစ္၍ ဆရာမအေၾကာ္ဆိုင္ဟု လူသိမ်ားေနရျခင္းျဖစ္သည္။ အေၾကာ္ေၾကာ္ေနသူ ဆရာမႀကီးမွာ ေဒၚခင္ႏြယ္ဦးဟု အမည္ရပါသည္။ အသက္မွာေတာ့ (၄၉)ႏွစ္ရွိၿပီျဖစ္ၿပီး ယခုလက္ရွိ အမရပူရၿမိဳ႕နယ္ ကတၱီပါ႐ြာရွိ မူလတန္းေက်ာင္းတြင္ ေက်ာင္းအုပ္ႀကီး တာဝန္ထမ္းေဆာင္ေနသည္။ ဆရာမႀကီး၏ ပညာေရးလုပ္သက္မွာ ႏွစ္(၃၀)ျပည့္ေတာ့မည္ျဖစ္ၿပီး ေက်ာင္းအုပ္သက္တမ္းမွာ ၁၂ ႏွစ္ရွိၿပီျဖစ္သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန႔္ ၁၉၈၇ က ေက်ာင္းအုပ္ဆရာမႀကီးျဖစ္လာမည့္ ခင္ႏြယ္ဦးအမည္ရ ၿမီးေကာင္ေပါက္အ႐ြယ္မိန္းမပ်ိဳေလးသည္ ဆယ္တန္းေအာင္ေသာအခါ ဝါသနာပါသည့္ ေက်ာင္းဆရာမအလုပ္ကို ဝင္လုပ္ ရန္ မိဘမ်ားထံ ခြင့္ပန္ခဲ့သည္။ အစ္ကိုမ်ားထဲတြင္ ဘဏ္ဝန္ထမ္း မ်ားရွိ၍ ဘဏ္လုပ္ငန္းထဲဝင္ရန္ တိုက္တြန္းေသာ္လည္း ခင္ႏြယ္ဦးေလးမွာ စိတ္မဝင္စား။ငယ္စဥ္ ကတည္းက ကေလးေတြအား စာ သင္ျပရသည္ကို ဝါသနာထုံခဲ့၍ ဆရာမအလုပ္ဝင္လုပ္ရန္သာ စိတ္ဝင္စားေၾကာင္း ျပတ္ျပတ္သားသားပင္ ေျပာၾကား ခဲ့သည္။ ထို႔ ေနာက္မွာမူ မိဘေတြကလည္း ခြင့္ျပဳခဲ့သျဖင့္ ခင္ႏြယ္ဦးမွာ ပညာေရး ဌာနတြင္ အေထြေထြလုပ္သား ဝင္ေလွ်ာက္ခဲ့သည္။ အေထြေထြ လုပ္သားသည္လည္း ေက်ာင္း ဆရာမေပပဲမို႔ ခင္ႏြယ္ဦး ေပ်ာ္ခဲ့ရသည္။



သူပထမဆုံးတာဝန္က် သည္က သူေနထိုင္ရာအရပ္ႏွင့္ ေတာင္သမန္ အင္းျခားသည့္ အင္း အေရွ႕ဘက္ကမ္း ဆီမီးထြန္းေက်း ႐ြာ အမကေက်ာင္းေလးမွာ ျဖစ္ သည္။ ဆီမီးထြန္းေက်း႐ြာ မူလ တန္းေက်ာင္းေလးတြင္ ေက်ာင္း ဆရာမေလးခင္ႏြယ္ဦးဘဝ စတင္ ခဲ့ေလသည္။ အေထြေထြလုပ္သား ေက်ာင္းဆရာမအျဖစ္ စတင္တာဝန္ထမ္းေဆာင္ရခ်ိန္ ဆရာမေလး ခင္ႏြယ္ဦးတစ္ေယာက္ ေက်ာင္းစိမ္းဝတ္စုံ အျဖဴ၊ အစိမ္းထည္ေလး ဝတ္ရသည္။ သို႔ေသာ္ေက်ာင္းသားဘဝက ဝတ္ခဲ့ရသည့္ အျဖဴ၊ အစိမ္းႏွင့္ ဆရာမဘဝမွာ ဝတ္ရမည့္ အျဖဴ၊ အစိမ္းအေရာင္ခ်င္း တူေသာ္လည္း ခံစားမႈခ်င္းက မတူညီေတာ့။ ကေလးေတြကို စာသင္ျပေပးရေတာ့မည့္ အနေႏၲာအနႏၲဂိုဏ္းဝင္ ဆရာတစ္ဦးျဖစ္ေနေလၿပီ။ ထို႔အတြက္ ေက်ာင္းသူဘဝတုန္းကလို ျဖစ္သလို ဝတ္ဆင္၍မရ။ အျဖဴ၊ အစိမ္း ဆရာမဝတ္စုံေလးႏွင့္ ကိုက္ညီေအာင္ ခပ္တိုတိုဆံပင္ ဦးေခါင္းေနာက္ပိုင္းမွ ၾကက္ၿမီးေလးကိုလည္း ကလစ္ေတြျဖင့္ ဆံထုံးသဏၭာန္မရရေအာင္ ထုံးခဲ့ရေလသည္။ အသစ္စက္စက္ ေက်ာင္းဆရာမေလး ခင္ႏြယ္ဦးသည္ ေတာင္သမန္အင္း တစ္ဖက္ကမ္းဆီမီးထြန္းေက်း႐ြာက မူလတန္းေက်ာင္းေလးဆီသို႔ ဦးပိန္တံတားကိုျဖတ္ကာ သြားရသည္။ တစ္ခါတစ္ရံ စက္ဘီးျဖင့္၊ တစ္ခါတစ္ရံ ေျခလ်င္ခရီး။ ႐ြာေရာက္ေတာ့ မ်က္လုံးျပဴးရသည္။ အျခားေၾကာင့္မဟုတ္။ သူငယ္တန္းကေန ေလးတန္းအထိ တန္းခြဲငါးခုရွိသည့္ မူလတန္းေက်ာင္းေလးမွာ ဆရာမေလးခင္ႏြယ္ဦးႏွင့္ ေက်ာင္းအုပ္ဆရာမႀကီး ႏွစ္ေယာက္သာ ရွိေန၍ျဖစ္သည္။ ဆရာမေလး ခင္ႏြယ္ဦးကေတာ့ သူ ပထမဆုံးဆရာမေန႔ရက္ေတြကို အေကာင္းဆုံးျဖတ္ ေက်ာ္ခဲ့သည္။ ေက်ာင္းအေဆာက္အအုံပင္ မရွိေသးသည့္ ဇရပ္ကေလးေပၚက မူလတန္းေက်ာင္း ကေလးမွာ မူလတန္းျပ ဆရာ၊ ဆရာမေတြ ႀကဳံရသည့္အခက္အခဲမ်ိဳးေတြ ဆရာမေလးခင္ႏြယ္ဦးလည္း ႀကဳံဆုံခဲ့ရသည္။ ေက်ာင္းသား၊ ေက်ာင္းသူေတြက ေက်းလက္ေန ကေလးငယ္ေတြမို႔ သူတို႔အိမ္မွာ၊ အရပ္ထဲမွာေနသလို ဆရာမေလး ကို ဆက္ဆံၾကသည္။ သူတို႔စိတ္ထဲ အလိုမက်လွ်င္ ငါခ်င္းမိုးမႊန္ေနေအာင္ ကိုင္တုတ္သည္။ ဆြဲကုတ္သည္။ ကုန္းကိုက္သည္။ ေပါင္ဆြဲကိုက္တာမ်ိဳးေတြလည္း ရွိသည္။ ထဘီေတြဆြဲကာ အတင္း႐ုန္းၾကတာေတြလည္းပါသည္။သို႔ေသာ္ ဆရာမေလးကေတာ့ စိတ္မပ်က္။ သူဝါသနာပါ၍ ေ႐ြးခ်ယ္ခဲ့သည့္ အလုပ္မဟုတ္လား။ အျခား မူလတန္းျပဆရာမေတြလိုပင္ ဆရာမေလးခင္ႏြယ္ဦးလည္း ကေလးေတြကို စိတ္ရွည္လက္ရွည္ သင္ရသည္။

သူငယ္ တန္းကေလးေတြဆိုလွ်င္ ဝလုံးကေလးေရးဖို႔ ဆရာမရင္ခြင္ထဲတြင္ ပိုက္ကာ လက္ကေလးေတြကိုင္ ၿပီး သင္ေပးရသည္။ တစ္ရက္၊ ႏွစ္ရက္၊ တစ္ပတ္၊ ႏွစ္ပတ္မဟုတ္။ ဝလုံးကေလး ဝိုင္းစက္ဖို႔ သုံးလခန႔္ အခ်ိန္ယူကာ သင္ျပရသည္။ ကေလးတစ္ေယာက္သင္ေနတုန္း ေနာက္ကေလးတစ္ေယာက္က ကုပ္ေပၚတက္ခြလိုခြသည္။ သူေရးတာ လွ၊ မလွ ဆရာမအက်ႌလွမ္း ဆြဲျပသူ ကေလးငယ္ေတြေၾကာင့္ ဆရာမေလးေတြရဲ႕ အက်ႌျဖဴျဖဴ ေၾကးအထပ္ထပ္ ညစ္ေပရသည္။ သို႔ေသာ္လည္း ဆရာမေလး ခင္ ႏြယ္ဦး ေပ်ာ္ခဲ့သည္။ေနာက္ထပ္ ေပ်ာ္ခဲ့ရသည့္ ကာလေတြလည္း ရွိဖူးသည္။ ထိုအခ်ိန္က ေလးတန္းေက်ာင္းသား၊ ေက်ာင္းသူေတြ၏ အတန္းတင္စာေမးပြဲက ဘုတ္စစ္ေခၚ အစိုးရ စစ္စာေမးပြဲျဖစ္သည္။ ဘုတ္စစ္ ျဖစ္၍ ကေလးေတြ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္မွာကို ဆရာမေလးစိတ္ပူသည္။ ထို႔ေၾကာင့္စာေမးပြဲတစ္တြင္းလုံး ေလးတန္းေက်ာင္းသား၊ ေက်ာင္းသူ ရွစ္ေယာက္ေလာက္ကို သူ႔အိမ္ေခၚကာ ေကြၽးေမြးၿပီး စာက်က္စာေႏႊး လုပ္ေပးခဲ့သည္။ စာေမးပြဲတစ္တြင္းလုံး ဆရာမႏွင့္ သူ၏ခ်စ္တပည့္မ်ား ဦးပိန္တံတားေပၚ ေျခလ်င္ေလွ်ာက္ၿပီး ေတာင္သမန္အင္းအေရွ႕ဘက္ရွိ ဆီမီး ထြန္းေက်း႐ြာေလးဆီကူးသည္။ စာေမးပြဲေျဖၿပီး၍ ညေနပိုင္းဆို လွ်င္ အင္းအေနာက္ဘက္ ဆရာမေလး အိမ္ဆီကို တေပ်ာ္တပါးႀကီး ျပန္ၾကသည္။ ေအာင္စာရင္းထြက္ခ်ိန္မွာေတာ့ ထိုေလးတန္းေက်ာင္းသူ၊ ေက်ာင္းသား ရွစ္ေယာက္စလုံး တန္းလုံးကြၽတ္ ေအာင္ျမင္ခဲ့သျဖင့္ ဆရာမေလးက ဝမ္းသာမဆုံး၊ ဂုဏ္ယူမဆုံး တၿပဳံးၿပဳံး။ အေထြေထြလုပ္သား ဆရာမဘဝလုပ္ရင္း မႏၲေလးတကၠသိုလ္မွာ ဓာတုေဗဒအထူးျပဳျဖင့္ ညေက်ာင္းတက္သည္။ ေက်ာင္းဆင္းလွ်င္ အိမ္သို႔ ကပ်ာကယာျပန္သည္။ အဝတ္အစားလဲ ထမင္းစားကာ မႏၲေလးတကၠသိုလ္ ညေက်ာင္းသို႔ ဘတ္စ္ကားျဖင့္ အေျပးအလႊားသြားတက္သည္။ ည ၁၀ နာရီေက်ာ္ ေက်ာင္းဆင္းေတာ့ အိမ္ျပန္လာသည္။ တစ္ႏွစ္ေလာက္ေနေတာ့ ေက်ာင္းဆရာမေတြေခၚသျဖင့္ ဝင္ေလွ်ာက္ရာ ေက်ာင္းမၿပီးေသးေသာ္လည္း အလုပ္ရခဲ့သည္။ ထိုသို႔ ေက်ာင္းဆရာမလုပ္ရင္း ည ေက်ာင္းေျပးတက္ရင္း ငါးႏွစ္ၾကာေတာ့ ဘြဲ႕ရခဲ့သည္။ မူလတန္းျပဆရာမဘဝျဖစ္ၿပီး မၾကာမီ ဆရာမေလး အိမ္ေထာင္က်ခဲ့သည္။ ဆရာမေလး အမ်ိဳးသားမွာ မီးရထားဝန္ထမ္း ျဖစ္တာမို႔ အစိုးရဝန္ထမ္းဘဝထားရာေန ေစရာသြားရတာ ေၾကာင့္ အိမ္ေထာင္က်ေသာ္ လည္း မိသားစုအတူတူမေနရ။ေနာက္ၿပီး ဆရာမေလးကလည္း ႏို႔ညႇာသမီး၊ မိဘခင္တြယ္သူမို႔ အမ်ိဳးသားႏွင့္လည္း လိုက္မေနႏိုင္။ ထို႔ေၾကာင့္ အမရပူရက မူလတန္း ေက်ာင္းေလးေတြမွာတင္ လွည့္လည္ တာဝန္ထမ္းေဆာင္ ရင္း မိဘနဲ႔အတူေနထိုင္ခဲ့သည္။ ဇနီးေမာင္ႏွံ ႏွစ္ေယာက္စလုံး အစိုးရဝန္ထမ္းေတြမို႔ ကိုယ္ရွာတာ ကိုယ္ေလာက္င႐ုံ သုံးႏိုင္ခဲ့ေသာ္လည္း သားကေလးတစ္ေယာက္ ရလာခ်ိန္မွာေတာ့ ရတဲ့ဝင္ေငြျဖင့္ မလုံေလာက္ေတာ့။ သည္ၾကားထဲ အတူေန ဆရာမေလး၏ မိဘမ်ားကလည္း အဆင္ေျပလွသည္ မဟုတ္တာေၾကာင့္ ဆရာမေလးမွာ အပိုဝင္ေငြရ ေအာင္ ႀကံေဆာင္ရေတာ့သည္။ ထို႔အတြက္ ဆရာမေလးမွာ စေန၊ တနဂၤေႏြ ေက်ာင္းပိတ္ရက္ ဆိုလွ်င္ ဆီးေပါင္း၊ ကုလားပဲေခြႏွင့္ မုန႔္မ်ိဳးစုံတို႔ကို စက္ဘီးေလးတစ္စီးေပၚ ေတာင္းႀကီး၊ ေတာင္းငယ္ အသြယ္သြယ္ျဖင့္ တင္ေဆာင္ကာ ဆိုင္ေတြဆီ မုန႔္လိုက္ပို႔ေလသည္။



ႏုႏုငယ္ငယ္ ဆရာမေလးတစ္ေယာက္ျဖစ္ေသာ္လည္း ရွက္ရ ေၾကာက္ရေကာင္းမွန္းလည္းမသိ။ ဆိုင္တကာလွည့္ကာ ငါဆရာမဆိုသည့္ မာန္မာနလည္း မရွိဘဲ ေဈးလိုက္ေရာင္းသည္။ ရွက္႐ြံ႕စိတ္ေတာ့ မရွိခဲ့ေသာ္လည္း တစ္ခါကေတာ့ ကိုယ့္ဘဝကိုယ္ အားငယ္ခဲ့ရသည့္ရက္ေတြ ဆရာမေလး ျဖတ္သန္းခဲ့ရဖူးသည္။ မိုးေတြက႐ြာ၊ မုန႔္ေတြလည္း မိုးေတြစို႐ႊဲၿပီး စက္ဘီးႀကီးျဖင့္ ေျမာင္းထဲျပဳတ္က်တုန္းက ျဖစ္သည္။ ကိုယ့္ဘဝကိုယ္ အားငယ္စြာ ဝမ္းနည္းခဲ့ရသည္။ သို႔ေသာ္ ကိုယ့္မိသားစု စားဝတ္ေနေရးအတြက္ လုပ္သင့္လုပ္ထိုက္တာ လုပ္တာပဲဟု ကိုယ့္ကိုယ္ကိုယ္ ျပန္ အားေပးကာ ျပန္ထခဲ့သည္။ မုန႔္ပို႔ရသည့္အလုပ္က တစ္ ပတ္မွႏွစ္ရက္ပဲ လုပ္ရသည္မို႔ ေငြ က ေျပာေလာက္ေအာင္မဝင္။ ထို႔ အတြက္ ဘာလုပ္ရင္ေကာင္းမည္ ဆိုတာကို မိဘေတြႏွင့္ တိုင္ပင္ၾက သည္။ မိခင္ျဖစ္သူက မုန႔္မ်ိဳးစုံ လုပ္ေရာင္းလာခဲ့သည့္ ေဈးသည္ မို႔ ေနာက္ဆုံး ကိုယ့္အိမ္ေရွ႕တင္ အေၾကာ္ေၾကာ္ေရာင္းရန္ သားအ မိႏွစ္ေယာက္ စဥ္းစားသည္။ ဆရာမေလးက ေကာင္းေကာင္းမေၾကာ္တတ္ေသးေပသိ မိခင္က ေၾကာ္တတ္ၿပီးသားမို႔ စိတ္ပူရန္မလို။ ဖခင္ႏွင့္ သမီးျဖစ္သူရယ္၊ တျခား ေမာင္ႏွမေတြရယ္ ဝိုင္းကူၾကမည္ ဟုဆိုကာ အိမ္ေရွ႕မွာ အေၾကာ္ဖိုတဲေလး ထိုးလိုက္ၾကသည္။ မနက္ ၂ နာရီထိုးလွ်င္ ဆရာမေလး အိပ္ရာကေနထရပါသည္။မိခင္ႏွင့္အတူ ပဲကူေဆးေပးရ သည္။ ပဲေထာင္းရသည္။ မီးေမႊး ေပးရသည္။ အေၾကာ္ကူေၾကာ္ေပး ရသည္။ လက္ကားမွာသည့္ ဆိုင္ ေတြ လိုက္ပို႔ရသည္။ ဆရာမေလး တို႔ အေၾကာ္မွာ ခ်င္း၊ ၾကက္သြန္ ျဖဴ၊ ပဲ ထည့္ရမည့္ အခ်ိဳးအစားအ တိုင္း မၿခိဳးမၿခံအကုန္ထည့္သျဖင့္ စား၍လည္း ေကာင္းလွသည္။ ေဈးကလည္း တျခားအေၾကာ္ဆိုင္ ေတြထက္ပင္ သက္သာေနျပန္ သည္။ ထို႔ေၾကာင့္ စားေကာင္းေဈး ခ်ိဳ ဆရာမေလးတို႔ အေၾကာ္ဆိုင္ ေလးကို ဝယ္ယူစားသုံးသူေတြမ်ားမ်ားလာသည္။ မနက္ ၇ နာရီခြဲ ၈ နာရီဆို လွ်င္ေတာ့ အေၾကာ္ေတြလည္း ကုန္၊ အေၾကာ္ဆိုင္မီးလည္း ၿငိမ္း ၿပီမို႔ ဆရာမေလး ေက်ာင္းသြားဖို႔ ေရမိုးခ်ိဳးအဝတ္အစားလဲရသည္။ မနက္စာ ခပ္ျမန္ျမန္စား၊ ထမင္း ထုပ္ ခပ္သြက္သြက္ထုပ္ကာ ေက်ာင္းခ်ိန္အမီ အေျပးအလႊား သြားရသည္။ ဆရာမေလးအေနျဖင့္ ေနာက္က်တာမ်ိဳး မျဖစ္ခ်င္။ ျဖစ္လည္းမျဖစ္ခဲ့။ ေက်ာင္းေရာက္ လွ်င္ေတာ့ ပင္ပန္းလြန္း၍ စာသင္ ခ်ိန္ေလး တစ္ခ်ိန္တေလ လြတ္ လွ်င္ ဆရာမေလးမွာ ႐ုတ္တရက္ ငိုက္မိတာမ်ိဳးေတြ ရွိသည္။ သို႔ေသာ္ ဆရာႏွင့္စာလွ်င္ ေက်ာင္း သားဦးေရကမ်ားေန၍ တစ္တန္း ၿပီးတစ္တန္း တစ္ခန္းၿပီးတစ္ခန္း စာသင္ရသည္မို႔ အိပ္ခ်င္စိတ္လည္း ေဖ်ာက္ခနဲဆိုေပ်ာက္။ညေန ေက်ာင္းျပန္လွ်င္ လည္း ေနာက္တစ္ေန႔အတြက္ အေၾကာ္ေၾကာ္ရန္ ေဈးဝယ္ရသည္။ ပဲေတြ ဘာေတြ ႀကိဳေထာင္းရ သည္။ မနက္အတြက္ ျပင္ဆင္ၿပီးလွ်င္ စားေသာက္ၿပီး ခပ္ေစာေစာပင္ အိပ္ရာဝင္ရသည္။ ဒါမွ မနက္ေစာေစာ ထႏိုင္မည္မဟုတ္လား။ထိုသို႔ မနက္ခင္းအေစာ မိခင္ႏွင့္အတူ အေၾကာ္ေရာင္းလိုက္၊ေန႔ခင္း ေက်ာင္းဆရာမတာဝန္ထမ္းေဆာင္လိုက္ျဖင့္ အားခ်ိန္၊နားခ်ိန္ပင္မရခဲ့သည့္ ဆရာမေလးတစ္ေယာက္ ပို၍ႀကီးေလးသည့္ တာဝန္ေတြထမ္းေဆာင္ရဖို႔ အေၾကာင္းဖန္လာခဲ့သည္။သားတစ္ေယာက္၊ သမီးတစ္ေယာက္ရၿပီးခ်ိန္ မိခင္၊ ဖခင္ႏွင့္ အမ်ိဳးသားျဖစ္သူ မီးရထားဝန္ထမ္းတို႔မွာ တစ္ေယာက္ၿပီး တစ္ေယာက္ ကြယ္လြန္ခဲ့၍ ျဖစ္ေလသည္။ကေလးေတြလည္း အတန္း ႀကီးေတြေရာက္လာခ်ိန္ ေငြကုန္ ေၾကးက်လည္း ပို၍ပို၍သာ မ်ားလာခဲ့သည္။ယခင္က မိခင္ႏွင့္အတူ အေၾကာ္ေၾကာ္ခဲ့ရေသာ္လည္း မိခင္ႀကီးမရွိေတာ့သည့္ ေနာက္ပိုင္းမွာေတာ့ ကိုယ္ကိုယ္တိုင္ ဦး ေဆာင္ကာ ေက်ာင္းတာဝန္တစ္ဖက္ျဖင့္ အေၾကာ္သည္ ေက်ာင္းဆရာမဘဝကို ဆက္လက္ ေလွ်ာက္လွမ္းခဲ့ရသည္။မူလတန္းေက်ာင္းအုပ္ဆရာမႀကီးအျဖစ္ ရာထူးတိုးေတာ့ ဝိုင္းကူေပးၾကသည့္ ေမာင္ႏွမေတြက အေၾကာ္ေရာင္းတဲ့အလုပ္ နားဖို႔ေျပာၾကသည္။

ဆရာမေလး မဟုတ္ေတာ့သည့္ ဆရာမႀကီးကေတာ့ နားဖို႔ကိုလက္မခံ။သားႀကီးမွာလည္း ႏိုင္ငံ့ဝန္ထမ္းတကၠသိုလ္ တစ္ခု တက္ေရာက္ခဲ့သည္မို႔ သူ လိုအပ္သည့္ စားစရာ၊ ေသာက္စရာ အေျခာက္အျခမ္းကေလးေတြ ေၾကာ္ေလွာ္ခ်က္ျပဳတ္ကာ ပို႔ခ်င္ သည္။ ေငြသားေငြစ မုန႔္ဖိုးကေလး ေတြ မွန္မွန္ေပးခ်င္သည္။ သမီးငယ္မွာလည္း အတန္းႀကီးျဖစ္လာၿပီမို႔ ေက်ာင္းစရိတ္ လိုအပ္တာေတြ လုပ္ေပးခ်င္သည္။ထို႔အတြက္ ဆရာမႀကီး အေၾကာ္သည္ဘဝကို ျပည္ဖုံးကားမခ်ႏိုင္ခဲ့။တစ္ဖက္မွာ အိမ္ေထာင့္တာဝန္ ေက်ပြန္ခဲ့သလိုတစ္ဖက္က ကိုယ္ဝါသနာပါ၍ ေ႐ြးခ်ယ္ခဲ့သည့္ ေက်ာင္းဆရာမအလုပ္ကိုလည္း တာဝန္ေက်တာထက္ပင္ပိုေအာင္ ဆရာမႀကီး လုပ္ေဆာင္ခဲ့သည္။သူတာဝန္က်ခဲ့သည့္ ေက်ာင္းေတြ မွာ ကေလးေတြကို က်ဴရွင္ ဘယ္ေတာ့မွမဖြင့္။အခမဲ့အခ်ိန္ပိုသာ ေခၚသင္ေပးသည္။မိဘေတြကိုလည္း ကေလးေတြကို က်ဴရွင္မထားခိုင္းဘဲ ေက်ာင္းမွန္မွန္သာပို႔ပါ၊ မွန္မွန္ပို႔ရင္ လုံေလာက္သည္၊က်ဴရွင္ယူရန္မလိုဟု တိုက္တြန္းခဲ့သည္။

ဆရာမႀကီးအေနျဖင့္ က်ဴရွင္အပိုေခၚကာ ကေလးေတြဆီက အခေၾကးေငြယူရန္လည္း စိတ္မဝင္စားခဲ့။သူ႔တြင္က်ဴရွင္သင္တာထက္ပင္ ပိုရသည့္ အေၾကာ္ဆိုင္တစ္ဆိုင္ရွိေန၍ ျဖစ္ေလသည္။ကိုယ္တိုင္က က်ဴရွင္မသင္ေသာ္လည္း အေျခအေနအရ က်ဴရွင္သင္ျပရသည့္ ဆရာေတြအေပၚ ေဝဖန္ၾကတာမ်ိဳးဆိုလွ်င္ေတာ့ ကိုယ္လည္း ဆရာမေပမို႔ စိတ္မေကာင္းျဖစ္ခဲ့ရသည္။ကိုယ္မသိမျမင္ႏိုင္သည့္ ဘဝေတြက အမ်ားႀကီး မဟုတ္လား။ကတၱီပါ႐ြာမူလတန္းေက်ာင္းမွာ ေက်ာင္းအုပ္ျဖစ္ေတာ့ ေက်ာင္းအေဆာက္အအုံကအစ ေကာင္းေကာင္းမြန္မြန္ျဖစ္လာဖို႔ ဆရာမႀကီး ႀကံေဆာင္သည္။ ေက်ာင္းခ်ိန္ ျပင္ပေရာက္ ကေလးေတြဆီ ဆိုင္ကယ္တစ္စီးျဖင့္ လယ္ထဲ၊ယာထဲအထိ လိုက္ေမာင္းကာေခၚယူသည္။ မိဘေတြကိုလည္း ေဖ်ာင္းဖ်ရသည္။ ေတာ္တို႔ကေလး အိမ္မွာထားတာႏွင့္ ေက်ာင္းမွာထားတာ ဘယ္ဟာလုံၿခဳံသနည္းဟု ေျခာက္ကာေမးရသည္။ကေလး ထိန္းရမွာမို႔ ေက်ာင္းမတက္ႏိုင္ဘူး အေၾကာင္းျပလွ်င္လည္း ထိန္းရမည့္ ကေလး ကိုပါ ေက်ာင္းေခၚလာခိုင္းသည္။ထိုသို႔ျဖင့္ ဆရာမႀကီး၏ မူလတန္းေက်ာင္းကေလးမွာ ေက်ာင္းသားဦးေရက တျဖည္းျဖည္းတိုး၍တိုး၍ လာခဲ့သည္။႐ြာကလည္း ဆရာမႀကီးဆို ခ်စ္မွခ်စ္၊ ႐ြာတင္မက ဆရာမအခ်င္းခ်င္းကလည္း ဆရာမႀကီးအေပၚေမတၱာရွိၾကသည္။အထက္ ေအာက္ဆက္ဆံေရးမ်ိဳးမဟုတ္ဘဲ ညီအစ္မတစ္ေတြလို ေပါင္းသင္း ေျပာဆိုၾကတာမို႔ ဒီေက်ာင္းေလး မွာ ဆရာမေတြေပ်ာ္ၾကေလသည္။သားႀကီး တကၠသိုလ္တစ္ခုကေန ေက်ာင္းဆင္းၿပီး ႏိုင္ငံ့အစြန္အဖ်ား တာဝန္ထမ္းေဆာင္ရေတာ့လည္း သုံးဖို႔စြဲဖို႔ အေၾကာ္သည္ဆရာမႀကီးက လွမ္းပို႔ျဖစ္သည္။ ယခုေတာ့ သားႀကီးလည္း အရာရွိျဖစ္ကာ သူ႔လစာႏွင့္သူျဖစ္ေနၿပီ ဆိုေတာ့ သိပ္ပို႔စရာမလိုေတာ့။



သမီးငယ္မွာလည္းျမန္မာစာဂုဏ္ ထူးတန္းေက်ာင္းသူ ျဖစ္လာ ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ဆရာမႀကီး အိမ္ေရွ႕က အေၾကာ္ဖိုမီး အၿပီးတိုင္မျငႇိမ္းႏိုင္ေသး။ အဘယ့္ေၾကာင့္နည္း။ ေက်ာင္းဆရာမအလုပ္တစ္ဖက္ျဖင့္ အေၾကာ္သည္ဘဝ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာခဲ့ရသည့္ ဆရာမႀကီးမွာ ေမာပန္းႏြမ္းနယ္မႈေတြ မရွိဘူးမဟုတ္ ရွိေနပါသည္။ သို႔ေသာ္ အေၾကာ္ေရာင္းရသည့္ ဝင္ေငြကေလးျဖင့္ သူခ်စ္ရသည့္ သားသမီးေတြ ပညာတတ္ႀကီးျဖစ္ေအာင္ ေထာက္ပံ့ႏိုင္ခဲ့သည္။ေက်ာင္းအုပ္ဆရာမတစ္ေယာက္မွာရွိသည့္ လူမႈပတ္ဝန္း က်င္အသိုင္းအဝိုင္းၾကားမွာ မ်က္ႏွာမငယ္ရေအာင္ သာေရး၊ နာေရး၊ လူမႈေရးကိစၥေတြလိုက္ႏိုင္ခဲ့သည္။ ထို႔အတြက္ အေၾကာ္သည္ဘဝကို လြယ္လြယ္ႏွင့္ စြန႔္လႊတ္၍မျဖစ္ေသး။ တစ္ခုေတာ့ ေမွ်ာ္လင့္ခ်က္ရွိသည္။ေက်ာင္းဆရာမလစာတိုးလာခဲ့လွ်င္ႏွင့္ ကေလးေတြအတြက္ ေနာက္ဆံမတင္းရေတာ့သည့္အခ်ိန္ ေရာက္လာခဲ့လွ်င္ေတာ့ ဆရာမႀကီးအေၾကာ္သည္ဘဝ တစ္ခန္းရပ္လိုက္ခ်င္ေလသည္။ အသက္ကလည္း တျဖည္းျဖည္းႀကီးလာခဲ့ၿပီမို႔ ေနာက္ဆိုအခုလို ပင္ပင္ပန္းပန္း လုပ္ႏိုင္ဖို႔ သိပ္မလြယ္ႏိုင္ေတာ့။အေၾကာ္သည္တစ္ေယာက္ဘဝကို ဂုဏ္ငယ္သည္ဟုေတာ့ ဆရာမႀကီး ဘယ္ေတာ့မွမထင္။ ကိုယ္ဝါသနာပါသည့္ ေက်ာင္းဆရာမအလုပ္ကိုလုပ္ရင္း တစ္ဖက္က ကိုယ့္မိသားစု ဝမ္းစာေရးအတြက္ ႐ိုးသားစြာအေၾကာ္ေၾကာ္ ေရာင္းရသည္ကို ဆရာမႀကီး မရွက္ခဲ့ပါ။ဆရာမႀကီးတင္မဟုတ္။ ဆရာမႀကီး သားႏွင့္သမီးကလည္း တကယ့္မေအတူ တစ္စိတ္တည္း။ မနက္ခင္းဆိုလွ်င္ ဆရာမႀကီးက အေၾကာ္ေၾကာ္ရင္း သမီးျဖစ္သူ ဂုဏ္ထူးတန္းေက်ာင္းသူကလည္း အေၾကာ္ဝင္ကူ ေရာင္းေပးသည္။ဆိုင္ေတြလိုက္ပို႔သည္။ ရံဖန္ရံခါ အလည္အပတ္ ျပန္လာသည့္ အရာရွိသားႀကီးကလည္း မိခင္အေၾကာ္တဲထဲဝင္ကာ အေၾကာ္ဆယ္ေပး ကူေရာင္းေပးၾကေလ သည္။မနက္ ၈ နာရီေက်ာ္လွ်င္ေတာ့ ဆရာမႀကီးအေၾကာ္စုံ စား ရဖို႔ မလြယ္ေတာ့ပါ။ နံနက္အလင္းေရာင္ မရခင္အခ်ိန္ကတည္းက တဖြဲဖြဲလာဝယ္ခဲ့ၾကသည္မို႔ ေနလည္းေကာင္းေကာင္းထြက္ခ်ိန္ မွာေတာ့ ဆရာမအေၾကာ္ဆိုင္ ေလးလည္း အေၾကာ္ေတြကုန္၊ ဆိုင္လည္းသိမ္းပါေလၿပီ။ ဆရာမႀကီးကလည္း ေက်ာင္းအျဖဴ၊ အစိမ္းဝတ္စုံေလးကို ေၾကာ့ေနေအာင္ဝတ္၊ သနပ္ခါးအေဖြးသားျဖင့္ တာဝန္က်ရာကတၱီပါ႐ြာမူလတန္းေက်ာင္းေလးဆီသြားဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ အမ်ားတကာ အိပ္ေကာင္းခ်ိန္ မနက္ ၂ နာရီေလာက္ကတည္းက ဆက္တိုက္အလုပ္လုပ္ခဲ့ရေသာ္လည္း ဆရာမႀကီးမွာ ပင္ပန္းႏြမ္းနယ္ဟန္မျပ။မ်က္ႏွာမွာ အၿပဳံးပန္းတစ္ပြင့္ဆင္လ်က္ အေၾကာ္ဆိုင္ေလးကို ေခတၱထားခဲ့ကာ မူလတန္းေက်ာင္းေလးဆီ ေပ်ာ္ေပ်ာ္ႀကီး ခ်ီတက္သြားပါေလေတာ့သည္။

Credit:7 days

Post a Comment

Previous Post Next Post