(Zawgyi)

ဒီကေန႔ ၾသဂုတ္လ (၈) ရက္ေန႔ကေတာ့ မင္းသားေခ်ာ ျမင့္ျမတ္ရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က သူ႔ရဲ႕ေမြးေန႔မွာ သူငယ္ခ်င္းယုန္ေလးရဲ႕ ကိစၥေတြကို လိုက္လံပါဝင္ၿပီး ကူညီေပးေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ ယုန္ေလးကာ သူ႔ကိုအြန္လိုင္းကေန ေဝဖန္ေျပာဆိုၾကသူေတြကို ႐ုပ္ရွင္အစည္းအ႐ုံးမွာ ခ်ိန္းဆိုေစာင့္ဆိုင္းေနခဲ့ၿပီး ျမင့္ျမတ္ကလည္း သူ႔ရဲ႕ သူငယ္ခ်င္း ျပႆနာအႀကီးအက်ယ္မတက္ရေအာင္ အေနာက္ကေန လိုက္လံၿပီး ေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္နဲ႔အတူတူ သားညီ၊ မိုးမိုး၊ မိုးယံဇြန္၊ ညီနႏၵ၊ ထူးျခားစတဲ့ အႏုပညာရွင္ေတြကလည္း ယုန္ေလးဘက္ကေန ရပ္တည္ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။



ကိစၥေတြအားလုံးကို အေျခအေနၿငိမ္သက္သြားခဲ့ၿပီးတဲ့ေနာက္ ယုန္ေလး၊ မိုးမိုး၊ မိုးယံဇြန္၊ ညီနႏၵ၊ ထူးျခား၊ သားညီနဲ႔ ကိုေပါက္တို႔ အားလုံးက ျမင့္ျမတ္ရဲ႕ ေမြးေန႔ပြဲေလးကို ဆက္လက္ၿပီး က်င္းပေပးခဲ့တာ ျဖစ္ပါတယ္။ ျမင့္ျမတ္အေနနဲ႔လည္း ယုန္ေလး စိတ္ေျပာင္းစိတ္လြဲျဖစ္ေအာင္ သူ႔ရဲ႕ ေမြးေန႔ေလးကို ေခၚလာၿပီး သူငယ္ခ်င္းေတြအားလုံးနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနလ်က္ရွိတာကို ေတြ႕ရပါတယ္။



ျမင့္ျမတ္၊သားညီ၊ မိုးမိုး၊ မိုးယံဇြန္၊ ညီနႏၵ၊ ထူးျခားစတဲ့ အႏုပညာရွင္ေတြကေတာ့ သူငယ္ခ်င္းဆိုတဲ့ စိတ္တစ္ခုတည္းနဲ႔ ယုန္ေလးဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ရဲ႕ သူ႔ရဲ႕ေမြးေန႔ညေလးမွာ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္႐ႊင္ေနမယ္လို႔ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။



Bilie – Cele Connections


(Unicode)

ဒီကနေ့ သြဂုတ်လ (၈) ရက်နေ့ကတော့ မင်းသားချော မြင့်မြတ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်က သူ့ရဲ့မွေးနေ့မှာ သူငယ်ချင်းယုန်လေးရဲ့ ကိစ္စတွေကို လိုက်လံပါဝင်ပြီး ကူညီပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ယုန်လေးကာ သူ့ကိုအွန်လိုင်းကနေ ဝေဖန်ပြောဆိုကြသူတွေကို ရုပ်ရှင်အစည်းအရုံးမှာ ချိန်းဆိုစောင့်ဆိုင်းနေခဲ့ပြီး မြင့်မြတ်ကလည်း သူ့ရဲ့ သူငယ်ချင်း ပြဿနာအကြီးအကျယ်မတက်ရအောင် အနောက်ကနေ လိုက်လံပြီး စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့အတူတူ သားညီ၊ မိုးမိုး၊ မိုးယံဇွန်၊ ညီနန္ဒ၊ ထူးခြားစတဲ့ အနုပညာရှင်တွေကလည်း ယုန်လေးဘက်ကနေ ရပ်တည်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။



ကိစ္စတွေအားလုံးကို အခြေအနေငြိမ်သက်သွားခဲ့ပြီးတဲ့နောက် ယုန်လေး၊ မိုးမိုး၊ မိုးယံဇွန်၊ ညီနန္ဒ၊ ထူးခြား၊ သားညီနဲ့ ကိုပေါက်တို့ အားလုံးက မြင့်မြတ်ရဲ့ မွေးနေ့ပွဲလေးကို ဆက်လက်ပြီး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်အနေနဲ့လည်း ယုန်လေး စိတ်ပြောင်းစိတ်လွဲဖြစ်အောင် သူ့ရဲ့ မွေးနေ့လေးကို ခေါ်လာပြီး သူငယ်ချင်းတွေအားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေလျက်ရှိတာကို တွေ့ရပါတယ်။



မြင့်မြတ်၊သားညီ၊ မိုးမိုး၊ မိုးယံဇွန်၊ ညီနန္ဒ၊ ထူးခြားစတဲ့ အနုပညာရှင်တွေကတော့ သူငယ်ချင်းဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ယုန်လေးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ သူ့ရဲ့မွေးနေ့ညလေးမှာ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေမယ်လို့မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



Bilie – Cele Connections

Post a Comment

Previous Post Next Post